Latest Breaking News & Headlines

မိတ္ထီလာဘူတာ၏ သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသည့် အမှတ်(၁၁၁/၁၁၂) အစုန်၊ အဆန် စာပို့ရထား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ယာယီ ရပ်နား…

178

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာဘူတာ၏ သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသည့် အမှတ် ၁၁၁/၁၁၂ အစုန်၊ အဆန် စာပို့ရထားကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ယာယီ ရပ်နားထား ရှိကြောင်း သိရသည်။ မြန်မာ့မီးရထား မိတ္ထီလာဘူတာမှ သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသော အမှတ် ၁၁၁ အဆန်နှင့် အမှတ် ၁၁၂ အစုန် စာပို့ရထားတွင် စီးနင်းလိုက်ပါလျက်ရှိသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမရှိစေရေးအတွက် ဧပြီလ ၁၀ ရက်နေ့မှစတင်၍ ပြေးဆွဲခြင်းကို ယာယီရပ်နား ထားလျက်ရှိသည်။

အဆိုပါ သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသော အမှတ် ၁၁၁ အဆန်နှင့် အမှတ် ၁၁၂ အစုန် စာပို့ရထားမှာ သာစည်ဘူတာမှ မြင်းခြံဘူတာအထိ ကွမ်းခြံရိုး၊ မိတ္ထီလာ၊ အင်ကြင်းစု၊ ရေချို၊ မလှိုင် ၊ ရုံးစည်ကြီး၊ တောင်သာ၊ ဖက်တော၊ ဆားခါးဘူတာများကို ဖြတ်သန်းသွားလျက်ရှိကြောင်း မိတ္ထီလာဘူတာမှ ရုံပိုင်ကြီးဦးမြင့်ထွန်းထံမှ သိရသည်။

မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် မိတ္ထီလာဘူတာ၏ သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသည့် အမှတ် ၁၁၁ အဆန်နှင့် အမှတ် ၁၁၂ အစုန် စာပို့ရထား ယာယီရပ်နားထားသည့်အပြင် မိတ္ထိလာမြို့အခြေပြု ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်လိုင်းများ ကိုလည်း စက်တင်ဘာ ၁၀ ရက်နေ့မှ စတင်၍ ပြေးဆွဲခွင့်မပြုဘဲ ယာယီရပ်နားထားရှိကြောင်း သိရသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!