နိုင်ငံ့ဝန်ထမ်းများ လစာ (၂) လစာ ထုတ်ချေးခြင်းကို အောက်တိုဘာ (၁) ရက် စတင်မည်…
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များအား လစာ (၂) လစာ ကြိုတင် ထုတ်ပေး၍ ဆိုင်းငံ့ကာလ (၆) လ၊ ပြန်ဆပ်ကာလ (၁) နှစ် သတ်မှတ်ကာ အတိုးမဲ့ ထုတ်ချေးခြင်းကို အောက်တိုဘာ (၁) ရက်နေ့တွင် စတင် ဆောင်ရွက်မည် ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမြဲထမ်းဝန်ထမ်း စုစုပေါင်း ၁,၀၇၇,၄၉၃ ဦး အတွက် ငွေကျပ် ၅၅၄.၉၇၃ ဘီလီယံ ကို ထုတ်ချေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။ပြန်လည် ပေးဆပ်ရမည့် ချေးငွေ ဖြစ်သောကြောင့် ပုံမှန်ဝင်ငွေ ရရှိသောအမြဲတမ်း ဝန်ထမ်းများကိုသာ ထုတ်ချေးခြင်း ဖြစ်ကြောင်း သိရှိရသည်။
အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….