Latest Breaking News & Headlines

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က လူအနည်းငယ်ဖြင့် အိမ်တိုင်ရာရောက် မဲဆွယ်မှု ဆက်လက်ပြုလုပ်မည်…

89

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးမှုအား လူအနည်းငယ်ဖြင့် အိမ်တိုင်ရာရောက် ဆက်လက်မဲဆွယ်ရန် ညွှန်ကြားထားကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောသည်။ပါတီမဲဆွယ်စည်းရုံးမှုများ ရပ်နားရန် အစီအစဉ်ရှိ၊မရှိနှင့် ပတ်သက်၍ စက်တင်ဘာ ၁၆ရက်ဆက်သွယ်မေးမြန်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က ပြောကြားသည်။

“ကျွန်တော်တို့ မနေ့ကပဲ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို မေတ္တာရပ်ခံချက်ထုတ်ထားပါတယ်ခင်ဗျ။ လူကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီးတော့ ပြည်သူတွေက အင်အားပြထောက်ခံတာတွေအစား ကျွန်တော်တို့ ထောက်ခံချက်ကို မြိုသိပ်ပြီး အိမ်ကနေပဲကျန်းမာအောင်နေကြပါ။ ရွေးကောက်ပွဲနေ့မှသာ ထောက်ခံမဲပေးကြပြီး စစ်မှန်တဲ့ထောက်ခံမှုကို ပြကြပါဆိုပြီး မေတ္တာရပ်ခံထားပါတယ်။ ကျွန်တော်တို့က ကိုဗစ်က တစ်မြို့နဲ့တစ်မြို့ထိခိုက်မှု မတူပါဘူး။

လုံးဝကို ကိုဗစ်ကူးစက်ခြင်း မခံရတဲ့ မြို့နယ်တွေလည်း ရှိပါတယ်။ ကိုယ့်မြို့နယ်အလိုက် လူထုရဲ့လက်ခံမှု ကိုဗစ်ရဲ့ပြန့်နှံမှုအပေါ် အခြေခံပြီးတော့ လက်ရှိ ကိုဗစ် ထိန်းချုပ်ကော်မတီ ညွှန်ကြားချက်များနဲ့အညီ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများကို တချို့သောဒေသများမှာ ကျွန်တော်တို့ လုပ်မှာဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ လူစု၊လူဝေးနဲ့ ဟောပြောမဲ့အစားလူအနည်းငယ်နဲ့အိမ်တိုင်ရာရောက် ဟောပြောတာမျိုးလုပ်ဖို့တော့ ညွှန်ကြားထားပါတယ်”ဟု ၎င်းက ပြောသည်။ပြည်ခိုင်ဖြိုးပါတီမှ ဒုဥက္ကဋ္ဌ ဦးခင်ရီက ၎င်းတို့ ပါတီအနေဖြင့် မဲဆွယ်စည်းရုံးမှုများကို ကိုဗစ်ကပ်ရောဂါကြောင့် ရပ်နားလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၁၅ရက်က ကြေညာထားသည်။

“စည်းရုံးရေး ရပ်နားလိုက်တဲ့ ပါတီကြီးက သူတို့ရည်ရွယ်ချက် ဘယ်လိုရှိလဲ ကျွန်တော်တို့ ပြောဖို့ အတော်ခက်ပါတယ်။ အခုဟာက သူတို့ဟာ ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ လိုလားတဲ့သူဖြစ်တဲ့အတွက် ရွှေ့ဆိုင်းဖို့လည်းတောင်းဆိုမယ်။ ကိုယ်တိုင်လည်း ဆက်လက်မဲဆွယ်မယ်ဆိုရင် မသင့်တော်ဘူးထင်လို့ သူတို့ရပ်နားတာ။ ဒါကတော့ ကာယကံရှင် ကိုယ်ပဲသိပါလိမ့်မယ်” ဟု ပြည်ခိုင်ဖြိုး ပါတီ မဲဆွယ်ရပ်နားမှုအပေါ် ဒေါက်တာမျိုးညွန့်က ထပ်မံဆိုသည်။၂၀၂၀ ရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!