Latest Breaking News & Headlines

ကိုဗစ်-၁၉ ရောဂါကာလ ရန်ကုန်မြို့၌ အဓိကဆန်ကုန်စည်ဒိုင်များ တစ်ပတ်သုံးရက်ဖွင့်မည်…

95

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဆန်စပါး ကုန်စည်ဒိုင်များသည် စားသုံးသူပြည်သူများ၏ နေ့စဉ်စားသုံးနေသည့် စားနပ်ရိက္ခာဆန်များ ဖြန့်ဖြူးပေးနေခြင်းဖြစ်သောကြောင့် ဝါးတန်းနှင့် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်များကို တစ်ပတ်လျှင် သုံးရက်ဖွင့်ထားမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်များသည် ရန်ကုန်မြို့နှင့် နိုင်ငံတစ်ဝန်း စားသုံးသူပြည်သူများ၏ နေ့စဉ် စားသုံးနေသော စားနပ်ရိက္ခာဆန်များ ဖြန့်ဖြူးပေးရာ အဓိကကျသောနေရာများဖြစ်သည့်အပြင် စားနပ် ရိက္ခာအတွက် မရှိမဖြစ်လိုအပ်သောနေရာများ ဖြစ်သည်။မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်များကို တနင်္ဂနွေနေ့တစ်ရက်မှ လွဲ၍ နေ့စဉ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ယခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ထုတ်

ပြန်ထားသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်အမှတ် (၁ဝ၇/၂ဝ၂ဝ) ဖြင့် ရန်ကုန်မြို့အတွင်း Stay at Home နေထိုင်ရန် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) လမ်းမတော် မြို့နယ်နှင့် ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) မရမ်းကုန်းမြို့နယ်တို့ကို တစ်ပတ်လျှင် သုံးရက် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင်) ဖွင့်လှစ် ရောင်းချရန်နှင့် ရောင်းချမည့်အချိန်ကို နံနက် ၆ နာရီ ခွဲမှ ၁၀ နာရီအတွင်းသာ

အရောင်းအဝယ်ပြုလုပ် မည်ဖြစ်သဖြင့် အသင်းသူ အသင်းသားများနှင့် ဝယ်ယူသူအားလုံးတို့ကို အသိပေးကြေညာထား ကြောင်း၊ ပြန်လည်ပြင်ဆင်ပါကလည်း ထပ်မံ ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။အသင်းသူ အသင်းသားများ၊ ရောင်းသူ/ဝယ်သူ များအနေဖြင့် ဆန်စပါးကုန်စည်ဒိုင်များအတွင်းသို့ လာရောက်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန်ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!