Latest Breaking News & Headlines

လမ်းဘေးမြောင်းပေါ် မှာ ဝါးကပ်ခင်းပြီး အိပ်ခဲ့ရတဲ့ အထိ ဘဝအခြေအနေ ခက်ခဲခဲ့ကြောင်း ရင်ဖွင့် ခဲ့တဲ့ ဒိန်းဒေါင်…

164

အနုပညာအလုပ်တွေ ကြိုးစားလုပ်ကိုင်ရင်း ဟာသလူရွှင်တော်ဒိန်းဒေါင်က ပရိသတ်တွေကို ပျော်အောင် လုပ်ပေးနေသူတစ်ယောက်ပါ။ ဒိန်းဒေါင်ဟည အကူအညီလိုအပ်သူတိုင်းကို ကူညီပေးပြီး အလှူအတန်း ရက်ရောလွန်းသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ယနေ့တိုင် ဒိန်းဒေါင်ကို အားပေးချစ်ခင်နေကြတုန်းဖြစ်ပါတယ်။အခုတင်ဆက်ပေးမှာကတော့ ဒိန်းဒေါင် စီးပွားရေး လုပ်နေတာကို အပြစ်ပြောတဲ့အကြောင်းတွေနဲ့ ဘဝကို ခက်ခဲစွာဖြတ်သန်းခဲ့ရပုံတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အထည်လေးတွေရောင်းနေတာကို ဝေဖန်မှုရှိတဲ့အပေါ်ကို ဒိန်းဒေါင်ကို မေးခဲ့ပါတယ်။ ဈေးရောင်းတယ်ဆိုတာ တချို့က ငတ်နေပြီ လားတဲ့။ ပြောတဲ့သူ Wall ထဲကို ဝင်ကြည့်လိုက်တယ်။ ထမင်းဝိုင်းမှာတွေ့တာ ဘဲဥ သုံးခြမ်းနဲ့ စားနေရတယ်။ အဲ့တော့ ကျွန်တော်က သူ့ကို နှိမ်ပြောတာမဟုတ်ဘူး။ ညီလေး အလုပ်သမားလိုလို့ ရွှေဆိုင်ဖွင့်ထားတဲ့ဆီမှာ ဝန်ထမ်းခန့်ချင်လို့ လုံခြုံရေးလို့။ ညီလေးရတဲ့ လစာထက်တောင် အကို (၂)ဆပေးမယ်လို့ ပြောချင်တာ ။

“ဒါပေမယ့် ပြောရင် ကျွန်တော့ကို ကြွားတယ်လို့လဲထင်သွားမယ်။ ” လို့ ဒိန်းဒေါင်ကပြောခဲ့ပါတယ်။

အခု ကျွန်တော် အထည်လေးတွေ ရောင်းတယ်ဆိုတာက ကျွန်တော့်မိသားစုကို ထမင်းအိုးတည်ပေးတာ။ ကျွန်တော့သား အမွှာပူးလေးနှစ်ယောက်က ဆယ်တန်းအောင်သွားပြီ။ တစ်ယောက်က ပထမနှစ် ဘာအလုပ်မှမရှိဘူး။ လေးတွေ လေသွားမှာလဲ ကြောက်တယ်။ ပြီးတော့ နောက်သားတစ်ယောက်ကလဲ ဆယ်တန်းစာမေးပွဲ ဖြေထားတာ။ ဒီသား(၃)ယောက်က အရွယ်လေးတွေရောက်လာတော့ သူတို့ကို အလုပ်ကလေးတွေ လုပ်ပေးချင်တယ်။ ကျွန်တော့် အမျိုးသမီးကလဲ အိမ်မှာ အလုပ်မရှိဘူး။ သူတို့ကို အဲ့လုပ်ငန်းလေးတွေ ကျွန်တော်လုပ်ပေးချင်တာ။

ထမင်းအိုးတည်ပေးတာ။ ကျွန်တော်ကဝယ်တဲ့သူတွေ စာဖတ်ရင်တောင် ကျွန်တော်က English လိုဖတ်တတ်တဲ့ကောင်မဟုတ်ဘူး။ ဘယ်လိုမှာလို့ မှာရမှန်းလဲ ကြည့်တတ်တာမဟုန်ဘူး။ အရင်တုန်းကဆို ကျွန်တော့် Like ကလေးတွေ ကလေ 3k လောက်ရရင်ကို ပျော်နေတာ။ ကိုနေတိုးအိမ်လဲရောက်ရော ကိုနေတိုးက ဟိုဟာမဖဠင့်ထားဘူးနော်တဲ့။ သူလုပ်ပေးလိုက်တော့မှ လင်မယားနှစ်ယောက်ပုံက 24k တို့ ဘာတို့ ဖြစ်ကုန်တာ။

အဲ့တာတွေ ဝင်လာတော့လဲ တစ်မျိုး စိတ်ဆင်းရဲရတယ်။ ကျွန်တော်ကလေ သူများကပြောရင် မလေးစားရာ ကျမှာစိုးလို့ လက်မလေးတွေကို နှိပ်ရတာ တစ်နေ့လုံးထိုင်နှိပ်ရတာဗျာ။ အဲ့တာကလဲ အများကြီးရှိတယ် ထောင်ချီဆိုတော့ ကျွန်တော်လဲ လက်တွေညောင်းတာပေါ့။ ပြီးတော့ သူတို့ရေးထားတာတွေကိုလဲ တစ်ခုချင်းပြန်မရေးနိုင်ဘူးပေါ့။ မျက်လုံးလဲမကောင်းဘူး။ အဲ့တာတွေလဲ နားလည်ပေးပါလို့ ဒိန်းဒေါင်က ပြောခဲ့ပါတယ်။

အဲ့လိုကျွန်တော်တို့ ထမင်းအိုးတည်တာကို ထမင်းအိုးဆူမဆူ ဝိုင်းမကြည့်ပေးရင်လဲနေပါ။ ရေဘယ်လောက်ထည့်ရမလဲ ဆန်ဘယ်လောက်ထည့်ရမလဲ မပြောပြရင်လဲနေပါ။ ကျွန်တော်တည်နေတဲ့ ထမင်းအိုးအောက်က မီးကိုတော့ ရေနဲ့ဖြန်းပြီး မညှိမ်းပါနဲ့။ ဆွဲထုတ်ပြီး မီးနဲသွားအောင် ထမင်းအိုး မကျက်အောင် မလုပ်ပါနဲ့လို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ တောင်းလဲ တောင်းပန်ပါတယ်။ အဲ့တာကလေ မြန်မာစကားပုံတစ်ခုရှိတယ် ကံတူအကျိုးပေးဖြစ်တတ်တယ် သိလား။ သူများထမင်းလုပ်ပုတ်ချရင် ကိုယ့်ထမင်းလုပ်ပုတ်ချခံရတတ်တယ်။ သူများစီးပွားရေး တုတ်နဲ့ထိုးရင်လဲ ကိုဘာလုပ်လုပ် အဆင်မပြေတတ်ပါဘူး။ ဒါက ဘုရားဟောပါ။ ဘယ်လူမျိုး ဘယ်ဘာသာ ဘာပဲကိုးကွယ် ကိုးကွယ် ဘယ်ဘုရားမှ မကောင်းတာကိုလုပ်ဖို့ မပြောခဲ့ပါဘူး။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့ပဲဟောခဲ့တာပါလို့ ဒိန်းဒေါင်က ပြောခဲ့ပါတယ်။

ကိုယ့်ထက်မရှိတဲ့သူကို ပြန်လှူပေးတဲ့အပေါ် ဒိန်းဒေါင်ရဲ့ အမြင်လေးတွေကို မေးခဲ့တဲ့အပေါ် ယခုလိုပဲ ဖြေခဲ့ပါတယ်။ သူတို့က နဲနဲပြေလည်တဲ့သူလား။ ကျွန်တော် ပေးမယ့်သူထက် နိမ့်ကျတဲ့လူလား။ ဒါလဲ ကျနော်က မသိဘူးလေ။ ကျွန်တော်က ပေးမယ်ဆိုထဲက တကယ်မရှိတဲ့သူပဲ လိုက်လှူတာပဲလေ။ Mask တွေဝယ်တယ်။ ဘော်ဒါတွေ အလှူခံတယ်။ ဆန်တွေလိုက်ဝယ်တယ်။ ဂျောင်ဂျိုဂျောင်ကြား ကိုယ့်ဘာကိုသွားပြီး လုပ်ခဲ့တာပဲလေ။

အချို့က မသိကြဘူး။ ကျွန်တော့်ရုပ်ရှင်ကားတွေ ကျွန်တော် ဒါရိုက်တာလုပ်တဲ့ကားတွေမှာတောင် ရေးထားတာအများကြီး။ ရိုက်ပြထားတာလေ ရေသန့်ဘူးတစ်ဘူးကို တစ်ရာနဲ့ ဝယ်သောက်နေရတဲ့နေရာတွေရှိတယ်။ ထမင်းအိုးထဲက ထမင်းကိုချက်ပြီးတော့ တစ်ခုခုပေါ်မှာ ပုံပြီးတော့ အဲ့ထမင်းအိုးလေးကို တိုက်ပြီးတော့ သွားပေါင်ပြီးတော့ ညနေအလုပ်ပြန်လာမှ အဲ့ထမင်းအိုးလေးကို ပြန်ရွေးပြီးတော့ ထမင်းချက်စားရတဲ့သူတွေလဲရှိတယ်။ အများကြီးရှိတယ် အခု။ ရန်ကုန်တိုင်း ဆိုတဲ့ တိုင်းကြီးမှာပဲ ရှိသေးတယ်နော်။ ကျန်တဲ့နေရာတွေ မပြောသေးဘူး။ လို့ ဒီန်းဒေါင်က မျှဝေခဲ့ပါတယ်။

အဓိကက ဒိန်းဒေါင် မင်းဘာလို့သိလဲဆိုတော့ စုံစမ်းကြည့်။ ကျွန်တော်က သူဌေးမှ ရွေးပေါင်းတဲ့ထဲမှာ ကျွန်တော်မပါဘူး။ ရှူတင်မှာထမင်းစားရင်လဲ မေးကြည့်။ ကျွန်တော် မင်းသား မင်းသမီးတွေနဲ့ စားခဲတယ်။ ဥပမာ ကိုခင်လှိုင်တို့နဲ့ပဲရိုက်ရိုက် ဘယ်သူနဲ့ရိုက်ရိုက် ကျွန်တော်သွားပြီးတော့ စားခဲတယ်။ မေးကြည့်လိုက်။ စက်အဖွဲ့တွေဆို ပိုသိတယ်။ ကျွန်တော် သူတို့နဲ့ပဲ စားတာ။ စက်အဖွဲ့တွေနဲ့ ပတ်သတ်ပြီးတော့ အမှတ်တရတွေရှိတယ်။ မေမြို့မှာ မန်နေဂျာလဲမပြောတော့ဘူး ဒါရိုက်တာလဲမပြောတော့ဘူး။ ကုမ္ပဏီလဲမပြောတော့ဘူး။ စက်အဖွဲ့တွေ Battery တွေပျောက်သွားတာ (၁၀)သိန်းဖိုး။ မန်နေဂျာက အချုပ်ထဲထည့်မယ်လုပ်တာ သူတို့ပေါ့လို့။ သူတို့ပေါ့တာလဲ ပါတာပေါ့။ သူတို့က(၁၀)ယောက်လောက် စက်ထဲမှာ ဒါပေမယ့် သူတို့မိသားစု အယောက်(၁၀၀)လောက် ဒုက္ခရောက်သွားမှာ။ ကျွန်တော် မန်နေဂျာကို တိုက်ရိုက်သွားပြောတယ်။ ဘယ်လောက်ဖိုးလဲလို့။ သူက ဆယ်သိန်းလို့ပြောတယ်။ ကျွန်တော် လျှော်မယ်။

ကျွန်တော်က အဲ့အချိန်မှာ ဒိန်းဒေါင်လေ။ ကျွန်တော် အဆင်ပြေနေပြီ။ အဲ့တာကို မှတ်မိတဲ့ စက်အဖွဲ့တွေရှိတယ်။ အဲ့တော့ ဘာဖြစ်သွားလဲဆိုတော့ ကျွန်တော်လဲ လျော်ကြေးမပေးရဘူး။ စက်အဖွဲ့တွေလဲ ဘာမှမဖြစ်ဘူး။ ပြန်တွေ့လားဆိုတော့ မတွေ့ဘူး။ ကုမ္ပဏီကပဲ အဆုံးဖြစ်သွားတာ။ ဒိန်းဒေါင်သွားပြောတော့လဲ နှုတ်၏ဆောင်မချင်းပဲဖြစ်သွားတာပေါ့ ပိုက်ဆံတော့ မစိုက်လိုက်ရဘူးပေါ့။ ကျွန်တော် အဲ့လိုလုပ်ပေးခဲ့တာတွေ များပါတယ်။လို့ ဒိန်းဒေါင်ကပြောခဲ့ပါတယ်။

စက်အဖွဲက ကားရိုက်ပြီးသွားရင် ကျွန်တော့်ရဲ့ အင်္ကျီကို ချောင်းနေကြတာ။ ကျွန်တော် ပုဆိုးဝတ်တဲ့ အခန်းဆို ဘောင်းဘီတို အမြဲဝတ်တာကို။ ဒါလေးကြိုက်တယ်နော် တစ်ယောက်ကပြောထားပေမယ့် အများကြီးက တောင်းထားတော့ ကွယ်ရာမှာ ချွတ်ပြီးတော့ ပေးလိုက်တယ် ယူလိုက်တော့ဆိုပြီးတော့။ စက်အဖွဲ့တွေတော်တော်များများ အခု ကင်မရာမန်းတွေဖြစ်နေတဲ့သူတွေ သိကြပါတယ် ကျွန်တော့် စိတ်ဓာတ်ကို။ အဲ့တော့ ကျွန်တော်က အောက်ခြေလူတန်းစားကို ဘာလို့သိလဲဆိုတော့ ကျွန်တော်က အောက်ခြေလူတန်းစားနဲ့ ပေါင်းတာများတယ်။

ဘာဖြစ်လို့ အောက်ခြေလူတန်းစားနဲ့ပေါင်းတာလဲဆိုရင် ကျွန်တော်ကလဲ အောက်ခြေကလာရတာကိုး။ အခု သူများတွေဆင်းရဲတယ်ဆိုတာ ကိုယ်က ရယ်တောင် ရယ်ချင်သေးတယ်။ ထမင်းမစားရတဲ့ရက်တွေ သူများအိမ်မှာ လှမ်းခေါ်ပြီးပေးမှ စားရတဲ့ရက်တွေ လမ်းဘေးကမြောင်းပေါ်မှာ ဝါးကပ်ခင်းပြီး အိပ်ခဲ့ရတဲ့ရက်တွေက ရေတွက်လို့မှမရတာ။ လင်မယားနှစ်ယောင် သခွားသီးတစ်လုံးကို စားပြီးတော့ ပြည်နဲ့ရန်ကုန် ပြန်ခဲ့ရတဲ့ရက်တွေ အဲ့လိုရက်တွေက မေ့နိုင်စရာအကြောင်းမှမရှိတာကို။ အဲ့တော့ ကိုယ်သူများကို ပေးတဲ့အခါ လှူတဲ့အခါ ကမ်းတဲ့အခါကျရင်လဲ ငါသာသူ့နေရာမှာဆိုရင် ငါပျော်ခဲ့တဲ့ အပျော်မျိုး။ မှတ်မှတ်ရရ အနုပညာလောကမှာ နှစ်ယောက်ရှိတယ်လေ ရှက်တယ်နဲ့ ထင်ပေါ်နဲ့လေ။ ထင်ပေါ်က သုံးထာင်ပေးဖူးတယ်။ ရှက်တယ်က နှစ်ထောင့်လေးရာပေးဖူးတယ်။ နှစ်ရာတန်လေးတွေ မမေ့ဘူးလေ။ အဲ့တော့ ဘာလုပ်လဲဆိုတော့ ထင်ပေါ်ဆုံးတော့ ကျွန်တော်က သိပ်မဆင်မပြေသေးတဲ့ အချိန်ဆိုတော့ ကျွန်တော်ကနယ်ရောက်နေတဲ့အချိန်။ ရှက်တယ်ဆုံးတော့ ကျွန်တော်ကသွားကြည့်တယ်။ ကူငွေကို မကူတော့ဘူး။ မိဘမဲ့ကလေး(၅)ယောက်လိုက်ရှာပြီး သာသနာ့ဘောင်သွင်းပေးလိုက်တယ်လို့ ဒိန်းဒေါင်ကပြောခဲ့ပါတယ်။

ပရိသတ်ကြီးရေ ဒါလေးကို ဖတ်ပြီးရင်တော့ ဒိန်းဒေါင်ရဲ့ လှပတဲ့ စိတ်ထားကို သိနေလောက်ပြီလို့ ထင်ပါတယ်။ ဒိန်းဒေါင်နဲ့ပတ်သတ်ပြီး ပရိသတ်ကြီးရဲ့ အမြင်လေးကိုလဲ ရေးသွားကြပါဦးနော်။ အားပေးဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!