Latest Breaking News & Headlines

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေး အထူး ကောင်းမွန်လျှက်ရှိကြောင်း ဦးဇော်ဌေး အတည်ပြု ပြောကြား…

155

[သတင်းမှား၊ သတင်းတု ရေးသားသူများအား ဖေါ်ထုတ် အရေးယူမည်]

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ ကျန်းမာရေး အထူးကောင်းမွန်လျှက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက စက်တင်ဘာ (၂၃) ရက်နေ့ နေ့လယ်ပိုင်းတွင် အတည်ပြု ပြောကြားသည်။ “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေး အထူး ကောင်းမွန်ပါတယ်။ စိတ်ပူပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျန်းမာရေး အထူး (အထူး) ကောင်းမွန်ကြောင်း သတင်းစကား ပါးလိုပါတယ်။ (Positive တွေ့တယ်ဆိုတာ လုံးဝ မဟုတ်ပါ)။

ဒါ့အပြင် လူအစားထိုးတယ်ဆိုတဲ့ သတင်းမှားတွေလည်း ဖြန့်နေကြတာ တွေ့ရှိရပါတယ်။ လုံးဝ မှားယွင်းတဲ့ သတင်းတုတွေပဲ ဖြစ်ပါတယ်” ဟု ဦးဇော်ဌေး က အတည်ပြု ပြောကြားသည်။ထို့အပြင် နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံ့အကြီးအကဲများနှင့် ပတ်သက်၍ လုပ်ကြံဖန်တီးသော သတင်းမှားများအား ချဲ့ကားရေးသားခြင်း၊ သတင်းတုများနှင့် ပတ်သက်၍ အထင်အရှား ပေါ်ပေါက်ပါက ပြင်းပြင်းထန်ထန် အရေးယူခံရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် သတိပေးထားသည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် ရည်ရွက်ချက်ရှိရှိ သတင်းအမှားများနှင့် လုပ်ကြံဖန်းတီးထားသောသတင်းများ ပိုမိုများပြားလာသဖြင့် အဆိုပါ သတင်းအမှားများ ထုတ်လွှင့်သော Page များနှင့် ပတ်သက်၍ နည်းပညာပိုင်းအရ လုပ်ဆောင်ကာ ခိုင်လုံသော အထောက်အထားများ တွေ့ရှိပါက ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင် သတိပေးထုတ်ပြန်ထားသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!