ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာ့ ဆင်းရဲမှု တိုက်ဖျက်ရေးထိခိုက်…
ကမ္ဘာတစ်ဝန်း ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးနဲ့ ကျန်းမာရေးအဆင့်အတန်း မြင့်မားအောင် ကြိုးပမ်းရာမှာ ရရှိနေတဲ့ တိုးတက်မှုတွေဟာ COVID 19 ကြောင့် နှေးကွေးသွားခဲ့ရတယ်လို့ နှစ်စဉ် ထုတ်ပြန်တဲ့ Goalkeepers အစီရင်ခံစာက ပြောပါတယ်။ Microsoft ကုမ္ပဏီကို တည်ထောင်သူ Bill Gates နဲ့ ဇနီး တို့တည်ထောင်တားတဲ့ Bill and Melinda Gates Foundation အဖွဲ့က ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာမှာ ကမ္ဘာတစ်ဝန်း လူ ၃၇ သန်းနီးပါးဟာ COVID 19 ဖြစ်ချိန်က စလို့ ဆင်းရဲတွင်းထဲကို ကျရောက်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဝက်သက်ရောဂါနဲ့ ဆုံဆို့နာ ကာကွယ်ဆေးထိုးခွင့်ရတဲ့ ကလေးအရေအတွက်လည်း မနှစ်က စံချိန်တင် ၈၀ ရာခိုင်နှုန်း ရှိရာကနေ ၂၀၂၀ ပြည့်နှစ်မှာ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာပါ။

ရက်သတ္တပတ် ၂၅ ပတ်အတွင်းမှာ ၂၅ နှစ်လောက် နောက်ကျခဲ့ရတယ်လို့လည်း ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေကို ပုံမှန် မှတ်တမ်းတင်ရေးသားတဲ့ အဲဒီ Goalkeepers အစီရင်ခံစာမှာဖော်ပြပါတယ်။
တစ်ကမ္ဘာလုံး အတိုင်းအတာအရ COVID 19 ကူးစက်ခံရသူ စုစုပေါင်း သန်း ၃၀ နီးပါး ရှိလာနေပြီး သေဆုံးသူ အရေအတွက်ကလည်း ၉၃၀,၀၀၀ နီးပါး ရှိနေချိန်မှာ နိုင်ငံတော်တော်များများမှာ ကူးစက်မှု မြင့်တက်နေတာကို ကြုံတွေ့နေရလို့ တင်းကျပ်တဲ့ အသွားအလာ ပိတ်ပင်မှုတွေ ပြန်လည် ချမှတ်နေကြပါတယ်။
အစ္စရေးလ်နိုင်ငံမှာ ဂျူးဘာသာရေး နှစ်သစ်ကူးပွဲတော် ကျင်းပဖို့ ရှိနေတဲ့ကြားက ၃ ပတ်ကြာ အသွားအလာ ပိတ်ပင်ကြောင်း ဝန်ကြီးချုပ် Benjamin Netanyahu က တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။ ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဝယ် စင်တာတွေနဲ့ ဟိုတယ်တွေ အားလုံး ပိတ်ရမှာ ဖြစ်ပြီး အစ္စရေးလ် ပြည်သူတွေ အိမ်ကနေ မီတာ ၅၀၀ အတွင်း နေထိုင်ရမှာ ဖြစ်သလို အိမ်တွင်း လူ ၁၀ ဦးနဲ အိမ်ပြင် လူ ၂၀ သာ စုဝေးခွင့်ရမှာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံက Bordeaux နဲ့ Marseille မြို့တွေမှာလည်း ဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာနေတာကြောင့် အများပြည်သူ အသုံး ပြုရာနေရာတွေမှာ အရက်သောက်သုံးတာကို ပိတ်ပင်ခဲ့သလို လူ ၁၀ ယောက်သာ စုဝေးခွင့်ပြုတဲ့ ကန့်သတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။
အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….