Latest Breaking News & Headlines

COVID-19 ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များအား လိုက်နာခြင်းမရှိသော ညမထွက်ရ အချိန်ကျော်လွန်သွားလာနေမှုများ၊ KTV/ Bar/ တရားမဝင်အနှိပ်ခန်းများကို ဆက်လက်ဖော်ထုတ်အရေးယူလျက်ရှိ…

107

COVID-19 ရောဂါကူးစက်နိုင်မှု ဖြစ်နိုင်ခြေအများဆုံး အခြေအနေရှိပြီး သတ်မှတ်စည်းကမ်းချက်များအား လိုက်နာခြင်းမရှိသည့် KTV/ Bar/ တရားမဝင်အနှိပ်ခန်း များ ဖွင့်လှစ်နေမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေးနှင့် ညမထွက်ရ အချိန်ကျော်လွန်သွားလာနေမှုများကိုလည်း ဆက်လက်စိစစ်အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေ ကြောင်းနှင့် မြို့နယ်/ရပ်ကွက်များအတွင်းတွင် စည်းကမ်းလိုက်နာမှုမရှိသည့် ၎င်းလုပ်ရပ်များကို ဆောင်ရွက်နေခြင်းအား သတင်းဖော်ထုတ်မှု၊ စိစစ်ကြပ်မတ်မှု အလေးထား ဆောင်ရွက်ရန်လည်း နယ်မြေတာဝန်ခံရဲတပ်ဖွဲ့ဝင်များကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖော်ထုတ်စိစစ်ချက်အရ စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အတွင်း နေပြည်တော်ကောင်စီနယ်မြေတွင် ပြည့်တန်ဆာအိမ် တစ်အိမ်မှ လုပ်ကိုင်သူအမျိုးသမီး စုစုပေါင်း သုံးဦးအား လည်းကောင်း၊ ကချင်ပြည်နယ်တွင် KTV ဆိုင် တစ်ဆိုင်နှင့် တရားမဝင်အနှိပ်ခန်း တစ်ခန်းတို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ ဆိုင်ဝန်ထမ်းနှင့် အနှိပ်သမများ စုစုပေါင်း ခြောက်ဦးအား လည်းကောင်း၊ ကရင်ပြည်နယ်တွင် KTV ဆိုင် တစ်ဆိုင်နှင့် တရားမဝင်အနှိပ်ခန်း တစ်ခန်းတို့မှ ပိုင်ရှင်၊

မန်နေဂျာ၊ ဆိုင်ဝန်ထမ်းနှင့် အနှိပ်သမများ စုစုပေါင်း ခုနစ်ဦးအား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် KTV/Bar ဆိုင် နှစ်ဆိုင်နှင့် ပြည့်တန်ဆာအိမ် နှစ်အိမ်တို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ ဆိုင်ဝန်ထမ်းနှင့် ပြည့်တန်ဆာလုပ်ကိုင်သူ အမျိုးသမီးများ စုစုပေါင်း ၂၃ ဦးအား လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ပြည့်တန်ဆာအိမ် တစ်အိမ်မှ လုပ်ကိုင်သူ အမျိုးသမီး စုစုပေါင်း ခုနစ်ဦးအား လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် KTV ဆိုင် တစ်ဆိုင်နှင့် တရားမဝင် အနှိပ်ခန်း နှစ်ခန်းတို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ ဆိုင်ဝန်ထမ်းနှင့် အနှိပ်သမများ စုစုပေါင်း ၁၇ ဦးအား

လည်းကောင်း၊ မကွေးတိုင်းဒေသကြီးတွင် KTV ဆိုင် တစ်ဆိုင်နှင့် တရားမဝင်အနှိပ်ခန်း နှစ်ခန်းတို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ ဆိုင်ဝန်ထမ်းနှင့် အနှိပ်သမများ စုစုပေါင်း ၂၆ ဦးအား လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် တရားမဝင်အနှိပ်ခန်း တစ်ခန်းနှင့် ပြည့်တန်ဆာအိမ် တစ်အိမ်တို့မှ ပိုင်ရှင်၊ အနှိပ်သမနှင့် ပြည့်တန်ဆာလုပ်ကိုင်သူ အမျိုးသမီး စုစုပေါင်း ခုနစ်ဦးအား လည်း ကောင်း၊ မွန်ပြည်နယ်တွင် KTV/Bar ဆိုင် နှစ်ဆိုင်နှင့် တရားမဝင်အနှိပ်ခန်း နှစ်ခန်းတို့မှ ပိုင်ရှင်၊

မန်နေဂျာ၊ ဆိုင်ဝန်ထမ်းနှင့် အနှိပ်သမများ စုစုပေါင်း ၁၂ ဦးအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် KTV/Bar ဆိုင် နှစ်ဆိုင်နှင့် တရားမဝင်အနှိပ်ခန်း ခြောက်ခန်းတို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ ဆိုင်ဝန်ထမ်းနှင့် အနှိပ်သမများ စုစုပေါင်း ၁၅ ဦးအား လည်းကောင်း၊ ရှမ်းပြည်နယ်တွင် KTV ဆိုင် တစ်ဆိုင်၊ တရားမဝင် အနှိပ်ခန်း တစ်ခန်းနှင့် ပြည့်တန်ဆာအိမ် နှစ်အိမ်တို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ ဆိုင်ဝန်ထမ်း၊ အနှိပ်သမနှင့် ပြည့်တန်ဆာလုပ်ကိုင်သူ အမျိုးသမီးများ

စုစုပေါင်း ၅၈ ဦးအား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် KTV ဆိုင် တစ်ဆိုင်မှ ပိုင်ရှင်၊ မန်နေဂျာ၊ ဆိုင်ဝန်ထမ်း စုစုပေါင်း ၁၂ ဦးအား လည်းကောင်း အရေးယူဆောင်ရွက်ခဲ့သဖြင့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း KTV/Bar ၁၁ ဆိုင်၊ တရားမဝင် အနှိပ်ခန်း ၁၆ ခန်း၊ ပြည့်တန်ဆာအိမ် ခုနစ်အိမ်နှင့် တရားခံ ၁၉၃ ဦးတို့အား ဖမ်းဆီးရမိခဲ့၍ သက်ဆိုင်ရာ မြို့နယ်များ၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိသည်။

ယခုတစ်ပတ်အတွင်း နေပြည်တော်ကောင်စီနယ်မြေ နှင့် ပြည်နယ်/တိုင်းဒေသကြီး အသီးသီး၌လည်း ညမထွက်ရ အချိန်ကျော်လွန်သွားလာသူများကိုလည်း စိစစ်အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၁၈၈ ဖြင့် အရေးယူခဲ့ရသည့် အမှုပေါင်း ၄၈၃ မှုနှင့် ကျူးလွန်သူ အမျိုးသား ၉၁၉ ဦး၊ အမျိုးသမီး ၅၀၊ စုစုပေါင်း ၉၆၉ ဦးကို အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။Covid-19 ရောဂါကို ထိရောက်စွာထိန်းချုပ်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များ မလိုက်နာဘဲ ဆောင်ရွက် နေမှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဆက်လက် စိစစ်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ပြီး ပြည်သူလူထု အနေဖြင့်လည်း ပူးပေါင်းပါဝင်သတင်းပေးကြရန် အသိပေး နှိုးဆော်ထားကြောင်း သတင်းရရှိသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!