မန္တလေးမြို့၌ အခမဲ့လာရောက်ပြသနိုင်ရန် ဖျားနာကုဆေးခန်းများ ပြန်လည်ဖွင့်လှစ်…
မန္တလေးမြို့ရှိ အခမဲ့ ဖျားနာရောဂါကုသရေးဆေးခန်း (Fever Clinic)များ တွင် ဖျားနာသူများအခမဲ့လာရောက် ပြသနိုင်ရန် ပြန်လည်ဖွင့်လှစ်ထားကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး)မှ သိရ သည်။“အခမဲ့ ဖျားနာဆေးခန်းတွေကို ပြီးခဲ့တဲ့ ဧပြီလက စတင်ဖွင့်လှစ်ခဲ့ပါ တယ်။ မန္တလေးတိုင်းဒေသကြီးမှာကိုဗစ်ရောဂါ တော်တော်လေးထိန်းချုပ်သွားနိုင်တော့ ဇူလိုင်လမှာ ပြန်ပိတ် လိုက်တယ်။

ဒီလထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြန်လည်မြင့်တက်လာတဲ့အတွက် မန္တလေးတိုင်းဒေသကြီး အထွေထွေရောဂါကု ဆေးရုံကြီးမှာဖျားနာသူတွေစုပြုံသွားတာမျိုးမဖြစ် အောင်၊ ဆေးရုံကိုလည်း မသွားချင်သူ တွေ ကိုယ့်မြို့နယ်ထဲမှာပဲပြသနိုင် အောင် ပြန်လည်ဖွင့်လှစ်တာပါ” ဟု မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး တိုင်းဒေသကြီး) မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။ဖျားနာကုအခမဲ့ဆေးခန်းများကိုကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး) တို့ ပူးပေါင်း ဖွင့်လှစ်ထားခြင်းဖြစ်ပြီး စေတနာ့ ဝန်ထမ်း ဆရာဝန်များ အလှည့်ကျ ဆောင်ရွက်ပေးလျက်ရှိကာ နေ့စဉ် နံနက် ၉ နာရီ မှ ၁၁ နာရီအထိပိတ်ရက် မရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့တွင် အခမဲ့ဖျားနာရောဂါ ကုသရေးဆေးခန်းများကို ချမ်းမြ သာစည်မြို့နယ် ထွန်တုံးရပ်ကွက်နှင့် အောင်မြေသာစံမြို့နယ် ၁၂ လမ်းရှိ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင် ရပ်ကွက်တို့တွင် အသီးသီးဖွင့်လှစ်ထားကြောင်း သိရသည်။
အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….