Latest Breaking News & Headlines

ကိုဗစ် နှင့် အရက် ပြန်…

370

မြန်မာနိုင်ငံမှာ အခုရက်ပိုင်း အတွင်း ကို ဗစ်ပိုးတွေ့ လူနာ ၃၀၀၀ ကျော် ထိ ရှိသွားတာကြောင့် ကိုဗစ်ကူးစက်ခံရမှာကို စိုးရိမ်လာကြပြီး အိမ်ထဲမှာ အနေများတာ၊ အိမ်ပြင်ထွက်ရင် mask တပ်တာ၊ လက်ကိုဆပ်ပြာနဲ့ ဒါမှမဟုတ် အယ်လ်ကိုဟော ပါဝင်တဲ့ Hand gel နဲ့ ဆေးကြောတာ၊ မိမိ လက်ကိုင်ဖုန်းနဲ့ မိမိ လက် နဲ့ ထိတွေမိ တဲ့ မျက်နှာပြင် တွေကို အရက်ပြန်နဲ့ ပွတ် တို က်တာတွေ ကို ပြုလုပ် လာကြ ပါတယ်။
အရက်ပြန်ကို အသုံးပြုရင် သိထား သင့်တာလေးတွေ ကို ဖော်ပြပေး လိုက် ပါတယ်…

အရက်ပြန်က ပြင်းအားများ တိုင်း မကောင်းပါ

ပစ္စည်းတွေကို ပိုးမွှားသန့်စင်ဖို့ ၇၀% ဒါမှမဟုတ် ၉၉% isopropyl alcohol ပါဝင်တဲ့ အရက်ပြန်ကို ဝယ်ယူ အသုံးပြုကြတတ်ပါတယ်။အယ်လ်ကိုဟော ရာခိုင်နှုန်း မြင့်မားစွာ ပါဝင်တာ က ပိုပြီးထိရောက်မယ်လို့ ထင်မှတ်ထားကြပေမယ့် အမှန် တကယ်တော့ ရောဂါပိုးသတ်ဖို့အတွက် ၇၀% ပါဝင်တာက ပိုပြီးကောင်းမွန် တယ်လို့ သိရ ပါတယ်။ ရေရောထားတဲ့ အတွက် အယ်လ် ကိုဟောက ဖြည်းဖြည်းချင်း ပျော်ဝင် သွားကာ ဆဲလ်ထဲကို ထိုးဖောက်ဝင် ရောက်ပြီး ဘက်တီးရီးယား ကို သတ်ပစ်နိုင်တာကြောင့်ပါ။
သင် အသုံးပြုတဲ့ အရက်ပြန်က အယ်လ် ကိုဟော ပါဝင်နှုန်း ၈၀-၈၅ % ထက် ကျော်လွန်သွားရင် ပိုးသတ်နိုင်စွမ်း ကျဆင်းသွားပါတယ်

အရက်ပြန်နဲ့ မျက်နှာပြင် အများစုကို ပိုးသန့်စင်နိုင်ပါတယ်…

အယ်လ်ကိုဟောနဲ့ ရေကို ဆတူရောစပ်ပြီး ဂရင်းနိုက် နဲ့ ကြွေပြားတွေလို မာကြောသော မျက်နှာပြင်တွေ ကို ပိုးသန့်စင်ဖို့ အသုံးပြုနိုင်ပါတယ်။ တစ်ချို့ ဆေးရုံတွေမှာတော့ နားကြပ်၊ အဖျားတို င်း သာမိုမီတာနဲ့ ကပ်ကြေးတွေကို အရက်ပြန်နဲ့ ပိုးသတ်ကြပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဆေးခန်းသုံးနဲ့ ခွဲစိတ်ခန်းသုံးပစ္စည်းတွေကို အရက်ပြန်နဲ့ ပိုးသတ်တာကို အားမပေးပါဘူး။ အ ရက်ြ ပန်က ဘက်တီးရီးယားမျိုးမှုန်တွေကို မသတ်ပစ်နိုင်တဲ့အတွက် ရောဂါကူးစက်နိုင်တာကြောင့် လို့ဆိုပါတယ်…

အရက်ပြန် နဲ့ Hand sanitizer ပြုလုပ် နိုင်ပါတယ်

Hand sanitizer ကို မိမိ ကိုယ်တိုင် ပြုလုပ်နိုင်ဖို့ ခွက်တစ်ခွက် ရဲ့ သုံးပုံ နှစ်ပုံစာ အယ်လ်ကိုဟောကို ခွက်ရဲ့ သုံးပုံတစ်ပုံစာ ရေနဲ့ သေချာ နှံစပ် အောင် ရောစပ်ပြီး ပုလင်းထဲထည့် ထားကာ အသုံးပြုပါအရက်ပြန်ကို အစွန်းချွတ်ဆေး၊ အရောင် ချွတ် ဆေးတွေနဲ့ အတူတူ အသုံး မပြုပါနဲ့အယ်လ်ကိုဟောကို အစွန်းချွတ်ဆေး တွေနဲ့ အတူတူ တွဲ ပြီး ဘယ်တော့ မှ အသုံး မပြုပါနဲ့။ အဆုတ်ထိခိုက်နိုင်လောက်တဲ့ အန္တရာယ်ရှိ ဂက်စ်တွေ ထွက်လာနိုင်လို့ပါ။ ဒီ ဂက်စ်ကြောင့် မျက်စိ၊ လည်ချောင်းနဲ့ အဆုပ်မှာ ပူစပ်ပူလောင် ဖြစ်နိုင်ပါတယ်အရက်ပြန်ကို သစ်သားနဲ့ သားရည်ပေါ် အသုံးမပြုပါနဲ့အရက်ပြန်ကို သစ်သားပေါ်မှာ ပွတ်တိုက် ရင် သစ်သား ပျက်စီးနိုင်သလို သားရည်ပေါ်မှာ အသုံးပြုခဲ့ရင်လည်း အရောင်ကျွတ်သွားတာ နဲ့ အဖတ်ကွာကြတာတွေ ဖြစ်ပြီး ပျက်စီး နိုင်ပါတယ်

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!