Latest Breaking News & Headlines

မြန်မာ ကိုဗစ်ပိုးတွေ့သူ ၃,၅၀၀ ကျော်လာ…

100

မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁၅ ရက် ည ၈ နာရီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ COVID-19 အတည်ပြုလူနာ နောက်ထပ် ၂၀၃ ယောက် အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်း ကူးစက်သူ ၃,၅၀၂ ယောက်ရှိပြီဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၂,၁၇၃ ခုစစ်ဆေးခဲ့တာမှာ အခုလို လူနာသစ် ၂၀၀ ကျော်ထပ်တွေ့ခဲ့တာပါ။

COVID-19 ကုသရေးဌာန (ဖောင်ကြီး) မှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၆၁ နှစ်အရွယ် လူနာအမှတ် ၂,၃၅၄ အမျိုးသားတဦး နဲ့ အသက် ၅၉ နှစ်အရွယ် လူနာအမှတ် ၂,၈၇၆ အမျိုးသားတဦး တို့ဟာ COVID-19 ရောဂါကြောင့် ၁၄ ရက်နေ့ညပိုင်းမှာ ရုတ်တရက် အသက်ရှုလမ်းကြောင်းပျက်စီးသေဆုံးခဲ့ပြီး သင်္ကန်းကျွန်းပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံနေတဲ့ အသက် ၆၄ နှစ်အရွယ် လူနာအမှတ် ၃,၁၈၆ အမျိုးသားတဦးဟာလည်း ၁၅ ရက်နေ့ မနက်ပိုင်းမှာ COVID-19 ကြောင့် သေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အခုထိ COVID-19 ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၁၉၀,၀၀၀ ကျော်ပြုလုပ်ခဲ့ပြီး အတည်ပြုလူနာတွေထဲ ရောဂါပိုးကင်းစင်လာသူ ၈၃၂ ယောက်နဲ့ သေဆုံးသူက ၃၅ ယောက်ရှိပါတယ်။ ၁၅ ရက်နေ့ နေ့လယ်ပိုင်းအထိ စောင့်ကြည့်လူနာ အသစ် ၂၅၇ ယောက်ရှိပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!