Latest Breaking News & Headlines

ကိုဗစ်ကြောင့် ဥရောပမှာ အောက်တိုဘာလ နဲ့ နိုဝင်ဘာလ အတွင်း လူသေဆုံးမှု ပိုများနိုင်…

73

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၀ ခုနှစ် စက်တင်ဘာလ အထိ ဥရောပနိုင်ငံတွေမှာ COVID-19 ရောဂါ ကူးစက်သူပေါင်း ၄ ဒသမ ၁ သန်း ရှိခဲ့ပြီး သေဆုံးသူပေါင်း ၂ ဒသမ ၁ သန်းကျော် ရှိခဲ့ပါတယ်။ ဥရောပနိုင်ငံတွေမှာ ကူးစက်မှု အများဆုံးကတော့ ရုရှား၊ စပိန်၊ ပြင်သစ်၊ ယူကေနဲ့ အီတလီနိုင်ငံတို့ ဖြစ်ပြီး သေဆုံးမှု အများဆုံး မှာလည်း ယူကေ၊ အီတလီ၊ ပြင်သစ်၊ စပိန်နဲ့ ရုရှားနိုင်ငံတို့ ပဲဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာ နဲ့ နိုဝင်ဘာလအတွင်း ဥရောပနိုင်ငံ တွေမှာ COVID-19 ကူးစက်မှု ပိုပြီး များလာမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဥရောပဌာနခွဲ ဒါရိုက်တာဖြစ်သူ Hans Kluge က AFP ကို ပြောကြားခဲ့ပါတယ်။ ကူးစက်မှု များလာတဲ့အတွက် လူသေဆုံးမှုလည်း များလာမယ် လို့ သူက သတိပေး ပြောကြားလိုက်ပါတယ်။

လက်ရှိအချိန်မှာလည်း ဥရောပနိုင်ငံတွေ မှာ COVID-19 ကူးစက်မှုနှုန်းက ပြန်ပြီး မြင့်တက်လာနေပါ တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း လက်ရှိအချိန်အထိ လူသေဆုံးပမာဏက တည်ငြိမ်ဆဲ ရှိနေပေမယ့် ရောဂါကူးစက်မှု ပြန်လည် များပြားလာတဲ့အတွက် အောက်တိုဘာနဲ့ နိုဝင်ဘာလ အတွင်း နေ့စဉ် လူသေဆုံးမှု ပိုပြီးများလာမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဥရောပဌာနခွဲရဲ့ ဒါရိုက်တာ ဖြစ်သူ Hans က “လူသေဆုံးမှု တည်ငြိမ်နေတယ်ဆိုတာ အခိုက်အတန့်ပါ။ နိုင်ငံတွေအနေနဲ့လည်း သတင်းဆိုးကို ကြားချင်မှာ မဟုတ်ဘူးလို့ ကျနော်တို့ နားလည်ပါတယ်။ ဒီကူးစက်ရောဂါဟာ တစ်ချိန်မဟုတ် တစ်ချိန် ပြီးသွားတော့မှာပါဆိုတဲ့ အပြုသဘောဆောင်တဲ့ သတင်းစကားမျိုးကိုလည်း လူတွေဆီ ပေးပို့ချင်ပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက် မှာလည်း ပြင်သစ်နိုင်ငံ မှာ ကူးစက်သူ အရေအတွက် များလာခဲ့ပြီး ၂၄ နာရီ အတွင်း လူပေါင်း ၁၀၀၀၀ နီးပါး ရောဂါကူးစက်ခံခဲ့ရပါတယ်။ ပြင်သစ်နိုင်ငံမှာ ရောဂါစတင်ပြန့်ပွားပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ကူးစက်မှုပမာဏ အများဆုံးပါပဲ။ လူသေဆုံးမှုမှာ လည်း ပြင်သစ်နိုင်ငံက ကမ္ဘာ့အဆင့် ၇ နေရာမှာ ရှိနေပြီး ၃ သောင်းကျော် သေဆုံးခဲ့ပါတယ်။

WHO ကတော့ ဗိုင်းရပ်စ်ကို တုန့်ပြန်ဖို့ ၅ နှစ် မဟာဗျူဟာစီမံကိန်းကို သဘောတူဖို့ ဥရောပအဖွဲ့ဝင် နိုင်ငံတွေနဲ့ အွန်လိုင်း ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပါတ်အတွင်း ဥရောပနိုင်ငံတွေမှာ ရောဂါကူးစက်မှုက တရိပ်ရိပ်ပြန်ပြီး တိုးလာပါတယ်။ အထူးသဖြင့်ကတော့ စပိန်နဲ့ ပြင်သစ် နိုင်ငံမှာပါ။ ပြီးခဲ့တဲ့ သောကြာနေ့အတွင်း ဥရောပနိုင်ငံတွေ မှာ ကူးစက်သူ အရေအတွက် ၅၁,၀၀၀ ကျော် ရှိခဲ့ပါ တယ်။ COVID – 19 ကာလမှာ တစ်ရက်အတွင်း အများဆုံး ကူးစက်ခံရတဲ့ စံချိန်လည်း ဖြစ်ပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!