Latest Breaking News & Headlines

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် နည်းပညာအသုံးပြု၍ စီရင်ချက်အမိန့်များချမှတ်…

138

ကိုဗစ်-၁၉ ရောဂါ တားဆီး ကာကွယ် ထိန်းချုပ် ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်တရားသူ ကြီးများ၏ စီရင်ချက်အမိန့် ချမှတ်ခြင်း များကို ယနေ့နံနက်ပိုင်းမှစ၍ ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော် ရုံးခန်း အမှတ်(၁)တွင် Zoom Appli-cation အသုံးပြု၍ ဆောင်ရွက်ခဲ့ သည်။ ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်၏ စက်တင်ဘာ ၁၀ ရက် ကြေညာချက်အရ စက်တင်ဘာ ၁၀ ရက် မွန်းတည့် ၁၂ နာရီမှ စက်တင်ဘာ ၂၃ ရက်အထိ ကြားနာရန်နှင့် ကြားနာပြီး အမိန့်ချမှတ်ရန် ချိန်းဆိုထားသော ပြစ်မှုဆိုင်ရာအမှုများ၊ တရားမဆိုင်ရာ အမှုများကို ရွှေ့ဆိုင်းခဲ့ကြောင်း သိရ သည်။

ထိုသို့ကြေညာချက်တွင် စက်တင် ဘာ ၂၃ ရက်အထိသာ ကြေညာထား သဖြင့် ယနေ့တွင် စီရင်ချက်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကြားနာရန်အမှုများကိုမူ ဆက်လက် ရွှေ့ဆိုင်းချိန်းဆိုထားကြောင်း သိရ သည်။ ယနေ့တွင် တရားလွှတ်တော် တရားသူကြီး တရားခွင်ခြောက်ခုမှ ပြစ်မှုဆိုင်ရာ၊ တရားမဆိုင်ရာ၊ အယူခံ ပြင်ဆင်မှုများ အမှုပေါင်း ၇၈ မှုကို အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်တွင် နည်းပညာအသုံးပြု၍ စီရင်ချက်အမိန့် ချမှတ်ခြင်းများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးကျော်စွာငြိမ်းက “ပုံမှန်အတိုင်းဆိုရင်တော့ တရားရုံး အသီးသီးမှာ အမိန့်ချတယ်ဆိုရင် နှစ်ဖက်ရှေ့နေတွေ၊ နှစ်ဖက်အမှုသည် တွေ လာကြရပါတယ်။ အခုလို ကိုဗစ်-၁၉ ဖြစ်နေတဲ့အခါကျတော့ မလာနိုင် ကြဘူး။

ကျွန်တော်တို့ကလည်း အမိန့် ချမှတ်ရန်ရှိသည်လို့ ကြေညာထားပြီး သွားပြီ။ အဲဒီတော့ အများပြည်သူအနေနဲ့ ငါတို့မျက်ကွယ်မှာ ငါတို့မသိဘဲနဲ့ အမိန့် ချတယ်ဆိုတာမျိုးမဖြစ်အောင် အခုလို စီစဉ်လိုက်တာပါ” ဟု ပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်အနေဖြင့် Zoom Applica-tion အသုံးပြု၍ စီရင်ချက်အမိန့်များ ချမှတ်ရာတွင် နည်းပညာပိုင်းဆိုင်ရာ အဆင်ပြေမှုများ ရရှိခဲ့သဖြင့် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့စဉ်ကာလအတွင်း အဆိုပါနည်းပညာကို ဆက်လက်အသုံး ပြု ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။ နည်းပညာပိုင်းဆိုင်ရာ စတင် အသုံးပြုစဉ်ကာလ ဖြစ်သည့်အတွက် အချို့ရှေ့နေနှင့် နှစ်ဖက်အမှုသည် အနည်းငယ်လာရောက်ခဲ့ကြောင်း သိရ သည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!