ကိုဗစ်ကာကွယ်ဆေး မရရင် သေဆုံးသူ ၂ သန်းကျော်နိုင်ကြောင်း WHO သတိပေး…
အစွမ်းထက်တဲ့ ကာကွယ်ဆေး မရခဲ့ရင် ကမ္ဘာတဝန်းလုံးမှာ COVID-19 ရောဂါနဲ့ သေဆုံးသူဟာ ၂ သန်းကျော်တဲ့အထိ များလာနိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရေးပေါ်ဌာန အကြီးအကဲ ဒေါက်တာ မိုက် ရိုင်ယဲန်က သတိပေးလိုက်ပါတယ်။

COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွါးနေတာကို အမြစ်ဖြတ်နိုင်တဲ့ အစီအစဉ်တွေကို တနိုင်ငံချင်းအနေနဲ့ စနစ်တကျ ချမှတ်တာ၊ လိုက်နာဆောင်ရွက်တာတွေ မရှိဘူးဆိုရင် ကူးစက်မှုအရေအတွက် ဆပွားတိုးလာဖွယ်ရှိကြောင်း သူက ပြောတာပါ။
ဥရောပနိုင်ငံတွေဘက်မှာ ကူးစက်နှုန်း အသစ်တဖန် မြင့်တက်လာနေတာကြောင့် တချို့မြို့ရွာတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အသွားအလာ ကန့်သတ်မှုတွေ ပြန်လုပ်နေရချိန်မှာ သူက အခုလို အရေးတကြီး သတိပေးခဲ့တာပါ။
ဒတ်ချ်ဝန်ကြီးချုပ်ကလည်း နေ့စဉ် ၃,၀၀၀ နီးပါး ကူးစက်နေတဲ့အပေါ် အလွန်အမင်း စိုးရိမ်ကြောင်း ပြောခဲ့သလို ချက်သမ္မတနိုင်ငံမှာလည်း ရှေ့သီတင်းပတ်ကစပြီး ကန့်သတ်ပိတ်ဆို့မှု အသစ်တွေကို ပြန်စမယ်လို့ ပြောပါတယ်။
စပိန်ကျန်းမာရေးဝန်ကြီးကလည်း မြို့တော် မက်ဒရစ်တမြို့လုံးနဲ့ မြို့သူမြို့သား ၃.၃ သန်းကျော်ကို အသွားအလာ ကန့်သတ်ထားလိုကြောင်း သောကြာနေ့က ပြောပါတယ်။
ဥရောပဘက်မှာ အခုလို ကန့်သတ်ထိန်းချုပ်မှုတွေ ပြန်စနေချိန်မှာ အမေရိကန် ပြည်နယ်တချို့မှာ အဆင့် ၃ ကန့်သတ်ပိတ်ဆို့မှုတွေ ပြန်ဖြေလျော့ပေးဖို့ သောကြာနေ့က ကြေညာပါတယ်။
ဖလော်ရီဒါပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေဆဲဖြစ်ပေမယ့်လည်း ကန့်သတ်ဖြေလျော့မှုအဆင့် ၃ မှာ အတိုင်းအတာနဲ့ ကန့်သတ်ချက်တွေ၊ အရက်ဆိုင်တွေ၊ ကပွဲရုံတွေနဲ့ စားသောက်ဆိုင်တွေ ပါဝင်ကြောင်း အုပ်ချုပ်ရေးမှူးက ကြေညာပါတယ်။
အခုလက်ရှိ တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သန်းနဲ့ ကူးစက်ခံရသူ ၃၂ သန်းခွဲ ရှိထားပြီးဖြစ်ကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
COVID-19 ကူးစက်ခံရမှု အများဆုံးနိုင်ငံတွေကို အစဉ်လိုက်ပြောရရင် အမေရိကန်မှာ ၇ သန်း၊ အိန္ဒိယက ၆ သန်း၊ ဘရာဇီးလ်က ၄.၆ သန်းကျော်နဲ့ တတိယဖြစ်ကြောင်း Johns Hopkins ရဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။
အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….