Latest Breaking News & Headlines

ဧရာဝတီလင်းပိုင်များ သေဆုံးနေခြင်းကြောင့် ရှော့ခ်တိုက် ငါးဖမ်းဆီးမှုပပျောက်စေရန် စီမံချက်ချဆောင်ရွက်…

132

ဧရာဝတီလင်းပိုင်များ သေဆုံးနေမှုများနှင့်ပတ်သက်၍ တစ်နှစ်စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက် နေကြောင်း သားငါးထိန်းသိမ်းရေးဖွဲ့ (WCS)မှ သိရသည်။ဧရာဝတီလင်းပိုင်စစ်တမ်းကို တစ်နှစ်လျှင်တစ်ကြိမ် ဖေဖော်ဝါရီလတွင် ကောက်ယူလေ့ရှိပြီး ၂ဝ၂ဝပြည့်နှစ် ဧရာဝတီလင်းပိုင်စစ်တမ်းအရ လင်းပိုင်ကောင်ရေ ၇၉ကောင်ရှိခဲ့ရာမှ အကြောင်းအမျိုးမျိုးကြောင့် ခုနစ်ကောင် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ဘက်ထရီရှောခ့်တိုက် ငါးဖမ်းဆီးမှုပပျောက်စေရန် တစ်နှစ်စီမံကိန်းဖြင့် ဆောင်ရွက် ခြင်းဖြစ်သည်။

”တစ်နှစ်စီမံချက်မှာ နေ့စဉ်ကင်းလှည့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အရင်က လစဉ် တစ်လနှစ်ခေါက် ပုံမှန်ပညာပေး အစီအစဉ်တွေနဲ့သွားတယ်။ အခုတော့ နေ့စဉ်ကင်းလှည့်မယ်၊ နံနက်ပိုင်း၊ ညနေပိုင်း၊ ညပိုင်း၊ နံနက်အစောပိုင်းအချိန်စုံ၊ ရှော့ခ်တိုက်ငါးဖမ်းနေတာတွေ သတင်းရတဲ့နေရာတွေ ဧရာဝတီ လင်းပိုင်ရှိတဲ့ နေရာတွေကို ပိုပြီးအဓိကထား ကင်းလှည့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လွယ်လွယ်ကူကူရလာတော့ အလွယ်လုပ်ကြတဲ့အခါ တဖြည်းဖြည်းများလာသလို ဖမ်းဆီးအရေးယူမှုလည်း ဆောင်ရွက်ထားတယ်။

ဒီကြား ထဲမှာ ရှော့ခ်တိုက်ငါးဖမ်းဆီးတာကလည်း ရှိနေသေးတယ်။ ဒီစီမံချက်နဲ့ရှောခ့်တိုက် ငါးဖမ်းဆီးမှုကို လုံးဝ ပပျောက်သွားအောင် အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု သား၊ငါးထိန်းသိမ်းရေးအဖွဲ့ မန္တလေးမှ စီမံကိန်းမန်နေဂျာ ဦးကျော်လှသိန်းက ပြောသည်။လင်ပိုင်းများသည် ဧရာဝတီမြစ် မန္တလေးနှင့် ဗန်းမော်ကြားတွင် နေထိုင်ကျက်စားကြပြီး စီမံချက်ကာလမှာ ၂ဝ၂ဝပြည့်နှစ် စက်တင်ဘာ ၁ရက်မှ ၂ဝ၂၁ခုနှစ် သြဂုတ် ၃၁ရက်အထိဖြစ်ပြီး မန္တလေး-ကျောက်မြောင်းကြား ၇၂ ကီလိုမီတာအရှည်ရှိ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာ(၁)တွင် ဖြစ်သည်။”သုံးရက်အတွင်းမှာ ပထမရက်မှာ ရှော့ခ်တိုက်ဖမ်းဆီးတဲ့လှေနှစ်စင်း ဖမ်းဆီးရမိတယ်။ ညဘက်ကင်းလှည့် ချိန်မှာတွေ့ရှိ ဖမ်းဆီးရမိတာ။

ညဘက်ဖြစ်တဲ့အတွက် လူတွေက ခုန်ချပြီး ကျွန်းတွေပေါ် ထွက်ပြေးသွားတာ ဖြစ်တဲ့အတွက် ဖမ်းဆီးရမိခြင်းမရှိခဲ့ဘူး။ ကျန်တဲ့ပစ္စည်းတွေကို ပိုင်ရှင်မဲ့အနေနဲ့သိမ်းဆည်းပြီး သက်ဆိုင်ရာ ငါး လုပ်ငန်းဦးစီးဌာနကို ပေးပို့အပ်နှံခဲ့တယ်”ဟုဆက်လက်ပြောသည်။မန္တလေး-ကျောက်မြောင်းကြားတွင် စက်တင်ဘာလမှစတင်ပြီး တစ်နှစ်စီမံချက်ဖြင့် စတင်လုပ်ဆောင်ရာ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းဆီးမှုများကို ဖမ်းဆီးရမိပါက မန္တလေးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေအရ ထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ်သုံးသိန်းတိတိ ဒဏ်ရိုက် အရေးယူသွားမည်ဖြစ်သည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!