Latest Breaking News & Headlines

မြန်မာနိုင်ငံ မှ မြို့ကြီးများ သတိပြု ရမည့် နို(လ်) အပူပိုင်း မုန်တိုင်း အန္တရာယ်…

196

အပူပိုင်းမုန်တိုင်း နို(လ်) (NOUL) အခြေအနေ နဲ့ ပတ်သက်ပြီး မိုးလေဝသနဲ့ ဇလဗေဒက တိုင်း ထွာချက် များအရ တောင်တရုတ် ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း နို(လ်)(NOUL) သည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ (Da na ng) ၏ အရှေ့တောင်ဘက် မိုင် (၈၀) ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေတယ်လို့ သိရ ပါတယ်။ အဆိုပါ အပူပိုင်းမုန်တိုင်း နို(လ်) (NO UL) သည် နောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နေ့လယ်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ (Danang) အနီးမှ ဖြတ်ကျော် ဝင်ရောက် နိုင်ကာ ကုန်းတွင်းသို့ ဝင်ရောက်လာ ပြီးနောက် တစ်ဖြေး

ဖြေး အားလျော့သွား ကာ အနောက်နှင့် အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ၁၉ရက် နေ့မှ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသများသို့ လေပွေလှိုင်းအဖြစ် ရောက်ရှိနိုင်မယ်လို့ မိုးဇလက ခန့်မှန်းထား ပါတယ်။ အပူပိုင်းမုန်တိုင်းနို(လ်) (NOUL)ရဲ့ အရှိန်ကြောင့် ယခုလ ၁၈ ရက် နေ့မှ စတင်ကာ ၂၂ ရက်နေ့ အရက်နေ့ အထိ နေပြည် တော် မန္တလေးတိုင်း ဒေသကြီး မကွေးတိုင်း ဒေ သကြီး၊ ပဲခူးတိုင်း ဒေသကြီး ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင် ပိုင်း)၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်နှင့်

မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အ ပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်း နဲ့ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်တယ် ပါတယ်။ မုန်တိုင်းရဲ့အရှိန်ကြောင့် မိုး သည်းထန်စွာ ထစ်ချုန်း ရွာသွန်းခြင်းနဲ့အတူ လေ ပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်သူများအနေနဲ့ မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင် သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလ အကြံပြု

ထားပါတယ်။ အဲဒီရက်ပိုင်း အတွင်းမှာ လျှပ်တပြတ် ရေကြီးမှုတွေကြောင့် စိုက်ပျိုးရေး မွေးမြူ ရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန လက်အောက် မှာရှိတဲ့ သက်ဆိုင်ရာ ဒေသတွေက အဆောက် ဦးနဲ့ စက်ယန္တရား၊ တာတမံတို့နဲ့ ဆက်စပ်တာတွေ ထိ ခိုက်ပျက်စီးမှု မရှိစေဖို့ ဘေးအန္တရာယ် ကြိုတင် စီမံချက်တွေ အညီ အထူးအလေး ထားဆောင် ရွက်ဖို့ လိုအပ် ပါတယ်။ လက်ရှိတွင် မန္တလေး တိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ် တို့တွင်နေရာကွက်၍ မိုးကြီးနေပြီး မြို့နယ်အချို့မှာ ရေဘေးကြုံတွေ့နေ ပါတယ်။ နိုလ်မုန်တိုင် အရှိန်ကြောင့် ဒေသအများအပြား မိုးသည်းထန်စွာ ရွာသွန်းပါ

က ရေဘေးအန္တရာယ် ကြိုတင်သတိ ပြုရန် လို အပ်နေ တာဖြစ်ပါတယ်။ ဒါ့အပြင် ရေလွှမ်းမိုးမှုသည် မိုးရာသီတွင် အများဆုံး ဖြစ်ပွားလေ့ ရှိပြီး ဇွန်လမှ အောက်တိုဘာလ အတွင်း ရေလွှမ်းမှု ဒဏ်အားကြုံတွေ့ရနိုင်ပြီးဩဂုတ်လတွင်မုတ်သုံမိုးအများဆုံးရွာသောအချိန်ဖြစ်၍ရေလွှမ်းမိုး မှုအဖြစ်များဆုံး အချိန်ရာသီလဲ ဖြစ်ကြောင်းမိုး လေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။ သဘာဝဘေးကြောင့် ကယ်ဆယ်ရေးစခန်းများမှာ ယာယီပြောင်းရွှေ့နေထိုင်ကြရတဲ့အခါ COVID – 19 စည်းကမ်းတွေကို မဖြစ်မနေ လိုက်နာကြဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်

ပြန်လည် နေရာချ ထားရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အ ထူး သတိပေး ပြောကြားလိုက်ပါတယ်။ COVID – 19 ကပ်ရောဂါရဲ့ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်၊ ထိန်းချုပ်၊ ရင်ဆိုင် ကျော်လွှားနေချိန်၊ ၂၀၂၀ နိုဝင်ဘာ လ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေး ဆောင်ရွက်ရာမှာ COVID –19 စည်းကမ်ချက်များနဲ့အတူ ပြည်သူများရဲ့ ကျန်းမာရေး ကို အလေး ထားရချိန်မှာ တားဆီးလို့မရတဲ့ သဘာဝဘေးကိုလည်း သတိမပြုလို့ မရပါဘူး လို့ဒေါက် တာဝင်းမြတ်အေးက ပြောပါတယ်။ သဘာဝဘေ ကြောင့် ကယ်ဆယ်ရေ းစခန်းများမှာ ယာယီ

ပြောင်းရွှေ့ နေထိုင်ကြရတဲ့အခါ COVID – 19 စည်းကမ်း များကို မဖြစ်မနေ လိုက်နာကြဖို့ အ ထူး သတိပေးလို ကြောင်း၊ ပြည်သူများ အနေနဲ့ မိုးလေဝသ သတင်းများကို ဂရုပြုနားထောင်ဖို့လိုအပ်ပြီး သက်ဆိုင်ရာ ဒေသအလိုက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ တာဝန်ရှိ

သူများရဲ့ အကြံပေးချက်၊ ညွှန်ကြားချက်များကို လိုက်နာ ပါဝင် ဆောင်ရွက်ပေးကြဖို့ကိုလည်း တိုက်တွန်းလိုကြောင်း ပြောကြားထား ပါတယ်။မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ မိုး သည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့တာကြောင့် လူ လေးဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

မနှစ်ကလည်း မိုးများပြီး ရေကြီးရေလျှံကာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့မှုကြောင့် လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။မွန်ပြည်နယ်ဟာ ရေကြီးမှုကြောင့် လူ သေဆုံးမှု အများဆုံး ရင်ဆိုင်ခဲ့ရတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး လူပေါင်းရာနဲ့ချီသေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ဒါ့ကြောင့်အခုလို မုတ်သုံကာလတွေမှာ ရေကြီးကာမြေပြိုမှုအန္တရာယ်ကို အထူးဂရုပြုရမှာဖြစ်ပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!