Latest Breaking News & Headlines

ကိုဗစ်ရောဂါပိုး ဟာ ပိုက်ဆံမှ တစ်ဆင့်ကူးစက်နိုင်သလား မသိသေးတဲ့ သူတွေအတွက်( ပြန်လည် မျှဝေပေးကြဦးနော်)…

305

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ငွေစက္ကူပေါ်တွင် နာရီပိုင်းသာ အသက် ရှင်နိုင်မှုကြောင့် ကိုင်တွယ်မိခဲ့လျှင် လက်သေချာ ဆေးခြင်းဖြင့် ကူးစက်မှုကို ကာကွယ်နိုင်ကြောင်း သိရှိရ ရန်ကုန်၊ စက်တင်ဘာ(၂၂)ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ငွေစက္ကူပေါ်တွင် (၃)နာရီခန့်ကြာလျှင် ပိုးတစ်ဝက်ခန့်သေဆုံးနိုင်ပြီး (၂၄)နာရီကြာလျှင် ပိုးအားလုံး သေဆုံး နိုင်ကြောင်းနှင့်

ဈေးဝယ်ကတ်တွင် (၇၂)နာရီ ကြာအောင် အသက်ရှင် နေနိုင်ကြောင်း နောက်ဆုံးတွေ့ရှိချက်အရ သိရှိရပါသည်။လက်ရှိတွင် ငွေစက္ကူမှတစ်ဆင့် ရောဂါပိုးကူးစက် သည်ဟူသော အကြောင်းအရာ မရှိသော်လည်း ကိုင်တွယ်ပြီးသောအခါတိုင်း မျက်စိ၊နား၊ နှာခေါင်းစသော မျက်နှာ၏

T Zone နေရာများ ကို မထိတွေ့မိစေရန်နှင့် လက်ကို စင်ကြယ်စွာ ဆေးကြောခြင်းဖြင့် ကူးစက်မှုကို ကာကွယ်နိုင်ကြောင်း ဆေးတက္ကသိုလ် (၁)ရန်ကုန် ၊ ဆေးပညာဌာနမှ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာညွန့်သိန်း မှ သတိပေးပြောကြားထားကြောင်း သိရပါသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!