Latest Breaking News & Headlines

ကိုဗစ်အကန့်အသတ်နဲ့ ကုလအထွေထွေညီလာခံစတင်…

100

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ၇၅နှစ်ပြည့်သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ်နဲ့ ကုလ အဖွဲ့ဝင် ၁၉၃နိုင်ငံက နိုင်ငံခေါင်းဆောင်တွေဟာ ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် လူကိုယ်တိုင်မဟုတ်ဘဲ ရုပ်သံရိုက်ကူးပြီးသား ဗွီဒီယိုကတဆင့် နှစ်ပတ်လည် ကုလသမဂ္ဂအထွေထွေညီလာခံအဖွင့်မိန့်ခွန်းတွေကို ပြောဆိုနေကြပါပြီ။ အခု အင်္ဂါနေ့ ပြောမယ့် အထဲမှာတော့ ကုလသမဂ္ဂအိမ်ရှင်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု သမ္မတ Donald Trump၊ သူပြီးရင်တော့ ဘရားဇီးသမ္မတ Jair Bolsonara တို့အပြင် အခြား ထင်ရှားတဲ့ ကမ္ဘာခေါင်းဆောင်တွေဖြစ်ကြတဲ့ တူရကီသမ္မတ Recep Tayyip Erodogan၊ တရုတ်သမ္မတ Xi Jinping၊ ရုရှားသမ္မတ Vladimir Putin နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့လည်း ပြောဆိုကြဖို့ရှိပါတယ်။

ကုလမသဂ္ဂ အထွေထွေညီလာခံ ကျင်းပရာခန်းမအတွင်းမှာတော့ ကပ်ဘေးကာလ အကန့်အသတ်တွေအတိုင်း – အဖွဲ့ဝင်နိုင်ငံတွေတွေက ကိုယ်စားလှယ်တဦးစီ၊ ဥရောပသမဂ္ဂကိုယ်စားလှယ် ဗာတီကန်ကိုယ်စားလှယ်၊ ကုလအဖွဲ့ဝင်မဟုတ်တဲ့ ပါလက်စတိုင်းကိုယ်စားလှယ်တို့ပဲ နှာခေါင်းစည်းတွေ တပ်ပြီး ဗွီဒီယိုမိန့်ခွန်းတွေကို တတ်ရောက်နားထောင်ကြပါတယ်။ ညီလာခံ ကျင်းပရာခန်းမ တလျှောက်မှာတော့ လက်သန့်စင်ဖို့ နေရာတွေ လုပ်ထားပေးပြီး ကိုယ်စားလှယ်တွေအနေနဲ့ နှာခေါင်းစည်းတွေ တပ်ထားရမှာဖြစ်ပါတယ်။ ဒါပေမယ့် အပူချိန်တော့ တိုင်းစရာမလိုပါဘူး။

အခုလို ကမ္ဘာကပ်ဘေး ကျရောက်နေတဲ့အချိန်မှာပဲ မနေ့ တနလာင်္နေ့ကတော့ ကုလသမဂ္ဂ တည်ထောင်မှု ၇၅ နှစ်ပြည့်အခမ်းအနား တရပ်လုပ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် လက်ရှိအထိဆိုရင် ကမ္ဘာလူဦးရေ ၁,၀၀၀,၀၀၀ နီးပါး သေဆုံးခဲ့ပြီး၊ ရောဂါပိုးတွေ့ရှိသူဟာလည်း တကမ္ဘာလုံး ၃၁ သန်းကျော်သွားပါပြီ။

COVID 19 ကပ်ရောဂါကြီးဟာ ကမ္ဘာကြီးကို အကြီးအကျယ်ထိခိုက်အားနည်းသွားစေပြီး၊ ဒီအတွက် အားလုံး အတူတကွဖြေရှင်းသွားမှ ရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မနေ့က ကုလ ၇၅နှစ်ပြည့်အခမ်းအနားမှာပြောပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး နောက်ထပ် စစ်ကြီးတခုဖြစ်လာမှာကို ကာကွယ်တားဆီးဖို့ ကမ္ဘာခေါင်းဆောင်တွေ အားထုတ်ရာကနေ ၁၉၄၅ ခုနှစ်မှာ ကုလသမဂ္ဂ ပေါ်ပေါက်လာတာပါ။ အများက စိုးရိမ်နေကြတဲ့ တတိယကမ္ဘာစစ်ကို ရှောင်နိုင်ခဲ့ပါပြီလို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ ခေတ်သစ်ကမ္ဘာသမိုင်းမှာ အင်အားကြီးနိုင်ငံတွေအကြား စစ်ရေးအရ ထိပ်တိုက်ဖြစ်မှုတွေမရှိဘဲ နှစ်ပေါင်းများစွာနေနိုင်ခဲ့ပါပြီ။

ဒါဟာ ကျနော်တို့ အဖွဲ့ဝင်နိုင်ငံတွေ ဂုဏ်ယူနိုင်ကြတဲ့ အကြီးမားဆုံးအောင်မြင်မှုကြီးဖြစ်သလို ဒါကို ဆက်ပြီး ထိန်းသွားရပါလိမ့်မယ်လို့ ကုလ အတွင်းရေးမှုးချုပ်က ပြောပါတယ်။ မနေ့က မိန့်ခွန်းထဲမှာတော့ ကုလသမဂ္ဂက အခြားဆောင်ရွက်နိုင်ခဲ့တဲ့ ဆင်းရဲမှုနဲ့ ငတ်မွတ်မှုလျှော့ချရေး ကပ်ဘေးနဲ့ ပဋိပက္ခတွေအတွင်းက သန်းနဲ့ချီတဲ့ ကမ္ဘာပြည်သူတွေကို အကူအညီအထောက်အပံ့ ပေးနိုင်တာတွေနဲ့ ရောဂါဆိုးတွေကို တိုက်ဖျက်နိုင်တာတွေလည်း ပါဝင်ပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!