Latest Breaking News & Headlines

သင့်ဘဝကို အောင်မြင်နိုင်မည့် နည်းလမ်း ( ၅ ) ချက်

147

အခြားသူများကို ကူညီခြင်းဖြင့် သင့်ဘဝကို အောင်မြင်နိုင်မည့် နည်းလမ်း ( ၅ ) ချက်
“သူများအကျိုးဆောင်၊ ကိုယ့်အကျိုးအောင်” ဆိုတာဟာ စကားလုံးသက်သက်သာ မဟုတ်ပဲ လက်တွေ့ဘဝမှာ တကယ့်ကို မှန်ကန်နေပါတယ် ။

ဘာကြောင့်လည်းဆိုတော့ အခြားသူတွေကို ကူညီပေးတတ်သူတစ်ယောက်ဟာ သူ့မှာ ဘယ်လိုအခက်အခဲတွေပဲတွေ့တွေ့ အကူအညီပေးချင်သူတွေ ပေါများနေတတ်ပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိစေပါတယ် ။

မျှော်လင့်ချက်မပါတဲ့ ကူညီခြင်းဟာ လူ့ရဲ့စိတ်ကိုအေးချမ်းစေပြီး ကံကောင်းခြင်းတွေကို တန်ပြန်ရရှိစေနိုင်သလို အရာအားလုံးကို ကူညီဖို့ မလိုအပ်ပဲ သူတို့ရဲ့ဘဝတွေဆီကနေ ပျော်စရာတွေကို ရှာဖွေပေးခြင်းဖြင့်လည်း အကူအညီပေးနိုင်ပါတယ် ။

ကမ္ဘာမှာအောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ Bill Gates တို့ Warren Buffet တို့လို့ပုဂ္ဂိုလ်တွေဟာ လူတွေကို အကူအညီပေးနိုင်ဖို့ အတွက် အမြဲတမ်းကြိုးစားနေကြသလို ဒါဟာကမ္ဘာကြီးရဲ့လိုအပ်ချက်ဖြစ်ပြီး ကိုယ်တိုင်အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် အကောင်းဆုံး ရင်နှီးမြှပ်နှံမှုတစ်ခု အဖြစ်လည်း သူတို့ကယူဆကြပါတယ် ။

ဒါကြောင့် လူတွေကိုအကောင်းဆုံး ကူညီပေးနိုင်ပြီး သင်ကိုယ်တိုင်အောင်မြင်တဲ့လူတစ်ယောက် ဖြစ်စေနိုင်မယ့် နည်းလမ်း ( ၅ ) ချက်ကို ဝေမျှပေးလိုက်ပါတယ် ။

၁ ။ သင်ကြားပေးခြင်း ။
သင်ဟာတစ်ခုခုမှာ ကျွမ်းကျင်သူတစ်ယောက်ဆိုပါက သင့်ရဲ့အားလပ်တဲ့အချိန်လေးတွေမှာ သင်ကျွမ်းကျင်တဲ့အရာတွေ၊ ဥပမာ ချက်ပြုတ်ခြင်း၊ အလှအပဆိုင်ရာ၊ ကျန်းမာရေး စတဲ့ဗဟုသုတတွေကို မျှဝေသင်ကြားပေးခြင်းဖြင့် အခြားလူတွေအတွက် အသုံးဝင်သလို သင်ကိုယ်တိုင်လည်း ပိုမိုအောင်မြင်တဲ့ အခွင့်အလမ်းတွေရရှိနိုင်ပါတယ် ။

ယနေ့ခေတ်မှာ ဖေ့ဘွတ်လို ဆိုရှယ်မီဒီယာကို လူတိုင်းနီးပါးအသုံးပြုကြတဲ့အတွက် လူတွေကိုအကူအညီပေးနိုင်ဖို့ ပိုမိုလွယ်ကူပြီး သူတို့ရဲ့ စိတ်ကူးတွေ မေးခွန်းတွေကို ပြန်လည်ရရှိခြင်းဖြင့် သင့်ရဲ့အရည်အသွေးတွေ ပိုမိုတိုးတက်လာမှာဖြစ်သလို ပြဿနာတွေကိုပိုမိုဖြေရှင်းနိုင်မယ့် စွမ်းရည်တွေတိုးတက်လာမှာဖြစ်ပါတယ် ။

၂ ။ လူတွေကိုနှိုးဆော်ပေးခြင်း ။
အခြားသူတွေကိုစိတ်အားတက်ကြွအောင် လှုံ့ဆော်ပေးခြင်းဟာလည်း သူတို့အတွက် ခွန်အားတွေရရှိစေပြီး သင့်ရဲ့အလုပ်တွေကိုလည်း အချိန်တိုအတွင်း ပြီးမြောက်စေမှာဖြစ်ပါတယ် ။

ဒါပေမယ့် အခြားသူတွေကို လေးစားမှု ထားခြင့်ဖြင့် စိတ်အားတက်ကြွဖွယ် စကားလုံးများ အပြုအမူများဖြင့် လှုံ့ဆော်ပေးသင့်ပြီး သင်ကိုယ်တိုင်လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ကဲ့သို့ ကြိုးစားမှဖြစ်ပါလိမ့်မယ် ။ ဒါဟာလူတွေရဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုတိုးမြှင့်ပေးနိုင်တာကြောင့် လူတွေရဲ့ယုံကြည်မှုနဲ့မေတ္တာကို ရရှိစေပါတယ် ။

၃ ။ အပြုသဘောဆောင်တဲ့ ဝေဖန်မှုပေးခြင်း ။
လူတိုင်းဟာ သူတို့အပေါ်ဂရုစိုက်တဲ့စိတ်ထားနဲ့ သူတို့ကိုပိုမိုတိုးတက်အောင် ပြုလုပ်ပေးခြင်းတို့ကို နှစ်သက်ကြပေမယ့် သူတို့ရဲ့ကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်သလို ခံစားရတဲ့အခါ မနှစ်မြိုတတ်ကြပါဘူး ။

ဒါကြောင့် သူတို့ရဲ့လုပ်ဆောင်ချက်တွေ၊ အခြေအနေတွေကို ဝေဖန်တဲ့အခါမှာ အပြုသဘောဆောင်ပြီး ရိုးရိုးသားသားနဲ့ သူတို့အတွက် ပိုမို တိုးတက်စေလိုတဲ့ဆန္ဒပေါ်လွင်အောင် ဝေဖန်ပေးသင့်ပါတယ် ။

ဒီလိုဝေဖန်ပေးခြင်းဖြင့် သူတို့အတွက်လည်း ပိုမိုအကျိုးဖြစ်ထွန်းစေပြီး ခင်မင်မှုတိုးပွားနိုင်သလို သင့်ရဲ့လုပ်ငန်းတွေအပေါ်မှာလည်း ကောင်းမွန်တဲ့ရလာဒ်တွေ ပိုမိုရရှိစေမှာဖြစ်ပါတယ် ။

၄ ။ ေစတနာရွိပါ ။
အခြားသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်ရင် အရင်ဆုံးသင့်ရဲ့အခြေအနေတွေ အဆင်ပြေစေဖို့ကြိုးစားသင့်ပါတယ် ။ လူတွေအပေါ်ကို စေတနာထားခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ သင့်ဆီကို တန်ပြန်သက်ရောက်မှုတွေ ရရှိစေပါလိမ့်မယ် ။

ဒါပေမယ့် သင့်မှာမပြေလည်တဲ့အခါမျိုးမှာ လူတွေကိုကူညီဖို့ခက်ခဲနိုင်ပါတယ်။ တစ်ခါတစ်လေမှာလည်း သင့်ရဲ့အစီအစဉ်တွေ၊ ပိုင်ဆိုင်မှုတွေ၊ အချိန်တွေကို ပေးရနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့စီပွားရေးပိုမိုတိုးတက်မှသာ အဆင်ပြေနိုင်မှာဖြစ်တာကြောင့် အရင်ဦးဆုံး ဘယ်လို စီးပွားရေးမျိုးကိုလုပ်လုပ် လူတွေအပေါ်စေတနာထားပြီး လုပ်ဆောင်သင့်ပါတယ် ။

စေတနာမပါတဲ့စီးပွားရေးဆန်မှုထက် စေတနာပြည့်ဝတဲ့စီးပွားရေးလုပ်ငန်းတွေက ပိုမိုအောင်မြင်လျက်ရှိကြောင်း သင်သေချာလေ့လာရင် သိရှိပါလိမ့်မယ်။ ဒါကြောင့်လည်း ကမ္ဘာ့အချမ်းသာဆုံးလူတွေဟာ အလှူဒါနတွေဘယ်လောက်ပြုပြု စီးပွားရေးနိမ့်ကျမှုမဖြစ်ပဲ ပိုမိုအောင်မြင်ကျော်ကြားလာကြပါတယ် ။

၅ ။ ျပံဳးပါ ။
ဘဝအတွက် အရေးအကြီးဆုံး အရာကတော့ လူတွေကိုပျော်ရွင်အောင်ကူညီပေးခြင်းနဲ့ သူတို့ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေကို သက်သာအောင် ကူညီပေးလိုစိတ် ကသာလျှင်အရေးအကြီးဆုံးပဲဖြစ်တယ်လို့ ယူဆမိပါတယ် ။

တခါတလေမှာ ဒီအရာက လူတွေအတွက် အချိန်တွေအများကြီးရင်းရလိမ့်မယ်လို့ သင်တွေးကောင်းတွေးနိုင်ပေမယ့် ကျွန်တော့်အတွက်ကတော့ အချိန်တိုင်းမှာ လူတိုင်းကိုပေးနိုင်တဲ့ အရာတစ်ခုလို့မြင်ပါတယ် ။

ဘာကြောင့်လဲဆိုတော့ အနည်းဆုံး သင်လမ်းလျှောက်သွားတဲ့အခါ လမ်းမှာတွေ့သူတွေကို မျက်လုံးချင်းဆုံပြီး ပြုံးပြလိုက်ရုံနဲ့ သူတို့ရဲ့ပျော်ရွင်မှုအတွက် တစိတ်တပိုင်းကူညီနိုင်မယ်လို့ ယုံကြည်လို့ပါပဲ။ ဒီလို အားထုတ်မှုလေးဟာ မိတ်ဆွေအတွက် သိပ်အပန်းမကြီးပေမယ့် မိတ်ဆွေအတွက်ရော အခြားသူတွေအတွက်ရော အရမ်းကိုထိရောက်တဲ့ အားပေးမှုလေးတစ်ခုဆိုတာကိုတော့ သိစေချင်ပါတယ် ။

မိတ်ဆွေမှာ ဘယ်လောက်ပဲ နာကျင်စရာအဖြစ်အပျက်တွေကြုံနေနေ တခြားတစ်ယောက်ကိုပျော်ရွင်အောင် ကူညီပေးလိုက်ရုံနဲ့ မိတ်ဆွေခံစားနေရတဲ့ စိတ်ညစ်စရာတွေ လျော့ပါးသွားတာကို ကြံုတွေ့ရပါလိမ့်မယ် ။ လောကမှာ မရှိမဖြစ်တဲ့တရားလေးပါးဟာ မေတ္တာ၊ ဂရုဏာ၊ မုဒိတာနဲ့ ဥပေက္ခာဖြစ်ပြီး လူတွေခံစားနေရတဲ့ စိတ်ဒုက္ခတွေကို သက်သာအောင်လုပ်ပေးတဲ့ ယခုလိုစွမ်းရည်ဟာ မေတ္တာတရားပဲ ဖြစ်ပါတယ် ။

Source lifestylemyanmar

Unicode

အခြားသူများကို ကူညီခြင်းဖြင့် သင့်ဘဝကို အောင်မြင်နိုင်မည့် နည်းလမ်း ( ၅ ) ချက်
“သူများအကျိုးဆောင်၊ ကိုယ့်အကျိုးအောင်” ဆိုတာဟာ စကားလုံးသက်သက်သာ မဟုတ်ပဲ လက်တွေ့ဘဝမှာ တကယ့်ကို မှန်ကန်နေပါတယ် ။

ဘာကြောင့်လည်းဆိုတော့ အခြားသူတွေကို ကူညီပေးတတ်သူတစ်ယောက်ဟာ သူ့မှာ ဘယ်လိုအခက်အခဲတွေပဲတွေ့တွေ့ အကူအညီပေးချင်သူတွေ ပေါများနေတတ်ပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိစေပါတယ် ။

မျှော်လင့်ချက်မပါတဲ့ ကူညီခြင်းဟာ လူ့ရဲ့စိတ်ကိုအေးချမ်းစေပြီး ကံကောင်းခြင်းတွေကို တန်ပြန်ရရှိစေနိုင်သလို အရာအားလုံးကို ကူညီဖို့ မလိုအပ်ပဲ သူတို့ရဲ့ဘဝတွေဆီကနေ ပျော်စရာတွေကို ရှာဖွေပေးခြင်းဖြင့်လည်း အကူအညီပေးနိုင်ပါတယ် ။

ကမ္ဘာမှာအောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ Bill Gates တို့ Warren Buffet တို့လို့ပုဂ္ဂိုလ်တွေဟာ လူတွေကို အကူအညီပေးနိုင်ဖို့ အတွက် အမြဲတမ်းကြိုးစားနေကြသလို ဒါဟာကမ္ဘာကြီးရဲ့လိုအပ်ချက်ဖြစ်ပြီး ကိုယ်တိုင်အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် အကောင်းဆုံး ရင်နှီးမြှပ်နှံမှုတစ်ခု အဖြစ်လည်း သူတို့ကယူဆကြပါတယ် ။

ဒါကြောင့် လူတွေကိုအကောင်းဆုံး ကူညီပေးနိုင်ပြီး သင်ကိုယ်တိုင်အောင်မြင်တဲ့လူတစ်ယောက် ဖြစ်စေနိုင်မယ့် နည်းလမ်း ( ၅ ) ချက်ကို ဝေမျှပေးလိုက်ပါတယ် ။

၁ ။ သင်ကြားပေးခြင်း ။
သင်ဟာတစ်ခုခုမှာ ကျွမ်းကျင်သူတစ်ယောက်ဆိုပါက သင့်ရဲ့အားလပ်တဲ့အချိန်လေးတွေမှာ သင်ကျွမ်းကျင်တဲ့အရာတွေ၊ ဥပမာ ချက်ပြုတ်ခြင်း၊ အလှအပဆိုင်ရာ၊ ကျန်းမာရေး စတဲ့ဗဟုသုတတွေကို မျှဝေသင်ကြားပေးခြင်းဖြင့် အခြားလူတွေအတွက် အသုံးဝင်သလို သင်ကိုယ်တိုင်လည်း ပိုမိုအောင်မြင်တဲ့ အခွင့်အလမ်းတွေရရှိနိုင်ပါတယ် ။

ယနေ့ခေတ်မှာ ဖေ့ဘွတ်လို ဆိုရှယ်မီဒီယာကို လူတိုင်းနီးပါးအသုံးပြုကြတဲ့အတွက် လူတွေကိုအကူအညီပေးနိုင်ဖို့ ပိုမိုလွယ်ကူပြီး သူတို့ရဲ့ စိတ်ကူးတွေ မေးခွန်းတွေကို ပြန်လည်ရရှိခြင်းဖြင့် သင့်ရဲ့အရည်အသွေးတွေ ပိုမိုတိုးတက်လာမှာဖြစ်သလို ပြဿနာတွေကိုပိုမိုဖြေရှင်းနိုင်မယ့် စွမ်းရည်တွေတိုးတက်လာမှာဖြစ်ပါတယ် ။

၂ ။ လူတွေကိုနှိုးဆော်ပေးခြင်း ။
အခြားသူတွေကိုစိတ်အားတက်ကြွအောင် လှုံ့ဆော်ပေးခြင်းဟာလည်း သူတို့အတွက် ခွန်အားတွေရရှိစေပြီး သင့်ရဲ့အလုပ်တွေကိုလည်း အချိန်တိုအတွင်း ပြီးမြောက်စေမှာဖြစ်ပါတယ် ။

ဒါပေမယ့် အခြားသူတွေကို လေးစားမှု ထားခြင့်ဖြင့် စိတ်အားတက်ကြွဖွယ် စကားလုံးများ အပြုအမူများဖြင့် လှုံ့ဆော်ပေးသင့်ပြီး သင်ကိုယ်တိုင်လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ကဲ့သို့ ကြိုးစားမှဖြစ်ပါလိမ့်မယ် ။ ဒါဟာလူတွေရဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုတိုးမြှင့်ပေးနိုင်တာကြောင့် လူတွေရဲ့ယုံကြည်မှုနဲ့မေတ္တာကို ရရှိစေပါတယ် ။

၃ ။ အပြုသဘောဆောင်တဲ့ ဝေဖန်မှုပေးခြင်း ။
လူတိုင်းဟာ သူတို့အပေါ်ဂရုစိုက်တဲ့စိတ်ထားနဲ့ သူတို့ကိုပိုမိုတိုးတက်အောင် ပြုလုပ်ပေးခြင်းတို့ကို နှစ်သက်ကြပေမယ့် သူတို့ရဲ့ကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်သလို ခံစားရတဲ့အခါ မနှစ်မြိုတတ်ကြပါဘူး ။

ဒါကြောင့် သူတို့ရဲ့လုပ်ဆောင်ချက်တွေ၊ အခြေအနေတွေကို ဝေဖန်တဲ့အခါမှာ အပြုသဘောဆောင်ပြီး ရိုးရိုးသားသားနဲ့ သူတို့အတွက် ပိုမို တိုးတက်စေလိုတဲ့ဆန္ဒပေါ်လွင်အောင် ဝေဖန်ပေးသင့်ပါတယ် ။

ဒီလိုဝေဖန်ပေးခြင်းဖြင့် သူတို့အတွက်လည်း ပိုမိုအကျိုးဖြစ်ထွန်းစေပြီး ခင်မင်မှုတိုးပွားနိုင်သလို သင့်ရဲ့လုပ်ငန်းတွေအပေါ်မှာလည်း ကောင်းမွန်တဲ့ရလာဒ်တွေ ပိုမိုရရှိစေမှာဖြစ်ပါတယ် ။

၄ ။ စေတနာရှိပါ ။
အခြားသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်ရင် အရင်ဆုံးသင့်ရဲ့အခြေအနေတွေ အဆင်ပြေစေဖို့ကြိုးစားသင့်ပါတယ် ။ လူတွေအပေါ်ကို စေတနာထားခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ သင့်ဆီကို တန်ပြန်သက်ရောက်မှုတွေ ရရှိစေပါလိမ့်မယ် ။

ဒါပေမယ့် သင့်မှာမပြေလည်တဲ့အခါမျိုးမှာ လူတွေကိုကူညီဖို့ခက်ခဲနိုင်ပါတယ်။ တစ်ခါတစ်လေမှာလည်း သင့်ရဲ့အစီအစဉ်တွေ၊ ပိုင်ဆိုင်မှုတွေ၊ အချိန်တွေကို ပေးရနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့စီပွားရေးပိုမိုတိုးတက်မှသာ အဆင်ပြေနိုင်မှာဖြစ်တာကြောင့် အရင်ဦးဆုံး ဘယ်လို စီးပွားရေးမျိုးကိုလုပ်လုပ် လူတွေအပေါ်စေတနာထားပြီး လုပ်ဆောင်သင့်ပါတယ် ။

စေတနာမပါတဲ့စီးပွားရေးဆန်မှုထက် စေတနာပြည့်ဝတဲ့စီးပွားရေးလုပ်ငန်းတွေက ပိုမိုအောင်မြင်လျက်ရှိကြောင်း သင်သေချာလေ့လာရင် သိရှိပါလိမ့်မယ်။ ဒါကြောင့်လည်း ကမ္ဘာ့အချမ်းသာဆုံးလူတွေဟာ အလှူဒါနတွေဘယ်လောက်ပြုပြု စီးပွားရေးနိမ့်ကျမှုမဖြစ်ပဲ ပိုမိုအောင်မြင်ကျော်ကြားလာကြပါတယ် ။

၅ ။ ပြုံးပါ ။
ဘဝအတွက် အရေးအကြီးဆုံး အရာကတော့ လူတွေကိုပျော်ရွင်အောင်ကူညီပေးခြင်းနဲ့ သူတို့ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေကို သက်သာအောင် ကူညီပေးလိုစိတ် ကသာလျှင်အရေးအကြီးဆုံးပဲဖြစ်တယ်လို့ ယူဆမိပါတယ် ။

တခါတလေမှာ ဒီအရာက လူတွေအတွက် အချိန်တွေအများကြီးရင်းရလိမ့်မယ်လို့ သင်တွေးကောင်းတွေးနိုင်ပေမယ့် ကျွန်တော့်အတွက်ကတော့ အချိန်တိုင်းမှာ လူတိုင်းကိုပေးနိုင်တဲ့ အရာတစ်ခုလို့မြင်ပါတယ် ။

ဘာကြောင့်လဲဆိုတော့ အနည်းဆုံး သင်လမ်းလျှောက်သွားတဲ့အခါ လမ်းမှာတွေ့သူတွေကို မျက်လုံးချင်းဆုံပြီး ပြုံးပြလိုက်ရုံနဲ့ သူတို့ရဲ့ပျော်ရွင်မှုအတွက် တစိတ်တပိုင်းကူညီနိုင်မယ်လို့ ယုံကြည်လို့ပါပဲ။ ဒီလို အားထုတ်မှုလေးဟာ မိတ်ဆွေအတွက် သိပ်အပန်းမကြီးပေမယ့် မိတ်ဆွေအတွက်ရော အခြားသူတွေအတွက်ရော အရမ်းကိုထိရောက်တဲ့ အားပေးမှုလေးတစ်ခုဆိုတာကိုတော့ သိစေချင်ပါတယ် ။

မိတ်ဆွေမှာ ဘယ်လောက်ပဲ နာကျင်စရာအဖြစ်အပျက်တွေကြုံနေနေ တခြားတစ်ယောက်ကိုပျော်ရွင်အောင် ကူညီပေးလိုက်ရုံနဲ့ မိတ်ဆွေခံစားနေရတဲ့ စိတ်ညစ်စရာတွေ လျော့ပါးသွားတာကို ကြုံတွေ့ရပါလိမ့်မယ် ။ လောကမှာ မရှိမဖြစ်တဲ့တရားလေးပါးဟာ မေတ္တာ၊ ဂရုဏာ၊ မုဒိတာနဲ့ ဥပေက္ခာဖြစ်ပြီး လူတွေခံစားနေရတဲ့ စိတ်ဒုက္ခတွေကို သက်သာအောင်လုပ်ပေးတဲ့ ယခုလိုစွမ်းရည်ဟာ မေတ္တာတရားပဲ ဖြစ်ပါတယ် ။

Source lifestylemyanmar

Leave A Reply

Your email address will not be published.

error: Content is protected !!