Latest Breaking News & Headlines

မြန်မာပြည် အတွက် အရေးအကြီးဆုံးအချိန်ကို ရောက်နေပါပြီ စည်းကမ်းလိုက်နာပြီး နိုင်ငံတော်ကြီး ကို ကယ်တင်ပါ…

169

– မြန်မာပြည်ရဲ့ ခေတ်သစ် သမိုင်းမှာ အရေးအကြီးဆုံးအချိန်ပါ။ Stay at home ကို တိတိကျကျ လိုက်နာပါ။ အပြင်သွားရင် Mask တပ်ပါ။ လမ်းပေါ်မှာ လူမရှိလေ ကောင်းလေပါ။

– စက်ရုံ၊ အလုပ်ရုံတွေနဲ့ တချို့ ချက်ခြင်း တန်းရပ်ဖို့ ခက်တဲ့လုပ်ငန်းတွေက ၂၄ ရက်နေ့မှာ ရပ်ပါ။

– သူများပြောလို့ ရောယောင်ပီး VITAMIN-D တွေ၊ အေမရိကန်ဖြစ် ဘာညာတွေ ဇွတ်ဝယ်မသောက်ပါနဲ့။ ဗီတာမင် ဒီ ကလဲ တန်ဆေးလွန်ဘေးပါ။ အကျိုးကျေးဇူးရမယ်လို့ အာမခံချက်မရှိပါ။ ငွေကုန်တာပဲ ရှိပါမယ်။

– ဖုန်းတွေ အရမ်း မကြည့်ပါနဲ့။ သီချင်း နားထောင် ရုပ်ရှင်ကြည့်စာဖတ်ပီး စည်းကမ်းကို လိုက်နာပါ။ စိတ်ကျန်းမာရေးပြသနာတွေ အများကြီး မြင့်တက်လာလို့ စိတ်ကို အနားပေးပါ။ ဖေ့စဘွတ် အလွန်အကျွံသုံးစွဲမှုဟာ စိတ်ပင်ပန်းစေမယ်။ ဖိအားတွေ များစေမယ်။ စိတ်ဓာတ်ကျစေပါလိမ့်မယ်။

– တချို့အလုပ်တွေ ပိတ်ခိုင်းပေမယ့် မပိတ် ပေးတာတွေ ရှိတယ်လို့ လာပြောကြပါတယ်။ Work From Home ပဲ လုပ်ရမှာပါ။ အလုပ်လာလို့ မရပါဘူး။ အရေးကြီးလို့ လုပ်ခိုင်းရတာပါ။ ပူးပေါင်းပေးကြပါ။ အဆင်မပြေရင်တော့ သက်ဆိုင်ရာအာဏာပိုင်တွေဆီကို တိုင်ကြားပါ။

– အခြေခံလူတန်းစားတွေ ကြပ်တည်း မှာကို နားလည်ပါတယ်။ မလွှဲမရှောင်သာလို့ လုပ်ရတာပါ။ အစိုးရက တတ်နိုင်တာတွေ ထောက်ပံ့ပေးပါလိမ့်မယ်။ နားလည်သည်းခံပေးကြပါ။

– ဒီ ၂ ပတ်ဟာ အရမ်းအရေးကြီးပါတယ်။ စည်းကမ်း မလိုက်နာကြလို့ ကူးစက်မှုနှုန်းတွေ ဆက်လက်မြင့်တက်နေမယ်ဆိုရင် ကျန်းမာရေးကဏ္ဍသာမက စီးပွားရေးကဏ္ဍကြီးပါ ပြိုလဲသွားနိုင်တဲ့အထိ အခြေအနေ ဆိုးပါလိမ့်မယ်။ မတွေးရဲစရာပါပဲ။ ဒါကြောင့် ၂ ပတ်ထဲနဲ့ ပွဲသိမ်းကြပါစို့။ စည်းကမ်းလိုက်နာခြင်းဖြင့် မြန်မာပြည် ကို ကယ်တင်ကြပါ။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!