Latest Breaking News & Headlines

ရွှေဘိုမြို့တွင် ညမထွက်ရအမိန့် မလိုက်နာသူ(၈) ဦးကို အလုပ်နှင့်ထောင်ဒဏ် သုံးလစီချမှတ် ….

98

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် စက်တင်ဘာ ၂၂ ရက်က ညမထွက်ရအမိန့် မလိုက်နာသူ(၈) ဦးကို ရွှေဘိုမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ်သုံးလစီချမှတ်ခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦး ထံမှသိရသည်။ရွှေဘိုမြို့တွင် စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရွှေဘိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်သေများ ပါဝင်သော ပူးပေါင်းအဖွဲ့သည်

ရွှေဘိုမြို့ပေါ်ရပ်ကွက်များသို့ လုံခြုံရေးလှည့်ကင်း ဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့ပေါ်အတွင်း ခိုင်လုံသောအကြာင်းပြချက်မရှိဘဲ ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကာ အကြောင်းမဲ့သွားလာနေကြသော ရွှေဘိုမြို့နေသူများဖြစ်သည့် ဦးရှမ်း(သ) ၅၁ နှစ်၊ စံလင်းထွန်း(သ) ၂၄ နှစ်၊ အောင်ကျော်ကျော်(သ) ၃၁ နှစ်၊ အောင်ကိုဦး(သ) ၂၂ နှစ်၊ တိုးအောင်(သ) ၃၀ နှစ်၊ ဂျက်မောင်မောင် (သ) ၂၄ နှစ်၊ ဝင်းသက်နောင် (သ) ၂၁ နှစ်၊ မချောစုခိုင်(သ) ၃၂ နှစ်တို့(၈) ဦးအား စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ညမထွက်ရအမိန့် လိုက်နာခြင်းမရှိသူ(၈) ဦးကို စက်တင်ဘာ ၂၂ ရက်က ရွှေဘိုမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနက ရွှေဘိုမြို့နယ်တရားရုံးသို့ ဦးတိုက်လျောက်ထား တရားစွဲဆိုခဲ့ရာ မြို့နယ်တရားရုံးက ဦးရှမ်း (သ) ၅၁ နှစ်ပါ(၈) ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၁၈၈ အရအလုပ်နှင့်ထောင်ဒဏ်သုံးလစီချမှတ်ခဲ့ကြောင်း သိရသည်။

အလားတူ ရွှေဘိုမြို့တွင် စက်တင်ဘာ ၂၁ ရက်က ညမထွက်ရ အမိန့်ကိုမလိုက်နာသူ အမျိုးသား(၃) ဦးကို မြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ်သုံးလ စီချမှတ်ခဲ့ကြောင်း ရွှေဘိုမြို့နယ်တရားရုံးမှ သိရသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!