Latest Breaking News & Headlines

ကိုဗစ်ကူးစက်မှု အရှိန်မြင့်လာတဲ့အပေါ် မြန်မာလူထုအကြား စိုးရိမ်မှုကြီးထွားနေ…

86

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုတွေ တိုးလာနေတာနဲ့အမျှ တဖက်မှာ နေ့စဉ် စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေရတဲ့ကြားကပဲ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု ပေါ့လျော့သူတေ ွကြောင့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ မန္တလေးတိုင်းက ဒေခံတွေကြား စိုးရိမ်မှု တိုးလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြ ထားပါတယ် ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သောကြာနေ့ည (၈)နာရီ သတင်းထုတ်ပြန်ချက်အရ ရန်ကုန် ၊ မန္တလေးနဲ့ မော်လမြိုင် မြို့တွေက ဓါတ်ခွဲ နမူနာ (၂၅၀၀) နီးပါးကို စစ်ဆေးခဲ့ရာမှာ ကိုဗစ်ပိုးတွေ့ရှိသူ လူနာသစ် (၁၅၇)ဦး တိုးလာတာပါ။

ပြည်တွင်းကအချင်းချင်း ကူးစက်မှုတွေ ခပ်များများ စတွေ့ခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာတော့ စစ်တွေနဲ့ ကျောက်ဖြူဟာ ကူးစက်မှု မြင့်မားနေဆဲဖြစ်ပြီး လူတချို့ရဲ့ ကိုဗစ်ဆိုင်ရာ လိုက်နာရမယ့်စည်းကမ်းပေါ့လျော့မှုကြောင့် စိုးရိမ်စရာ အခြေအနေတွေ ရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC အတွင်းရေးမှူး စစ်တွေမြို့ခံ ကိုဇော်ဇော်ထွန်းက ပြောပါတယ် ။

“ လူထုထဲမှာတော့ ပိုးကူးစက်မှုတေ ွ လျော့ကျ မသ ွားသေးတဲ့အပေါ်မှာ စိုးရိမ်စိတ်က ရှိနေတုန်းပါပဲ။ Lockdown ချတဲ့အနေအထား၊ Stay Home လုပ်တဲ့ အနေအထားတွေက ကျတော့ တဖြည်းဖြည်း အနည်းငယ် နည်းလာပြီးတော့မှ လူတွေရဲ့ သွားလာမှုက တဖြည်းဖြည်း ပိုများလာပါတယ်ဗျ။ တဖက်မှာ အခြေခံလူတန်းစားတွေက မလွှဲသာမရှောင်သာပေါ့လေ အပြင်ကိုထွက်ပြီးတော့မှ အလုပ်လုပ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ အခုဆို လမ်းပေါ်မှာ လူပိုများလာနေပါပြီ။ ပြီးလို့ရှိရင် နှာခေါင်းစည်း Mask တပ်တဲ့ဟာလည်း နည်းလာတာ တွေ့ရတယ်။ စည်းကမ်း လျော့ရဲတယ်လို့ ပြောလို့ရပါတယ်။ တချို့လည်း ပေါ့တိပေ့ါဆ နေလာကြတဲ့သူတွေ တွေ့နေရပါတယ်ဗျ။”

မန္တလေးတိုင်းဟာ ကိုဗစ်ကာလ အစောပိုင်းမှာတုန်းက တင်းကြပ်စ ွာ ကိုင်တွယ်ခဲ့ပြီး ကန့်သတ် တားဆီးမှုတွေ ဖြေလျော့ခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ကူးစက်မှု တကြော့ပြန် တိုးလာတဲ့အတွက် ကူးစက်မှုအရမ်းများနေတဲ့ ရခိုင်ပြည်နယ် ၊ ရန်ကုန်တိုင်းနဲ့ မန္တလေးအကြား အသွားအလာ မြို့အဝင်အထွက် လမ်းကြောင်းတွေကို ပြန်လည် ကြပ်မတ်လာတယ်လို့ မန္တလေးတိုင်း အောင်မြေသာဇံမြို့နယ်က ကျောင်းဆရာ ဦးညွန့်လ ွင်က ပြောပါတယ်။

” ရန်ကုန်ကနေ မန္တလေးကိုလာတဲ့ကားတွေ အဝင်မခံတော့ဘူး။ အထွက်လည်း မရှိဘူးပေါ့။ ရခိုင်ဘက်က ဝင်လာတာမျိုးဆိုလည်း အဝင်မခံတော့ဘူးဗျ။ ဒီနေ့ကစပြီး နယ်ထ ွက်မယ့် လိုင်းကားတွေတောင် မပြေးကြတော့ဘူးပေါ့နော် .. မထွက်ရဘူး ပြောထားတော့။ မန္တလေးမှာရှိတဲ့ ကားကြီးက ွင်း ၅ က ွင်းရှိတာလည်း ပိတ်ထားတယ်ဗျ။ ဒါပေမဲ့ ကုန်ကားကြီးတွေကိုတော့ ဝင်ခွင့်ပေးမယ် ကြားတယ်။ အဲလို ဝင်ခွင့်ပေးတဲ့အခါမှာ ကားပေါ်ပါလာတဲ့ ဒရိုင်ဘာကို ဆင်းခိုင်းပြီးတော့ မန္တလေးမြို့ခံက ကားကိုတက်မောင်းပေးမယ် ၊ လိုအပ်တဲ့နေရာမှာ ချပေးမယ် ပြီးရင် ကားကြီးကို နဂိုမြို့အဝင်နေရာကို ပြန်မောင်းပို့ပေးမယ်ပေါ့နော်။ ကုန်စည်စီးဆင်းအောင်ပေါ့။ ကုန်စည်စီးဆင်းမှုရှိရင် ဆန်စျေး ဆီးစျေး မတက်တော့ဘူးပေါ့။ “

မန္တလေးတိုင်း အစိုးရရဲ့ ကြာသပတေးနေ့ တရားဝင် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်း နေအိမ်မှာပဲ နေရေး Stay at Home အစီအစဉ် သတ်မှတ်ခံထားရတဲ့ မြို့နယ်က လာရောက်သူတွေ၊ အဲဒီမြို့နယ်တွေကို သွားရောက်ပြီး မန္တလေးကို ပြန်ဝင်လာသူတွေဟာ ဒေသအာဏာပိုင်တွေက စိစစ်ပြီးမှသာ မြို့ထဲပြန်ဝင်ခွင့်ပေးမှာ ဖြစ်တယ်လို့ အမိန့်ထုတ်ထားပါတယ်။ လိုအပ်ရင် ကွာရမ်တင်း(၁၄)ရက်နဲ့ နေအိမ်မှာ သီးခြား(၇)ရက် နေရမယ်လို့ ပြဌာန်းထားပါတယ်။

မွန်ပြည်နယ်မှာတော့ ကိုဗစ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ကူးစက်ခံရသူ (၄၀)နီးပါးရှိလာတဲ့အထဲ အများစုက မော်လမြိုင်မြို့က ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်မှု တိုးလာတာအတွက် လူတွေကြား စိုးရိမ်စိတ် များလာတယ်လို့ မော်လမြိုင်မြို့သူ ဒေါ်မိမိလတ်က ရှင်းပြပါတယ်။

” စိုးရိမ်မှုက အရင်တုန်းကဆို ၂၀% လောက်ပဲ ရှိခဲ့ပေမဲ့ အခုတော့ ၅၀% လောက် ရှိလာပြီပေါ့နော်။ ကူးစက်သူ နည်းနည်း များလာတယ်ဆိုတော့လေ။ စျေးတွေဘာတွေ မထ ွက်ရဘူးဆိုတော့ စီးပွားရေးလည်း နည်းနည်း တုန်လှုပ်လာကြတာပေါ့ ။ ဒီနေ့ကစပြီး ရထား မပြေးတော့ဘူး ပြောပါတယ်။ ကားဝင်းတွေမှာ လူနည်းနည်း ခြောက်ကပ်နေတုန်းပဲ။ အဝေးပြေးကား express တွေ ပြေးဆွဲတဲ့ အရေတွက် နည်းသ ွားတယ်။ မော်လမြိုင်မှာ ရခိုင်က ပြန်လာသူ နည်းတယ်။ အဲဒီ ရန်ကုန်က ပြန်လာကြတဲ့ လူနာတွေကြောင့်ပဲ ဒီမှာ ကူးစက်တာ ရှိနေသေးတယ်ပေါ့။”

အခုလို ကိုဗစ်ကူးစက်သူ များပြားလာတာကြောင့် ရန်ကုန်တိုင်း အတွင်းမှာ ဖေါင်ကြီးသင်တန်းကျောင်း၊ မြန်မာနိုင်ငံ ဘောလုံးအကယ်ဒမီကျောင်းနဲ့ တက္ကသိုလ်များဆေးရုံတွေကို ယာယီ လူနာဆောင်တွေအဖြစ် တိုးချဲ့သ ွားဖို့၊ ကိုဗစ်ရောဂါလက္ခဏာ သံသယရှိလူနာတွေကို ရိုးမအိမ်ယာတွေမှာ ယာယီထားရှိနိုင်ဖို့နဲ့ ကိုဗစ်လူနာတွေ ကုသပေးနေတဲ့ ဆေးပညာရှင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ သီးသန့် နေထိုင်နိုင်ဖို့ နေရာတွေကို ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!