Latest Breaking News & Headlines

မိတ္ထီလာ၌ အပြင်ထွက်သွားလာသူများ Mask နှာခေါင်းစည်းတပ်ဆင်သွားလာမှုများပြားလာ…

68

မိတ္ထီလာ၌ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏လမ်းညွှန်မှုဖြင့်Mask နှာခေါင်းစည်းတပ်ဆင်မှုရှိမရှိ ရှောင်တခင်စစ်ဆေးခြင်း ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့်အလှူရှင်စေတနာရှင်များပူးပေါင်း၍ Mask နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေအသိပညာပေးခြင်းများကြောင့် အပြင်ထွက်သွားလာသူများအနေဖြင့် Mask နှာခေါင်းစည်းများတပ်ဆင်သွားလာမှုများပြားလာကြောင်းသိရသည်။

မိတ္ထီလာမှာ အပြင်ထွက်သွားလာသူတွေကို Mask နှာခေါင်းစည်းတပ်ဆင်မှုရှိမရှိ ရှောင်တခင်စစ်ဆေးပြီးMask မတပ်ထားရင် Mask တစ်ခုကို ငါးရာကျပ်နဲ့ဝယ်ယူစေပြီး ချက်ချင်းတပ်ဆင်ပြီးမှ ဆက်လက်သွားလာစေတာမျိုးကို တာဝန်ရှိသူတွေက ရှောင်တခင်စစ်ဆေးဆောင်ရွက်တာမျိုးလုပ်တာရှိတယ်။ပြီးတော့ မြို့နယ်အတွင်းက ပရဟိတလူမှုရေးအသင်းအဖွဲ့တွေနဲ့ အလှူရှင်စေတနာရှင်တွေပူးပေါင်းပြီး Mask နှာခေါင်းစည်းတွေ အခမဲ့ဖြန့်ဝေတာ ၊ အသိပညာပေးတာကို ခပ်စိတ်စိတ်လုပ်ကြတယ်။

အဲဒါကြောင့် ဒေသခံတွေအနေနဲ့အပြင်ကို မဖြစ်မနေသွားလာတဲ့ လတ်တလောမှာ Mask နှာခေါင်းစည်းတွေတပ်ဆင်သွားလာမှုများပြားလာတာပါဟု ရန်အောင်မြင်လူမှုရေးအသင်းမှ ဒုဥက္ကဋ္ဌ ဦးအောင်ဆန်းက ပြောသည်။ မိတ္ထီလာမြို့နယ်တွင် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသော ကိုဗစ်၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ ၄ ဦးရှိပြီး ၎င်းတို့အား ခရိုင်ပြည်သူ့ဆေးရုံကြီး အထူးရောဂါကုသဆောင်တွင်ကုသပေးလျက်ရှိပြီး အားလုံးကျန်းမာရေးကောင်းမွန်နေကြောင်းသိရသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

ချမ်းသာ (မိတ္ထီလာပြန်/ဆက်)

Leave A Reply

Your email address will not be published.

error: Content is protected !!