Latest Breaking News & Headlines

မြန်မာ ကိုဗစ်ရောဂါပိုးတွေ့သူ ၃,၈၀၀ ကျော်နဲ့ သေဆုံးသူ ၄၀ အတည်ပြု…

87

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်သူ ၁၈၅ ဦး ထပ်တိုးပြီး သေဆုံးသူလည်း ၁ ဦး ထပ်တိုးပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ၈ နာရီကနေ ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁,၉၅၆ ခုထဲကနေ အခုလို ကူးစက်သူ၊ သေဆုံးသူ ထပ်တွေ့တာပါ။

ဒါကြောင့် အခုချိန်ထိဆိုရင် ကိုဗစ်ရောဂါ ကူးစက်သူပေါင်း ၃,၈၂၁ ဦးရှိပြီဖြစ်ပြီး သေဆုံးသူက အယောက် ၄၀ ရှိပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူဟာ အသက် ၇၃ နှစ်အရွယ် ကျောက်ကပ်ရောဂါအခံရှိသူ အမျိုးသမီးဖြစ်ပြီး လူနာအမှတ် ၂,၆၄၅ ဖြစ်ပါတယ်။

COVID-19 ကုသရေးဌာန၊ ဒဂုံဆိပ်ကမ်းမှာ တက်ရောက်ကုသမှုခံခဲ့သူ အဲဒီလူနာဟာ ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှုလမ်းကြောင်း ပျက်စီးပြီး စက်တင်ဘာလ ၁၅ ရက်၊ အင်္ဂါနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်အချိန်မှာ သေဆုံးသွားခဲ့တာလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်သူအရေအတွက်ဟာ အခုဆိုရင် အရှေ့တောင်အာရှဒေသတွင်းမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ မလေးရှားနိုင်ငံတွေပြီးရင် ၅ ခုမြောက် အများဆုံးနိုင်ငံဖြစ်လာပါပြီ။

သေဆုံးသူအရေအတွက်ကတော့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေပြီးရင် အများဆုံးဖြစ်ပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!