ဘုရား ရှိခိုး ဦးချပုံ ဦးချနည်း နှင့် ရှိခိုးခြင်း သုံးမျိုး “ရှိခိုး ဦးချပုံ ဦးချနည်း”…
ဘုရားနှင့် သံဃာတော်တို့ထံ ဆည်းကပ်ရှိခိုးသော အခါ ရိုသေစွာ လက်အုပ်ချီပြီးနောက် “နီး၊ ဝေး၊ ရှေ့၊ နောက်၊ မြင့်မောက်၊ လေညာ” ဟူသော အပြစ်ခြောက်မျိုးလွတ်သော နေရာ၌ နေ၍ ရှိခိုးပြီး လျှောက်ထားဖွယ် စကားတို့ကို လျှောက်ထားရမည်။

လျှောက်ထား နာယူပြီးလျှင် ရှိခိုးဦးချ၍ ပြန်ရမည်။ ပြန်သောအခါ ဘုရားရှင်နှင့် သံဃာတော်တို့ကို ကျောပေး၍မပြန်ဘဲ လက်အုပ်ချီကာ လေးငါးလှမ်းခန့် နောက်ဆုတ်ပြန်ရမည်။
“ရှိခိုးခြင်း သုံးမျိုး”
(၁) ထိခြင်းငါးပါးနှင့်အညီ ကိုယ်ဖြင့်ရှိခိုးခြင်း (ကာယဝန္ဒနာ)၊
(၂) နူတ်ဖြင့် ရွတ်ဆို ရှိခိုးခြင်း (ဝစီဝန္ဒနာ)၊
(၃) စိတ်ဖြင့် ရည်မှတ် ရှိခိုးခြင်း (မနောဝန္ဒနာ)။
“ထိခြင်းငါးပါး ရှိခိုးခြင်း”

ဒူးနှစ်ဘက်၊ လက်နှစ်ဘက်၊ နဖူးတို့ကို မြေ၌ သို့မဟုတ် ကြမ်းပြင်၌ ထိစေ၍ ရှိခိုးခြင်းသည် ထိခြင်းငါးပါးနှင့်အညီ ရှိခိုးသည် မည်၏။
ဆောင်ပုဒ် ။ ။ ခြေ လက် နဖူး၊ တံတောင် ဒူး၊ ငါးဦး မြေထိစေ။
“ရပ်လျက်ရှိခိုးခြင်း”
လမ်းတွင် ရဟန်းသံဃာတော်တို့ကို တွေ့ဆုံသောအခါ ဦးထုပ် ဖိနပ်ချွတ်၍ ခြေစုံရပ်ကာ လက်အုပ်ကို ဦးထိပ်၌တင်လျက် ကိုယ်ကို ရှေ့သို့ညွတ်ကာ ရှိခိုးရမည်။
“ထိုင်လျက် ရှိခိုးခြင်း”
အမျိုးသားဖြစ်လျှင် ဆောင့်ကြောင့် ထိုင်လျက်၊ အမျိုးသမီး ဖြစ်လျှင် ကြုံ့ကြုံ့ ထိုင်လျက် ထိခြင်းငါးပါး နှင့် အညီ တုပ်ဝပ်လျက် ရှိခိုးရမည်။
ဘုရားရှိခိုးသောအခါ ဦးစွာပထမ ဦးချ ရမည်။ ဦးချသောအခါ
ဗုဒ္ဓံ ပူဇေမိ = ဗုဒ္ဓံ – မြတ်စွာဘုရားကို၊ ပူဇေမိ – ပူဇော်ပါ၏ အရှင်ဘုရား။
ဓမ္မံ ပူဇေမိ = ဓမ္မံ – တရားတော်မြတ်ကို၊ ပူဇေမိ – ပူဇော်ပါ၏ အရှင်ဘုရား။
သံဃံ ပူဇေမိ = သံဃံ – သံဃာတော်အရှင်မြတ်ကို၊ ပူဇေမိ – ပူဇော်ပါ၏ အရှင်ဘုရား။ ဟု ဆို၍ ဦးချရမည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….