Latest Breaking News & Headlines

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများ စက်တင်ဘာ ၁၄ ရက်မှစ၍ ခေတ္တရပ်ဆိုင်း…

123

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများကို စက်တင်ဘာ ၁၄ ရက်မှစ၍ ခေတ္တရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဝန်ဆောင်မှုလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားသည့်ကာလအတွက် ကနဦးမှတ်ပုံတင်ယာဉ်များ၏ ရက်လွန်ကြေး၊ သက်တမ်းတိုးမော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ၏ သတ်တမ်းလွန်ဒဏ်ကြေးများ အပါအဝင် လုပ်ငန်း ဆိုင်ရာများကို အများပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရန် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးသပ်စိစစ်ဖြေလျှော့ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများကို ယခင်က မတ် ၃ဝ ရက်မှစ၍ ခေတ္တရပ်နားခဲ့ပြီး ဝန်ဆောင်မှုလုပ်ငန်းများအနက် ကနဦး ယာဉ်မှတ်ပုံတင်ဝန်ဆောင်မှုလုပ်ငန်းများကို မေ ၁၁ ရက်မှစ၍ ပြန်လည်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဝန်ဆောင်မှုများ ရပ်ဆိုင်းထားခဲ့ရသည့် မတ် ၃ဝ ရက်မှ မေ ၁ဝ ရက်အထိ သတ်မှတ်ထားသည့် ဖြေလျှော့မှုများကိုလည်းပေးခဲ့ကြောင်း၊ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်လာသည့်အခြေအနေအရ ဝန်ဆောင်မှုလုပ်ငန်းများကို ခေတ္တပြန်လည်ရပ်ဆိုင်းထားခြင်းဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများကို အခြေအနေတည်ငြိမ်မှသာ ပုံမှန် ဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဖွင့်လှစ်နိုင်မည့်ရက်ကို ကြိုတင် အသိပေးကြေညာသွားမည်ဖြစ်သည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!