Latest Breaking News & Headlines

မန္တလေးဆေးရုံကြီး သွေးလှူဘဏ်က စေတနာသွေးလှူရှင်များ လာရောက်လှူဒါန်း​ပေးကြရန် ဖိတ်ခေါ်…

73

မန္တလေးဆေးရုံကြီး သွေးလှူဘဏ်တွင် နေ့စဉ် သွေးပုလင်း အလုံးရေ ၁၀၀ ကျော်လိုအပ်လျက်ရှိရာ စေတနာသွေးလှူရှင်များ လာရောက်လှူဒါန်းကြရန် ဖိတ်ခေါ်ထားသည်။မန္တလေးဆေးရုံကြီး သွေးလှူဘဏ်သည် မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့်လူနာများ

အတွက် လိုအပ်နေသည့်သွေးများကို အဓိကထောက်ပံ့ပေးလျက်ရှိပြီး ယခင်က ဆေးရုံကြီးအတွက် လိုအပ်သည့်သွေးများကို သွေးလှူရှင်များထံမှ စုဆောင်းရရှိသော်လည်း ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလတွင် လာရောက်လှူဒါန်းမှုနည်းပါးခြင်းကြောင့် နေ့စဉ်သွေးလိုအပ်ချက်ပြည့်မီစေရန် သွေးလှူရှင်များလိုအပ်နေကြောင်း သိရသည်။

သွေးအသုံးပြုမှုအနေဖြင့် လစဉ်သွေးပုလင်း အလုံးရေ ၃၅၀၀ မှ ၄၀၀၀ ကြားရှိပြီး နေ့စဉ် တစ်ရက်တာသွေးအလှူရှင် ၁၀၀ ကျော် လိုအပ်နေရာ သွေးနှင့် ပတ်သက်၍ အသက်ဆက်ရမည့် လူနာများစွာရှိနေသဖြင့် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလဖြစ်သော်လည်း ပုံမှန်သွေး လာရောက်လှူဒါန်းကြရန် နှိုးဆော်ထားကြောင်း၊

သွေးလှူရှင်များအနေဖြင့် Mandalay General Hospital Blood Bank Facebook နှင့် ဖုန်း-၀၉-၂၅၈၉၀၂၈၉၆ တို့ တွင် ကြိုတင်ဆက်သွယ်ပြီး လှူဒါန်းနိုင်ကြောင်း၊ ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ၊ စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များတွင် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ လာရာက်လှူဒါန်းနိုင်သည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!