နဂိုအခြေအနေ အတိုင်းပြန်ဖြစ်လို့ NIGHTCLUB တောင်ဖွင့်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားရာ ဝူဟန်မြို့…
အခုနှစ် ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် စတင် ဖြစ်ပွားရာနေရာလို့ပြောနိုင်တဲ့ ဝူဟန်မြို့က ညဘက်ဖွင့်လှစ်တဲ့ကလပ်တွေကို ပြန်ဖွင့်နေပါပြီ။ ဝူဟန်မြို့ ပုံမှန်အခြေအနေအတိုင်းပြန်ဖြစ်နေတာကို ကလပ်တက်ကာ ပျော်ပါးနေကြတဲ့ ဝူဟန်မြို့ခံတွေကို ရိုက်ထားတဲ့ဓာတ်ပုံတွေမှာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာ လက်ရှိ အဲဒီအခြေအနေကို ရောက်ဖို့ မဖြစ်နိုင်သေးခင်မှာ ဝူဟန်မြို့ကတော့ ညဘက် အပြင်ထွက်ကာ ကလပ်တက်ပြီး ပျော်ရွှင်နေတဲ့သူတွေကို ဓာတ်ပုံရိုက်ခဲ့တာပါ။ ဗိုင်းရပ်စ်ကို တရုတ်နိုင်ငံမှာ အတော်လေးရှင်းထုတ်နိုင်ခဲ့ပါပြီ။ (၃၃) ရက်မှာ ကိုဗစ်ပိုးတွေ့ရှိသူ မရှိခဲ့ဘူးလို့ တရုတ်အစိုးရက ပြောပါတယ်။

ဝူဟန်မြို့ကတော့ မေလကတည်းက ကိုဗစ်ကူးစက်ခံရသူမရှိတော့တာဖြစ်တယ်လို့ အာဏာပိုင်တွေအရ သိရပါတယ်။ အခုလိုရောဂါပိုးကူးစက်ခံရသူမရှိတော့တာကလည်း ဝူဟန်မြို့လူဦးရေ (၁၁) သန်းအတွက် ရောဂါပိုးစစ်ဆေးပေးတဲ့အစီအစဉ်ကြောင့်ဖြစ်နိုင်ပါတယ်။မကြာသေးခင်ကလည်း တရုတ်ပြည်နယ် မီဒီယာတစ်ခုက ဝူဟန်မြို့အခြေအနေပြန်ကောင်းနေပြီး စီးပွားရေးလည်းလည်ပတ်နေပုံရတဲ့ အခြေအနေကို Wuhan Maya Beach Water Park က လူစုလူဝေးကြီးရဲ့ပုံတွေကို ပြသခဲ့ပါသေးတယ်။

အခုအပတ်အစောပိုင်းမှာလည်း ဝူဟန်မြို့က Waterpark အတွင်း ပြွတ်သိပ်ကျပ်နေတဲ့ လူထောင်ချီကို ပြသနေတဲ့ပုံတွေကိုလည်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ Chinese Communist Party ရဲ့ Global Times အင်္ဂလိပ် သတင်းစာ ကတော့ ဒီလူစုလူဝေးလုပ်တာနဲ့ပတ်သက်ပြီး ချေပရေးသားခဲ့ပါတယ်။ ဝူဟန်မြို့က တင်းကျပ်တဲ့ Lockdown စည်းမျဉ်းတွေသာမက ဝူဟန်မြို့ခံ (၁၁) သန်းနီးပါးရဲ့ မြန်ဆန်တဲ့ ရောဂါပိုးစစ်ဆေးမှုတွေကြောင့် ရေကူးကန်ပါတီ ပြန်လည် ကျင်းပနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ပါတီက အလည်လာတဲ့သူတွေနဲ့ ဝန်ထမ်းတွေရဲ့လုံခြုံရေးကို ကာကွယ်ဖို့ အပူချိန်တိုင်းတာခြင်း၊ ပိုးသတ်သန့်စင်ခြင်းတွေအပါအဝင် လိုအပ်တဲ့ လုပ်ဆောင်ချက်တွေလုပ်ခဲ့တဲ့အပြင် လူစုလူဝေးကို ထိန်းချုပ်ဖို့အတွက် ၅၀ ရာခိုင်နှုန်းကိုသာ တက်ရောက်စေခဲ့တယ်လို့လည်း ဆိုထားပါတယ်။

ဝူဟန်မြို့ရဲ့ရေကူးကန်ပါတီက တင်းကျပ်တဲ့ဗိုင်းရပ်စ် တွန်းလှန်ရေး လုပ်ဆောင်ချက် တွေကြောင့် ကျင်းပဖြစ်ခဲ့ရတယ်ဆိုတဲ့ Message ကို ကမ္ဘာကြီးဆီ ချပြနေကြောင်းကိုလည်း အသားပေးပြီး အင်္ဂါနေ့က ရေးသားထုတ်ဝေခဲ့ကြပါတယ်။ ကမ္ဘာမှာ ဝူဟန်မြို့က ဗိုင်းရပ်စ်အထိနာဆုံးမြို့တွေထဲကတစ်ခု လိုဖြစ်ခဲ့ရပြီး အခုဆို ပုံမှန်အတိုင်းဖြစ်အောင် ဘယ်လိုလုပ်ခဲ့ရတယ်ဆိုတာကိုလည်း ရှင်းပြထားပါသေးတယ်။
“COVID-19 ရောဂါပိုးစတင်ပေါ်လာခဲ့တဲ့နေရာ၊ ဗိုင်းရပ်စ်ကြောင့် အထိနာခဲ့တဲ့မြို့ ဝူဟန်က အခုဆိုရင် ခရီးသွားတွေကို ပြန်လည်ကြိုဆိုနေပြီး စီးပွားရေးလည်း ပြန်ကောင်းလာပါပြီ။ ဒေသခံတွေက မြို့ရဲ့ပုံမှန်အတိုင်းပြန်ဖြစ်လာတဲ့အခြေအနေကိုလည်း မြင်တွေ့ရတာက တင်းကျပ်တဲ့ကြိုတင်ကာကွယ်ရေးလုပ်ဆောင်ချက်တွေကြောင့်လည်းဖြစ်တယ်” လို့ ရေးသားပြောဆိုထားပါတယ်။