Latest Breaking News & Headlines

မုဒိမ်းမှုကျူးလွန်ခဲ့ဟု တပ်မတော်သား စစ်သည် ၃ ဦး ဝန်ခံထွက်ဆို…

249

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊  ဦးဂါကျေးရွာအနီးမှာ ရွာသူ အမျိုးသမီး ၁ ဦးကို   အဓမ္မပြုကျင့်ခဲ့ကြောင်း ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သား စစ်သည် ၃ ဦးက  ဝန်ခံထွက်ဆို ဖြောင့်ချက်ပေးခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဇွန် ၃၀ ရက်က ရသေ့တောင်မြို့နယ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်ကြောင်းတစ်ခုက  ဦးဂါကျေးရွာအနီး တပ်ချခဲ့ရာမှာ  ဦးဂါကျေးရွာနေ အမျိုးသမီးတစ်ဦးကို  စစ်သည် ၃ ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင် အမျိုးသမီးက စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တဲ့ အမှုဖြစ်ပါတယ်။

တပ်မတော်အနေနဲ့  တိုင်ကြားမှုနဲ့ ပတ်သက်လို့ ဖြစ်စဉ်မှန်ပေါ်ပေါက်စေရေးအတွက်  ဇူလိုင်လက စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းပြီး  နှစ်ဖက်သက်သေတွေနဲ့ စနစ်တကျ စစ်ဆေးဖော်ထုတ်ခဲ့ရာ ပထမအကြိမ် စစ်မေးရာမှာ  ပြစ်မှုကျူးလွန်သူ ၃ ဦးက ပြစ်မှုကျူးလွန်ခဲ့တာ မရှိကြောင်း လိမ်လည်ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်သက်သေထွက်ဆိုချက်တွေ ကွဲလွဲမှုများပြားနေလို့ စက်တင်ဘာလဆန်းမှာ ပိုမိုတိကျတဲ့ စစ်ဆေးချက်တွေနဲ့  ဒုတိယအကြိမ် ထပ်မံစစ်ဆေးမှသာ  ပြစ်မှုကျူးလွန်သူ စစ်သည် ၃ ဦးက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုဖြောင့်ချက်ပေးခဲ့တာလို့ ဆိုပါတယ်။

ဒါ့ကြောင့် ပြစ်မှုကျူးလွန်သူ တပ်မတော်သား ၃ ဦးကို စစ်တရားရုံးဖွဲ့စည်းပြီး ပွင့်လင်းမြင်သာစွာ စစ်ဆေးကာ ဥပဒေနဲ့ အညီ ထိရောက်ပြင်းထန်စွာ အရေးယူနိုင်ဖို့နဲ့ ကျန်တာဝန်ရှိသူတွေကိုလည်း စစ်စည်းကမ်းအရအရေးယူနိုင်ဖို့ ဆောင်ရွက် သွားမယ်လို့ တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက် ညနေ ၅ နာရီလောက်က ဦးဂါကျေးရွာအတွင်းကို ရောက်ရှိလာတဲ့ တပ်မတော်စစ်ကြောင်းနဲ့ လိုက်ပါလာတဲ့ တပ်မတော်သား ၃ ဦးဟာ ည ၁၁ နာရီအချိန်လောက်မှာ ဗုံးခိုကျင်းထဲမှာရှိနေတဲ့ အမျိုးသမီးကို သေနတ်ထောက် ခေါ်ထုတ်ကာ အဓမ္မပြုကျင့်ခဲ့တာလို့ အသက် ၃၆ နှစ်အရွယ် ကလေး ၄ ဦး မိခင် ကာယကံရှင်အမျိုးသမီးက မီဒီယာတွေကို ပြောပြခဲ့ ပါတယ်။

ဒီနောက် ဇူလိုင် ၁၀ ရက်နေ့မှာ  ကာယကံရှင်အမျိုးသမီးက စစ်တွေမြို့ မြို့မရဲစခန်းကိုလာရောက်ပြီး  ရာဇသတ်ကြီးပုဒ်မ ၃၇၆- မုဒိမ်းမှု၊ ပုဒ်မ ၃၆၆ အတင်းအဓမ္မ သွေးဆောင်ဆွဲခေါ်မှု၊ ပုဒ်မ ၁၄၄ ပြစ်မှုကျူးလွန်ဖို့အတွက် အားပေးမှုစတဲ့ ပုဒ်မ သုံးခုနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကတော့ သတင်းဟာမှန်ကန်မှုမရှိကြောင်းနဲ့ ပြည်သူလူထု အထင်လွဲမှားစေဖို့ လုပ်ကြံဖန်တီးပြီး မမှန်သတင်းဖော်ပြတာသာ ဖြစ်ကြောင်း ဇူလိုင် ၂ ရက်မှာ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် တခြားတိုင်းရင်းသားဒေသတွေမှာလည်း အမျိုးသမီးတွေအပေါ်  တပ်မတော်သားတချို့ရဲ့ အဓမ္မပြုကျင့်မှုတွေရှိခဲ့ပေမဲ့  အခုလို စုံစမ်းစစ်ဆေး ဝန်ခံထွက်ဆိုတဲ့ ဖြစ်စဉ်ကတော့ ရှားရှားပါးပါးဖြစ်ပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!