အမေရိကန် တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg ကွယ်လွန်…
အမေရိကန် တရားရုံးချုပ်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာတဲ့ တရားသူကြီး Ruth Bader Ginsburg ဟာ သောကြာနေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

တရားသူကြီး Ginsburg ဟာ အသက် ၈၇ နှစ်အရွယ်မှာ ဝါရှင်တန်က သူ့ရဲ့နေအိမ်မှာ ပန်ခရိယကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ အမေရိကန် တရားရုံးချုပ်ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။
“ကျနော်တို့နိုင်ငံဟာ သမိုင်းမှတ်တမ်းဝင် အဆင့်အတန်းရှိတဲ့ တရားသူကြီးတဦးကို ဆုံးရှုံးလိုက်ရပြီဖြစ်တယ်လို့” အမေရိကန် တရားသူကြီးချုပ် John Roberts က ကြေညာချက်မှာ ပြောလိုက်ပါတယ်။
သူဟာ ကင်ဆာရောဂါကို ၅ ကြိမ်လောက် အပြင်းအထန် ခံစားခဲ့ရပြီး ပြီးခဲ့တဲ့ ဇူလိုင်လကတော့ ကင်ဆာရောဂါ ပြန်ပေါ်လာတာကြောင့် အသည်းကို Chemotherapy ဓာတုကုထုံးနဲ့ ကုသနေရတယ်လို့ ကြေညာပါတယ်။
Ginsburg ဟာ ၁၉၉၃ ခုနှစ်ကစပြီး အမေရိကန် တရားရုံးချုပ် တရားသူကြီး ဖြစ်လာခဲ့ပြီး အမေရိကန် တရားရုံးချုပ်သမိုင်းမှာ ဒုတိယမြောက် အမျိုးသမီး တရားသူကြီးလည်း ဖြစ်ပါတယ်။
၁၉၅၄ ခုနှစ်မှာ Cornell တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့နောက် Harvard တက္ကသိုလ် ဥပဒေကျောင်းကို ဝင်ခွင့်ရခဲ့ပါတယ်။ Harvard ဥပဒေကျောင်းက အမျိုးသမီးတွေကို စတင်လက်ခံပြီး ၅ နှစ်အကြာမှာ တက်ရောက်ခွင့်ရခဲ့တာနဲ့ ပတ်သက်ပြီး Ginsburg က အခုလို ပြောခဲ့ဖူးပါတယ်။
“ကျမ ဥပဒေကျောင်းကို တက်ခွင့်ရတဲ့အချိန်မှာ အတန်းမှာ ကျောင်းသား ၅၀၀ ကျော်ရှိပြီး အဲဒီထဲမှာ အမျိုးသမီး ၉ ယောက်ပဲ ပါပါတယ်” လို့ Ginsburg က ပြောခဲ့ပါတယ်။
အဲဒီနောက်တော့ Ginsburg ဟာ ကိုလံဘီယာတက္ကသိုလ်ကို ပြောင်းပြီး အဲဒီကနေ ဥပဒေဘွဲ့ ရခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူမဟာ လစ်ဘရယ်အယူဝါဒနဲ့ အမျိုးသမီးအခွင့်အရေး ရပ်တည်ကာကွယ်ပေးသူ ဖြစ်လာခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာတော့ သားသမီး ၂ ယောက်နဲ့အတူ မြေးအများအပြား ကျန်ခဲ့ပါတယ်။
အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….