ကိုဗစ်ကာကွယ်ကုသရေး ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းတွေပါခေါ်ဖို့ တိုက်တွန်း…
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၂၃ ယောက် ထပ်ပြီး တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စက်တင်ဘာလ ၁၂ ရက် စနေနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာ လိုက်တာကြောင့် အခုအချိန်အထိဆို မြန်မာနိုင်ငံမှာ ရောဂါပိုး အကူးစက်ခံရသူ စုစုပေါင်း ၂၄၄၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဒါဟာ သောကြာနေ့အတွက် ဒုတိယအသုတ် စစ်ဆေးတဲ့ ဓါတ်ခွဲနမူနာ ၁၆၃၄ ခုမှာ အတည်ပြု လူနာသစ်၂၃ ဦးတွေ့ခဲ့တာပါ။ သောကြာနေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာတော့ စစ်ဆေးတဲ့ ဓါတ်ခွဲနမူနာ ၂၄၇၅ ထဲမှာ ရောဂါကူးစက်သူ ၁၅၇ ဦး တွေ့ခဲ့ရတဲ့ အတွက် သောကြာနေ့အတွက် စစ်ဆေးတဲ့ ဓါတ်ခွဲနမူနာ စုစုပေါင်း ၄၁၀၉ ခုမှာ ဓါတ်ခွဲအတည်ပြု လူနာသစ် စုစုပေါင်း ၁၈၀ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဒီကနေ့ အသစ်ထပ်တွေ့တဲ့ လူနာ ၂၃ ဦးနဲ့ ပတ်သက်ပြီး အသေးစိတ်ကို မသိရသေးပါဘူး။
အခုအချိန်အထိ ရောဂါပိုးကူးစက်သူတွေထဲက သေဆုံးသူ ၁၄ ဦးရှိနေပါတယ်။ သောကြာနေ့ ည ၈ နာရီ အချိန်အထိ ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်း ၆၂၅ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၃ ရက်ကနေ စက်တင်ဘာလ ၁၁ ရက် ည ၈ နာရီအထိ ဓါတ်ခွဲ စစ်ဆေးသူ အရေအတွက် စုစုပေါင်းက ၁၉၀,၈၄၈ ယောက် ရှိသွားပြီဖြစ်ပါတယ်။
ဒီလို စစ်ဆေးတဲ့ ထဲမှာ စောင့်ကြည့်လူနာတွေထဲက ပိုးတွေရှိနှုန်းဟာ ၅.၄၇ ရာခိုင်နှုန်းရှိနေသလို အသွားအလာ ကန့်သတ်ထားသူတွေထဲက ပိုးတွေ့နှုန်းကတော့ ၀.၃၁ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဌာနရဲ့ သောကြာမနက်ပိုင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….
#Th