Latest Breaking News & Headlines

ကိုဗစ်ကာကွယ်ဆေးစမ်းသပ်မှု ယာယီရလဒ် ဒီနှစ်ကုန်မှာ ထွက်လာဖွယ်ရှိ…

115

အားလုံး မျှော်လင့်နေတဲ့ COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကြားဖြတ်ယာယီ ရလဒ်ကို ဒီနှစ်ကုန်မှာ မြင်တွေ့ရဖွယ် ရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကြာသပတေးနေ့က ပြောပါတယ်။ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ WHO သတင်းစာရှင်းလင်းပွဲအတွင်း WHO ရဲ့သိပ္ပံပညာရှင်အကြီးအကဲ Soumya Swaminathan က COVID-19 ကာကွယ်ဆေး စမ်းသပ်နေကြတဲ့ နောက်ဆုံး အခြေအနေကိုရှင်းပြသွားတာပါ။

WHO ရဲ႕သိပၸံပညာရွင္အႀကီးအကဲ Soumya SwaminathanWHO ရဲ႕သိပၸံပညာရွင္အႀကီးအကဲ Soumya Swaminathan”ဒီနှစ်ကုန်ပိုင်းကျရင် အနည်းဆုံးတော့ ကြားဖြတ်ယာယီ ရလဒ်တချို့စပြီး မြင်တွေ့လာရဖွယ်ရှိပါတယ်။ ကျမတို့ အခု ပြောနိုင်တာက ပထမအဆင့်နဲ့ ဒုတိယအဆင့်ကို စမ်းသပ် လေ့လာချက်က ရတဲ့ အချက်အလက်တွေက အတော်ကို ခိုင်မာပါတယ်။ COVID-19 ကာကွယ်ဆေး ထုတ်ဖို့ ကြိုးစားနေသူ အများစုဟာ ဒုတိယအဆင့်ကို ပြီးမြောက်ကုန်ပါပြီ။

ခန္ဓာကိုယ် ပဋိဇီဝပစ္စည်းတွေကို အာနိသင် ပျက်ပြယ်စေမယ့် ကိုယ်တွင်း တုံ့ပြန်မှုအစွမ်းရှိတဲ့ ဆေးအဆင့်ကို သူတို့အားလုံး စမ်းသပ်နိုင်ခဲ့တယ်ဆိုတာ ပြသနေကြပါတယ်။” လို့ Swaminathan က ပြောသွားတာပါ။ဗြိတိန်နဲ့ ဆွီဒင်ဖက်စပ်ပိုင် AstraZeneca ဆေးကုမ္ပဏီကတော့ COVID-19 ကာကွယ်ဆေးအတွက် လူနဲ့ စမ်းသပ်မယ့် တတိယအဆင့်ကို ရပ်နားထားတယ်လို့ အင်္ဂါနေ့ အစောပိုင်းမှာ ကြေညာပါတယ်။ စမ်းသပ်ဆေး ထိုးခံရသူတဦးဆီမှာ စိုးရိမ်ဖွယ် တုံ့ပြန်မှုတွေ ပြတာကြောင့် ခုလို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

AstraZeneca ဆေးကုမ္ပဏီရဲ့ ဒီဆုံးဖြတ်ချက် ထွက်ပေါ်ပြီးနောက် စမ်းသပ်မှုတိုင်းမှာ အသက်အန္တရာယ် လုံခြုံရေးက ပထမဦးစားပေး ဖြစ်တယ်လို့ WHO ရဲ့သိပ္ပံပညာရှင် Swaminathan က ကိုဗစ်ကာကွယ်ဆေး ထုတ်သူတိုင်းကို ထပ်လောင်း သတိပေးပါတယ်။ ကိုဗစ်ကာကွယ်ဆေး ထုတ်တာဟာ မြန်ဆန်ပြီး ဖြောင့်ဖြူးတဲ့ ခရီးလမ်း မဟုတ်သလို ထွက်ပေါ်နေတဲ့ သတင်းတွေ ကြောင့်လည်း စိတ်ဓါတ်ကျစရာ မလိုဘူးလို့ ပြောဆိုပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!