Latest Breaking News & Headlines

Stay At Home ၂၉ မြို့နယ်က ပြည်သူများ စျေးဝယ်ရာတွင် ကူညီပေးရန် ညွှန်ကြားထား…

92

ကိုဗစ်-၁၉ ရောဂါ ဒုတိယအကျော့မှာ ကူးစက်မှုဒဏ်ပိုခံလာရတဲ့ ရန်ကုန်တိုင်းက နေအိမ်မှာ နေထိုင်ရေး Stay At Home သတ်မှတ်ထားတဲ့ ၂၉ မြို့နယ်မှာ ဆိုင်ထိုင်စားခွင့်မပြုတော့ကြောင်းနဲ့ ပြည်သူတွေစျေးဝယ်ရာမှာလည်း ကူညီပေးဖို့ မြို့နယ်စည်ကော်မတီတွေကို ညွှန်ကြားထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောပါတယ်။

“Stay At Home က ပြည်သူတွေကို စျေးဝယ်ရာမှာ ကူညီပေးဖို့ရယ်၊ သားငါး ဟင်းသီးဟင်းရွက်ရောင်းတဲ့စျေးတွေကို  ဖွင့်စေဖို့ရယ်ပါ။”လို့ ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မြို့နယ်စည်ပင်တွေကို ညွှန်ကြားစာမှာတော့ စားသောက်ဆိုင်တွေ ပါဆယ်စနစ်နဲ့ပဲ ရောင်းချဖို့ စည်းရုံးစစ်ဆေး ကြပ်မတ်ဆောင်ရွက်ဖို့၊ မြို့နယ်တွင်းက စျေးတွေမှာ သား၊ ငါး ၊ ဟင်းသီးဟင်းရွက်၊ ကုန်ခြောက်ဆိုင်တွေပဲ ဖွင့်လှစ်ရောင်းချရေး စည်းရုံးဆောင်ရွက်ဖို့ ၊Stay At Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ရပ်ကွက်လမ်းတွေထဲမှာ ရောဂါထိန်းချုပ်ရေးလုပ်နေတဲ့ ရပ်မိရပ်ဖ၊ ရပ်ကွက်အုပ်ချုပ်ရေး၊ လူမှုရေးအသင်းအဖွဲ့၊ ပရဟိတသမားတွေနဲ့ ဆက်သွယ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့ ပါရှိပါတယ်။

တောင်ဥက္ကလာပမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ  ဦးကျော်ဇေယျာဝင်းက “ဒီလိုမျိုးရပ်ကွက်ထဲမှာ ပထမလှိုင်းတုန်းကပုံစံနဲ့ အခုဒုတိယလှိုင်းပုံစံနဲ့က သိပ်မတူဘူးဗျ။ ဒါကြောင့်မလို့ ဒီလိုမျိုး နဂိုကတော့ ဒေသန္တရအုပ်ချုပ်ရေးပိုင်းကို ကော်မတီအနေနဲ့ပဲ ဝင်ကူညီတာပေါ့နော်။ အခုဟာကတော့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ကူညီပေးပါဆိုတာကို ညွှန်ကြားတာပါ။” လို့ ပြောပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!