Latest Breaking News & Headlines

အာဆီယံ (၁၀)နိုင်ငံ မှာ မြန်မာနိုင်ငံ ရဲ့ ကိုဗစ်ကူးစက် မှုနှုန်း အဆင့် ဘယ်လောက်လဲ မသိသေးတဲ့ သူတွေအတွက်…

245

ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် အတည်ပြုလူနာတွေ့ရှိမှုသည် ယခု အချိန် အာဆီယံ ၁၀နိုင်ငံမှာ မြန်မာနိုင်ငံ အနေနဲ့ အတည်ပြုလူနာဦးရေ ၅၅၀၀ကျော်ဖြင့် အဆင့် ၅နေရာသို့ ရောက်ရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေးဝန် ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။ယနေ့ စက်တင်ဘာလ ၂၁ရက်နေ့ နံနက် ၈နာရီအချိန် ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံ မှာ ကိုဗစ်-၁၉ကူးစက်ခံရ သည့် အတည်ပြု လူနာဦးရေ ၅၈၀၅ဦးအထိရှိပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ထိုသို့ ကိုဗစ်-၁၉အတည်ပြုလူနာ ၅၀၀၀ကျော် ရှိလာသည့် မြန်မာနိုင်ငံမှာ ရောဂါပိုး ကင်းစင်လာသူ ၁၂၆၀ဦးအ ထိရှိသလို ပိုတွေ့ သေဆုံးလူနာသည် စုစုပေါင်း ၉၄ဦးအထိရှိပြီဖြစ်ကာ အာဆီယံနိုင်ငံ ၁၀နိုင်ငံမှာ ပိုးတွေ့အ တည်ပြုလူနာအများဆုံးသည် ဖိလစ်ပိုင်နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။ဒါ့ပြင် အာဆီယံနိုင်ငံ ၁၀နိုင်ငံ မှာ ထိုင်းနိုင်ငံသည် အတည်ပြုလူနာ ၃၅၀၀ကျော်၊ ဗီယက်နမ်သည် ၁၀၀၀ကျော်၊

ကမ္ဘောဒီးယားသည် ၂၅၀ကျော်၊ ဘရူနိုင်း သည် ၁၄၀ကျော်နဲ့ လာအိုနိုင်ငံသည် အတည်ပြုလူနာ ၂၃ဦးသာရှိ တယ် လို့ ဆိုပါတယ်။ထို့နောက် အာရှနိုင်ငံများမှာ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအခြေအနေသည် စက်တင်ဘာလ ၁၉ရက်နေ့ ည ၈နာရီ ခွဲအချိန်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် အဆင့် ၁၇နေရာမှာ ရောက်ရှိနေတယ် လို့လည်း ကျန်းမာရေးဝန် ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!