သံတမန်တစ်ဦးအဖြစ် ဖြူဖြူထွေး ခန့်အပ်ခံလိုက်ရပြီ
ဖြူဖြူထွေးဟာ ရိုးသားကြိုးစားပြီး စိတ်ရင်းကောင်းတာကြောင့် ပရိသတ်တွေက ချစ်ခင်ကြတဲ့
သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်…

ကြော်ငြာပေါင်းများစွာကို ရိုက်ကူးပြီး အောင်မြင်နေသူတစ်ဦးဖြစ်သလို ဝါရင့်အနုပညာရှင်ကြီးတွေကိုလည်း
လှူဒါန်းမှုတွေ လုပ်ပေးနေသူဖြစ်ပါတယ်….

အဲဒီလို ပရဟိတစိတ်ရှိမှု စိတ်ထားကောင်းမှုတွေကြောင့် ပိုပိုပြီး အောင်မြင်လာနေတာပဲဖြစ်ပါတယ်..

ခုဆိုရင်လည်း အားလုံးကချစ်ကြတဲ့ ဖြူဖြူထွေးဟာ ရန်ကုန်အသက်မွေးနည်းပညာကောလိပ်
ပညာရေးမြှင့်တင်မှု အတွက် YVCT Kindness Ambassador အဖြစ်ခန့်အပ်ခံလိုက်ရပါတယ်…

ဒီအကြောင်းလေးကို ဖြူဖြူထွေးက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ခုလို ဖော်ပြထားပါတယ်..
“ရန်ကုန်အသက်မွေးနည်းပညာကောလိပ်ပညာရေးမြှင့်တင်မှု အတွက် YVCT Kindness Ambassador
ခန့်အပ်ပွဲ ဖြစ်ပါတယ်ရှင့်…”

ခုလို ပညာရေးကဏ္ဍမှာ Kindness Ambassador အဖြစ်ခန့်အပ်ခြင်းခံရလို့ ပရိသတ်တွေကလည်း ဂုဏ်ယူစွာနဲ့
ဂုဏ်ပြုနေကြတာကိုလည်း တွေ့ရပါတယ်…

ဒါကြောင့် ပရိသတ်ကြီးတို့လည်း Kindness Ambassador တစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေးကို ဝိုင်းဝန်းဂုဏ်ပြု
စကားဆိုပေးကြပါအုံးနော်…

Writer ;Happy and Lucky
Source ; Phyu Phyu Htwe