Latest Breaking News & Headlines

မြန်မာနယ်စပ် တရုတ်နိုင်ငံရွှေလီမြို့ အဝင်အထွက်ကန့်သတ်…

123

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ရောက် မြန်မာနိုင်ငံသား နှစ် ယောက်မှာ ကိုဗစ်ရောဂါစစ်ဆေး တွေ့ရှိခဲ့တာကြောင့် ကူးစက်မှုတွေကို ထိန်းချုပ်တဲ့ အနေနဲ့ မြို့အဝင်အထွက်နဲ့ အသွားအလာတွေကို ကန့်သတ်လိုက်တဲ့အကြောင်း ပြောပြပါမယ်။

ကပ်ရောဂါ တကျော့ပြန် ကူးစက်ပျံ့နှံ့မှာ စိုးရိမ်တာကြောင့် ရွှေလီမြို့အာဏာပိုင်တွေက တမြို့လုံးအသွားအလာတွေ အဝင်အထွက်တွေ ပိတ်ဆို့လိုက်သလို၊ မြို့ခံတွေကိုလည်း ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးမှုတွေ လုပ်မယ့်အကြောင်း မြို့တော်ဝန် ရှီဒေပင်းက မနေ့တုန်းကပဲ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ရောဂါပိုးစစ်ဆေးစရိတ်ကို အစိုးရက အကုန်အကျခံမှာဖြစ်သလို မြို့အဝင်အထွက်တွေကို အနည်းဆုံး သီတင်းတပတ်ကြာ ကန့်သတ်ထားမှာ ဖြစ်ကြောင်းလည်း မြို့တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့က အခြေအနေတွေကိုတော့ ပြည်နယ်အစိုးရက တရားဝင် အသိပေး အကြောင်းကြားထားကြောင်း ယူနန်ပြည်နယ် ကူမင်းမြို့က မြန်မာကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ဆီလည်း ယူနန်ပြည်နယ်အစိုးရက တရားဝင် အကြောင်းကြားစာ ပေးပို့လာပါတယ်။ လက်ရှိ ရွှေလီမြို့ကိုတော့ lockdown ချထားတယ်ပေါ့၊ ပြီးရင် ရွှေလီမှာရှိတဲ့ တရုတ်နိုင်ငံသားတင်မကဘူး၊ မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသားအားလုံးကို test ( စစ်ဆေးမှု) ပြန်လုပ်ပါမယ်။ အဲဒီမှာလည်း အားလုံး ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း ပြောကြားထားတာ ရှိပါတယ်။ မြန်မာနိုင်ငံဘက်က အခုယာယီပေါ့နော် ကဒ်ပြားတွေနဲ့ဝင်တဲ့ဟာကိုလည်း သူတို့ခဏ ရပ်ထားမယ်ဆိုတာလည်း ကျနော်တို့ဆီ အကြောင်းကြားထားပြီး ကျနော် နိုင်ငံခြားရေးဝန်ကြီးဆီ ဒီနေ့ပဲ သတင်းပို့ထားပြီဖြစ်ပါတယ်။”

အရေးပေါ်အတွက် လူနာလွတ်နေတဲ့ ရွှေလီဆေးရုံ (Ruili Zhongdai Hospital) ကို သုံးပြီး ဒီဆေးရုံမှာ ကုတင် ၄၀၀ နေရာချလို့ရကြောင်းနဲ့ မနေ့က ညတွင်းချင်းပဲ ကျန်းမာရေးဝန်ထမ်း ၂၀၀ ကိုလွှတ်ထားတယ်လို့ ယူနန်အစိုးရက ထုတ်ပြန်ပါတယ်။ အသွားအလာပိတ်ဆို့မှုက ရောဂါစစ်ဆေးမှုရလဒ်ပေါ် မူတည်လိမ့်မယ်လို့ ဆိုပါတယ်။

ယူနန်အစိုးရရဲ့ အရေးပေါ် ထိန်းချုပ်မှုတွေက မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ နှစ်နိုင်ငံကုန်စည်စီးဆင်းမှုအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ မြန်မာပြည်နယ်ထဲ ဝင်ပြီးတဲ့ တရုတ်နိုင်ငံသားဘယ်သူမဆို ၁၄ ရက် စောင့်ကြည့်ခံရမယ်လို့ သတိပေးထားပါတယ်။

ဒါကြောင့် ကချင်ပြည်နယ် ကန်ပိုက်တီးနယ်စပ်ဂိတ်ကနေ မြန်မာထဲ နေ့တိုင်းဝင်ထွက်နေတဲ့ တစ်ရှုးငှက်ပျောခြံက တရုတ်ကုန်ကား အစီး ၂၀၀ လောက်ဟာ ဒီနေ့ မဝင်တော့ဘဲ လမ်းတဝက်ကနေ တရုတ်ပြည်ထဲ လှည့်ပြန်ခဲ့ပါတယ်။ ဒါက တရုတ်အစိုးရရဲ့ အရေးပေါ်အမိန့်ကြောင့် ဖြစ်နိုင်ကြောင်း ကန်ပိုက်တီး ကားကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်တူးက ဗွီအိုအေကို ပြောပါတယ်။

“သူတို့ကားတွေ အစီး ၂၀၀ လောက် ဝင်ထွက်ခွင့် ရှိထားတာလေ၊ တရုတ်ပြည်ထဲ ပြန်ခေါက်သွားတယ်။ ဗမာပြည်ထဲဝင်ရင် မင်းတို့ ဘာဖြစ်မယ်၊ ညာဖြစ်မယ် ရှိလို့သာသူတို့ ပြန်လှည်တာ၊ မဟုတ်ရင် မလှည့်ဘူး တရုတ်တွေက တအားလောဘကြီးတယ်။ တရုတ်ပြည်ထဲ ပြန်ဝင်ခွင့် မရမှာမို့လို့သာ ပြန်လှည့်တာ။”

ရှမ်းမြောက် မူဆယ်နယ်စပ်ကုန်သွယ်ရေး ဂိတ်ကတော့ မြန်မာနိုင်ငံတွင်း ကိုဗစ်ပိုးစတွေ့ခဲ့တဲ့ မတ်လကုန်ကစလို့ တရုတ်ဘက်က လူအဝင်အထွက် ပိတ်ထားပြီး ကုန်ကားတွေပဲ လူစားထိုးစနစ်နဲ့ ဝင်ခွင့်ပေးထားပါတယ်။ အခုတော့ ကုန်စည်စီးဆင်းမှုအပေါ် ဘယ်တွေ ကန့်သတ်လာမလဲဆိုတာ စောင့်ကြည့်နေကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ စိုင်းခင်မောင်က ပြောပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!