Latest Breaking News & Headlines

မထိန်းနိုင်သေးတဲ့ ရန်ကုန် ကူးစက်မှုများ နဲ့ ပင်ပန်းနေကြပြီ ဖြစ်တဲ့ ကျန်းမာရေး ဝန်ထမ်းများ…

116

၂၁ ရက် စက်တင်ဘာ ။ ဒေါက်တာ ဇော်ဝေစိုး ကွီးစိုး ပြောပြီ ။ ရန်ကုန် အ တွက် Strategy နည်းဗျူဟာ ပြောင်းပြီ ၊ (PUI patient under investigation ) အဖြေ ထွက်ဖို့ တရက် ၂ ရက် စောင့် နေရတဲ့ သံသယ လူနာတွေ အတွက် သီးသန့် ခွဲထုတ် အဆောင် တွေ လုပ် မယ် ။ အဆောင် အဆင်မပြေရင် ယာယီ တဲ ထိုး tent hospital တွေ ပြင်နေပြီ ။ (ဒါက ဆေးရုံကြီးတွေ မှာ ) မြို့နယ် ဆေးရုံ တွေ မှာလည်း PUI တွေ ထားတော့မယ် ။ ဒါက ရခိုင် ကို အတုယူတာ ၊

ရခိုင်မှာ ဒါမျိုး sharing လုပ်ပြီး ထိန်းနိုင်ခဲ့တယ် ။ မြို့နယ် ဆေးရုံ ဝန်ထမ်း တွေ ကို သင်တန်း ပေး မွမ်းမံမယ် ။ လက္ခဏာ မပြင်းထန်တဲ့ ၊ လက္ခဏာမရှိ တဲ့ ပေါ့စတစ် လူနာတွေ ကို လည်း မြို့နယ်ဆေးရုံ တွေ မှာ ကုသဖို့ ပြင်ဆင် နေပြီ ။ (ပြင်ဆင်နေတာ ၊ မလုပ်သေးဘူးနော်) strict containment ကနေ တဖြေးဖြေး ဖြည်လျော့ ပေးနေတာ ဖြစ်တယ် ။ ရုတ်တရက် လေလျော့ လ်ုက်ရင် ဘောလုံး ဟာ ကန်ထွက်သလို ဖြစ်မှာ စိုးလို့ ထိန်းလျော့ နေတာ ။

ကျန်းမာရေး ဝန်ထမ်းတွေ ၊ ပရဟိတ သမားတွေ ၊ ကြက်ခြေနီ နဲ့ အစိုးရ ပါ ရက်ရှည်လာလို့ အရမ်း ပင်ပန်းနေပြီ ၊ (ကွီးစိုး ဝန်ခံသွားတာ ) အစိုးရ နဲ့ ကျန်းမာရေး က လူတွေ နေ့မအား ညမနား အစည်းအဝေးတွေ ထိုင်ပြီး အချိန် နဲ့ တပြေးညီ ဆုံးဖြတ် ဆောင်ရွက် နေတယ် ။ (ဒါက မြေပြင် အခြေအနေ ကို သိတယ် အရေး တယူ ဆောင်ရွက်နေတယ် ပေါ့) ရန်ကုန် ဟာ ထိန်းချုပ် နိုင်တဲ့ အဆင့် မရောက်သေးဘူး ၊

+ ve လူနာ ၅၂၈ ယောက် ၊ ပြင်ဆင် ထားတာ က တနေ့ ၃၀၀ ကနေ ၄၀၀ ၊ လုပ်နိုင်တဲ့ capacity ကို ကျော်လွန်တော့ မယ် ။ ဒါကြောင့် ရိုးမအရှေ့ (ဒဂုံဆိပ်ကမ်း) စင်တာ ကို ကုတင် ၅၇၆ ကနေ ကုတင် ၄၂၀ လောက် ထပ်ချဲ့ ပြင်ဆင်နေတယ် ။ လိုအပ်ချက် အားလုံး ကို အစွမ်းကုန် ပြင်ဆင်ပေးနေတယ် ၊ အဆင် မပြေ မှု ရှိနိုင်တယ် ၊ ရအောင် လုပ်ပေးမယ်၊ သည်းခံ ကြပါ ။ ပြင်းထန် လူနာ တွေ အတွက် ICU ဆေးရုံ ကို သုဝဏ္ဏ မှာ ကုတင် ၁၀၀ ဆံ ဆောက်နေတယ် ၊ တပါတ် အတွင်း ပြီးမယ် မှန်းထားတယ် ။

နိုင်ငံတကာ ကျင့်သုံး သလို ပိုးစစ် ၂ ခါ မှာ မတွေ့ရင် တပါတ် ပဲ ထားပြီး လူနာ ရော ၊ Q သမား ပါ ဆင်းပေးမယ် ၊ အိမ် မှာ ဆက် Q ပါ ။ ရပ်ရွာ ၊ မြို့နယ် ၊ တိုင်း ၊ ဗဟို နဲ့ မိသားစု က ပါ ဒီလူတွေ ကို ပံ့ပိုးပေးကြပါ ။ ကြပ်မတ် တာ မဟုတ် ပါဘူး ၊ ဒီ လူနာ တွေ ၊ သံသယ သမားတွေ ကို အခက် အခဲ ဖြစ်အောင် မလုပ် ကြ ပါနဲ့ ။ ကာကွယ်ရေး အတွက် contact tracing တွေ ရှာတာ ကို အင်နဲ့ အားနဲ့ ဆောင် ရွက်မယ် ၊ ကွင်းဆက် ဖြတ်ချ ဖို့ လို တယ် ။ contact ဖြစ်သွားတဲ့ သူတွေ ကို အကြောင်းကြားပေးမယ် ၊ ကိုယ်တိုင် လည်း သိပြီး ဖြစ်ပါလိမ့်မယ် ။

မိသားစု အလိုက် ၊ အိမ် အလိုက် ၊ ရပ် ရွာ အလိုက် ၊ ဒီ contact တွေ ကို စီစဉ် ဆောင်ရွက်ကြပါ ။ contact တွေ ကို Q ဝင် ခိုင်း မဝင်ခိုင်း အိမ်မှာ ဆက်နေ မနေ ၊ လာခေါ် မယ် မခေါ် ဘူးတော့ ပြောမသွားပါဘူး ။ ပြည်သူတွေ ပူးပေါင်း ညီညာကြပါစို့ ။ သွေးဆူ တဲ့ သူတွေ ကိုလည်း ဝိုင်းဝန်း ထိန်းသိမ်း ဖြောင့်ဖျ ကြပါ ၊ အခက်အခဲ တွေ ကိုလည်း မြိုချ အောင့်အီး ဖို့လ်ု ပါတယ် …..

Leave A Reply

Your email address will not be published.

error: Content is protected !!