Latest Breaking News & Headlines

အိန္ဒိယမှာ ကိုဗစ်ကူးစက်သူထက် ပျောက်ကင်းသူ ပိုတိုးလာ…

193

အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်သူ ၈၆,၀၀၀ ကျော်ရှိပြီး ကူးစက်သူ ၅.၈ သန်းကျော်သွားပြီဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် သေဆုံးသူ ၁,၁၄၁ ယောက်ရှိတာကြောင့် သေဆုံးသူ စုစုပေါင်းက ၉၂,၂၉၀ ရှိပြီလို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံဟာ လာမယ့်သီတင်းပတ်တွေအတွင်း အမေရိကန်နိုင်ငံကို ကျော်ပြီး ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးနိုင်ငံဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမဲ့ နေ့စဉ်ကူးစက်မှုနှုန်းက ဆက်ပြီးတော့ ကျဆင်းနေပြီး အခုတပတ်အတွင်း နေ့စဉ်ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ထက် ရောဂါသက်သာပျောက်ကင်းလာသူ အရေအတွက်က ပိုများလာနေတယ်လို့ ပြောပါတယ်။

ဒီနေ့မှာ ဗိုင်းရပ်စ်ပျောက်ကင်းသူ အရေအတွက်က ၈၇,၀၀၀ ကျော်ရှိတာကြောင့် ကူးစက်သူအရေအတွက်ထက် ပိုများခဲ့ပြီး စုစုပေါင်း နေပြန်ကောင်းလာသူ အရေအတွက် ၈၁.၅၅ ရာခိုင်နှုန်းကျော်ရှိတယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့ကနေ ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့အတွင်းမှာ နေပြန်ကောင်းသူ ၅၆၀,၀၀၀ ကျော်ရှိတယ်လို့လည်း ပြောပါတယ်။ အခုလောလောဆယ်မှာ ဗိုင်းရပ်စ်ပိုးရှိနေသူအရေအတွက် ၁,၀၀၀,၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှဘက်က အင်ဒိုနီးရှားနိုင်ငံမှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ်ကူးစက်သူ ၄,၈၂၃ ယောက်ထပ်မံတွေ့ရှိတာကြောင့် နေ့စဉ်ကူးစက်မှုနှုန်း စံချိန်တင်တာ ၃ ရက်ဆက်တိုက်ရှိသွားပြီဖြစ်ပါတယ်။ ဒါကြောင့် ကူးစက်ခံရသူ စုစုပေါင်း ၂၆၆,၈၄၅ ယောက်ရှိပြီး နောက်ထပ် သေဆုံးသူ ၁၁၃ ယောက်ရှိတာကြောင့် သေဆုံးသူလည်း ၁၀,၂၁၈ ရှိသွားပြီဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာတော့ ဒီနေ့မှာ နောက်ထပ်ကူးစက်သူ ၂,၆၃၀ နဲ့ သေဆုံးသူ ၆၉ ယောက်ရှိပါတယ်။ ဒါဟာ ၆ ရက်အတွင်းမှာ နေ့စဉ်သေဆုံးမှု အများဆုံးဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ ဗိုင်းရပ်စ်ကူးစက်သူ စုစုပေါင်း ၂၉၀,၀၀၀ ကျော်ရှိတာကြောင့် အရှေ့တောင်အာရှမှာတော့ ကူးစက်မှုအများဆုံးဖြစ်ပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!