မြန်မာ COVID-19 ကြောင့် သေဆုံးသူ အယောက် ၆၀ ရှိပြီ…
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ ၁၄၈ ယောက်ထပ်မံတွေ့ရှိခဲ့တဲ့အတွက် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၄,၀၄၃ ယောက် ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ပြောပါတယ်။ ဒါ့အပြင် သေဆုံးသူ နောက်ထပ် ၃ ယောက် ထပ်တိုးတာကြောင့် သေဆုံးသူဦးရေကလည်း ၆၀ ရှိသွားပြီလို့ ပြောပါတယ်။

ဒီနေ့ ဓာတ်ခွဲ နမူနာ ၁,၇၃၀ ကို စမ်းသပ်စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်ခံရသူူ ၁၄၈ ယောက်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အခုနောက်ထပ် သေဆုံးသူ ၃ ယောက်ကကတော့ အမျိုးသား ၁ ဦး အမျိုးသမီး ၂ ဦးဖြစ်ပြီး အမျိုးသားကတော့ ဝေဘာဂီဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အသက် ၄၂ နှစ်အရွယ် လူနာအမှတ် ၃,၇၄၆ ဖြစ်ပါတယ်။ အမျိုးသမီး ၂ ဦးမှာ တဦးက တပ်မတော် အသည်းရောဂါအထူးကုဆေးရုံမှာ တက်ရောက်ကုသနေသူ အသက် ၆၅ နှစ်အရွယ် လူနာအမှတ် ၃,၀၀၄ ဖြစ်ပြီး ကျန်တဲ့တဦးကတော့ ကုတင် ၅၀၀ အထူးကုဆေးရုံမှာ ကုသနေတဲ့ အသက် ၆၇ နှစ်အရွယ် လူနာအမှတ် ၃,၅၆၅ ဖြစ်ပါတယ်။ ဒီနေ့ အစောပိုင်းက သေဆုံးသူ ၁၁ ယောက်ရှိတာကြောင့် ဒီနေ့ တရက်တည်းတင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူက ၁၄ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။
ဒါ့အပြင် ဒီနေ့မှာ ၂ ကြိမ်ဆက် ပိုးမတွေ့သူ ၃၆ ယောက်ရှိတာကြောင့် ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံက ဆင်းခွင့်ရသူ ၉၄၄ ယောက်ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် မနေ့ စက်တင်ဘာ ၁၆ ရက်နေ့ကနေ ဒီနေ့ နေ့လယ် ၁၂ နာရီအထိ နောက်ထပ် စောင့်ကြည့်လူနာသစ် ၃၀၅ ယောက်ရှိတယ်လို့လည်း ပြောပါတယ်။
အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….