Latest Breaking News & Headlines

မီလန်တိုက်စစ်မှူး အီဗရာဟင်မိုဗစ်ချ် ဗိုင်းရပ်စ်ကူးစက်ခံရ …

124

ဆွီဒင်နဲ့ အေစီမီလန်တိုက်စစ်မှူး ဇလာတန်အီဗရာဟင်မိုဗစ်ချ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ အီဗရာဟင်မိုဗစ်ချ်ဟာ သူ့ရဲ့ နေအိမ်မှာ သီးသန့်ခွဲနေနေတယ်လို့ အေစီမီလန်အသင်းက အတည်ပြုပါတယ်။

မီလန်နောက်တန်းလူ Leo Duarte မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးတဲ့နောက် ဒုတိယအကြိမ်ပြန်စစ်တာမှာ အီဗရာဟင်မိုဗစ်ချ်မှာလည်း ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတယ် ဆိုတာကို တွေ့ရှိခဲ့တာပါ။

ဒါပေမဲ့ ကျန်တဲ့ ကစားသမားတွေမှာတော့ ပိုးမတွေ့ရှိဘူးလို့ဆိုပါတယ်။ ဒါကြောင့် သူတို့ ၂ ယောက်ဟာ ဒီနေ့ည ကစားမယ့် ယူရိုပါလိဂ်ခြေစစ်ပွဲမှာ ဝင်ကစားနိုင်မှာမဟုတ်ပါဘူး။

ဇလာတန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အေစီမီလန်အသင်းကို ရောက်ခဲ့ပြီးတဲ့နောက် မီလန် နဲ့ နောက်ထပ် ဘောလုံးရာသီ ၁ ရာသီ သက်တမ်း ထပ်တိုးထားတာဖြစ်ပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!