Latest Breaking News & Headlines

ရုရှားက ဒုတိယမြောက်ကာကွယ်ဆေးကို အောက်တိုဘာလ ၁၅ ရက်တွင် ခွင့်ပြုပေးမည်…

165

ရုရှားက ဒုတိယမြောက် COVID-19 ကာကွယ်ဆေးကို သိပ်မကြာခင်မှာ ခွင့်ပြုပေးသွားမယ်လို့ စက်တင်ဘာလ ၂၃ ရက်မှာ ရုရှားသမ္မတဗလာဒီမာပူတင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အထက်လွှတ်တော်အမတ်တွေကိုစကားပြောရင်း သမ္မတပူတင်က ဒုတိယမြောက်ကာကွယ်ဆေးကို ခွင့်ပြုပေးသွားဖို့ရှိတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ ၂၂ ရက်မှာတော့ ရုရှားကျန်းမာရေးစောင့်ကြည့်မှုအဖွဲ့က Vector သုတေသနစင်တာကထုတ်လုပ်ထားတဲ့ EpiVacCorona အမည်ရှိတဲ့ကာကွယ်ဆေးဟာ အောက်တိုဘာလ ၁၅ ရက်မှာ ခွင့်ပြုချက်ရဖို့ရှိတယ်လို့ ဆိုထားပါတယ်။ သမ္မတပူတင်က ရုရှားနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ COVID-19 ကို ထိထိရောက်ရောက်ဟန့်တားဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ဆိုခဲ့ပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့သြဂုတ်လမှာ COVID-19 ကာကွယ်ဆေးကိုမှတ်ပုံတင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ Johns Hopkins University ရဲ့အချက်အလက်တွေအရ အမေရိကန်၊ အိန္ဒိယနဲ့ ဘရာဇီးပြီးရင် ရုရှားနိုင်ငံဟာ ရောဂါကူးစက်ခံရသူအများဆုံးဖြစ်ပြီးတော့ ရောဂါကူးစက်ခံရသူ ၁၁၂၃၉၇၆ ဦးနဲ့ သေဆုံးသူ ၁၉၈၆၇ ဦးရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!