Latest Breaking News & Headlines

ရန်ကုန်တိုင်းတွင်း ပိတ်ဆို့တားဆီးမှုတွေပေါ် လူထုကြား ဘဝင်မကျဖြစ်နေ…

112

ရန်ကုန်တိုင်းတွင်း မြို့နယ်အတော်များများမှာ ပြည်တွင်း ပြည်ပခရီးသွား ရာဇဝင်မရှိ- ရောဂါပိုးကူးစက်သူနဲ့ ထိတွေ့မှုမရှိဘဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ များပြားလာတဲ့အတွက် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ပထမတကြိမ် မြို့နယ် ၇ မြို့နယ် စက်တင်ဘာလ ၉ ရက်နေ့မှာ နောက်ထပ် ၂၁ မြို့နယ် Stay At Home အမိန့်ထုတ်ပြီး ပြည်သူတွေ နေအိမ်တွေထဲမှာနေဖို့ ညွှန်ကြားချက် ထုတ်ထားတဲ့ တချိန်တည်းမှာပဲ ဒီရက်ပိုင်းအတွင်း ရောဂါပိုးကူးစက်သူက နေ့စဉ်ရာဂဏန်းအထိ တိုးလာတဲ့အတွက် ရပ်ကွက် မြို့နယ် လမ်းအဝင်အထွက်တွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပိတ်ဆို့တားဆီး ကန့်သတ်မှုတွေ လုပ်လာကြလို့ လူထုကြားစိုးရိမ်မှုတွေ ပိုတိုးလာနေပါတယ်။အခုလို ကိုယ့်အစီအစဉ်တွေနဲ့ကိုယ် လမ်းတွေပိတ်ဆို့ အသွားအလာတွေ ကန့်သတ်မှုတွေနဲ့ Lock Down ချနေတာတွေက လူထုအတွက် စိုးရိမ်မှုတွေနဲ့ သွားလာရေးအခက်အခဲတွေ ပိုဖြစ်လာသလို ဒီလုပ်ရပ်တွေဟာ ဥပဒေနဲ့ မညီဘူးလို့ ရန်ကုန်မြို့ခံ ဥပဒေပညာရှင် တဦးဖြစ်တဲ့ ရှေ့နေဦးစိုးမိုးမြင့်ကပြောပါတယ်။

“ကျနော်တို့စဉ်းစားရမှာက Stay Home အစီအစဉ်ကိုပဲ သေသေချာချာလေး အောင်မြင်အောင် ကျနော်တို့လုပ်ဖို့က အဓိကလိုအပ်တာလို့ ကျနော်မြင်တယ်။ အခုက Lock Down ပုံစံမျိုး ဒီလိုမျိုး ပိတ်ထားတာ ပြုထားတာမျိုးက နည်းနည်းလေး များသွားပြီလေ။ အမှန်တော့ ပုံစံလွဲနေတာဗျ။ ရပ်ကွက်ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့လည်း ဆိုင်တာပေါ့။ သူတို့ နားလည်ယူဆတဲ့ ပုံစံမျိုးနဲ့ အားလုံးကတော့ ကောင်းဖို့တော့ စေတနာနဲ့ လုပ်နေကြတာပဲ။ ဒါပေမဲ့ နည်းနည်းမှားယွင်းတဲ့ ပုံစံဖြစ်နေတယ်။ ဒါက မတရား တားဆီးတဲ့အဆင့်ဖြစ်နေပြီ။ ကားတွေပါ သွားလို့မရတဲ့အတွက် အရေးကြီးတဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေမှာ ပြဿနာတွေ ပေါ်လာနိုင်တယ် အများကြီးပဲ။

ပြီးတော့ ဒီကိစ္စတွေ လုပ်နေတာကလည်း Volunteer တွေ လုပ်နေကြတာဆိုတော့ Authority ရှိတဲ့သူက လုပ်တာမဟုတ်တဲ့အခါကျတော့ ပြဿနာတွေ အများကြီး တက်လာနိုင်စရာတွေရှိတယ်။”အခုဆိုရင် ရန်ကုန်တိုင်းတွင်း တမြို့နယ်နဲ့ တမြို့နယ်ကြား ရပ်ကွက်တခုနဲ့တခုကြား လမ်းအဝင်အထွက်တွေကို အကာအရံတွေနဲ့ ပိတ်ဆို့ နေတာဟာ ဘယ်အဖွဲ့အစည်းရဲ့ ညွှန်ကြားချက်မှန်း အတိအကျမသိတဲ့ အနေအထားဖြစ်နေလို့ သက်ဆိုင်ရာအုပ်ချုပ်ရေး အာဏာပိုင် အဆင့်ဆင့် ညွှန်ကြားချက် မူဝါဒ ခိုင်မာအောင် ဆောင်ရွက်သင့်ပါတယ်လို့ ရန်ကုန်မြို့ခံ သတင်းစာဆရာ ဦးဇေယျသူက သုံးသပ်ပါတယ်။”

အခုကတော့ ဘယ်သူက ဘယ်လို ပိတ်ခိုင်းနေမှန်းကို မသိဘူး။ ကားတွေလည်း ဝင်လို့မရဘူး တက္ကစီ ဝင်လို့မရဘူး။ အဲ့တော့ လူကြီးပိုင်းတွေ ၇၀ ကျော်၊ ၈၀ တွေ အပြင်ထွက်ချင်တယ်ဆိုလည်း အရင်ဆုံးတော့ ကိုယ့်ဝင်းထဲကနေ ရပ်ကွက်ထဲကနေ အပြင်အရင်ထွက်ပေါ့ ဆိုတဲ့အခါကျတော့ တော်တော်ကို ဒုက္ခရောက်ကြတယ်ပေါ့နော်။ တချိူ့ဟာတွေက မလိုအပ်ဘဲနဲ့ လုပ်နေတာလို့ မြင်တဲ့သူတွေလည်း အများကြီးပေါ့နော်။ တရပ်ကွက်နဲ့တရပ်ကွက် တလမ်းနဲ့တလမ်းသွားဖို့တောင် အခုက အတော်ခက်နေတာကိုး။ သွားလို့လာလို့ မှမလွယ်ဘူးပေါ့လေ။ Freedom of Movment ပေ့ါ။ ဆိုတဲ့အခါကျတော့ ဒီလောက်ကြီးကလည်း ဆိုးနေတာလည်းမဟုတ်ဘူးဆိုတော့ အခုချိန်မှာ စည်းလုံးညီညွတ်ရမဲ့ အချိန်မှာ စိတ် ဝမ်းကွဲပြားစရာတွေ ဖြစ်တာပေါ့ဗျာ။

မလိုအပ်ဘဲနဲ့ ဒေါသတွေကြီးလာနိုင်တာပေါ့။ ဒါကြောင့် ပထမလှိုင်းဖြစ်တုန်းက အတွေ့အကြုံကို ယူပြီးတော့ ပြည်ထောင်စုနဲ့ ပြည်နယ် တိုင်းဒေသကြီးတွေ လုပ်ခဲ့ကြတာရှိတယ်။ တိုင်းဒေသကြီးဆိုလည်း မြို့နယ်တွေ တညီတညွှတ်တည်း မူဝါဒပြန့်အောင် ဘယ်လိုလုပ်ခဲ့ကြတယ်။ အဲ့တာမျိုးတွေ ပြန်လေ့လာလိုက်ရင်ကိုမှ အများကြီး တိုးတက်သွားနိုင်တယ်ပေါ့ အဲ့လို မြင်ပါတယ်။”ရပ်ကွက်တွေ လမ်းတွေထဲ ပိတ်ဆို့ကာရံနေတဲ့ Lock Down အစီအစဉ်တွေဟာ တရားဝင်ညွှန်ကြားချက်ထုတ်ပြန်တာမျိုးမရှိဘဲ ရပ်ကွက်အာဏာပိုင်တွေဘက်က လုပ်ဆောင်နေတာဖြစ်လို့ ပြည်သူလူထု သွားလာရေး အတော်လေး အဆင်မပြေဖြစ်နေကြရတယ်လို့ ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ကြုံတွေ့ရတဲ့ အခက်အခဲပြောပြပါတယ်။”

အဲ့ဒီ Lock Down တွေကလေ တိုင်းဒေသကြီးက ညွှန်ကြားထားတာလား၊ မညွှန်ကြားထားဘူးလားဆိုတဲ့ ထုတ်ပြန်ချက်လည်း မရှိဘူး။ မရှိဘဲနဲ့ ကိုယ့်အာဏာနဲ့ကိုယ် လုပ်နေကြတာပေါ့နော်။ အရင်တခေါက်ကလည်း Lock Down လုပ်တယ်ဆိုပြီး လမ်းထိပ်တွေမှာ စုစု၊ စုစုနဲ့ ထိုင်ကြတာမျိုးတွေ ရှိတယ်။ ရပ်ကွက်လူကြီးတွေ အားနေတဲ့သူတွေ အဲ့မှာထိုင်ပြီး စကားတွေ ထိုင်ပြောနေကြတယ်ပေါ့နော်။ ကျန်တဲ့ လမ်းသွားလမ်းလာပြည်သူကျတော့ Lock Down လုပ်ထားတယ်ဆိုပြီး ဝင်ခွင့်မပြုဘူး။ တကယ်တမ်းက ဒါတွေက ရောဂါကာကွယ်ဖို့ကို တကယ် အကျိုးရှိရဲ့လားဆိုတာ ပြန်စဉ်းစားသင့်တယ်ပေါ့။ သွားရလာရတာ ဘယ်လိုမှ အဆင်မပြေဘူး။ တကယ်က အဓိက လူတယောက်ချင်းစီမှာ လုပ်ရမယ့် Measure ပေါ့နော်။

အဲ့တာက ကိုယ့်ကိုကိုယ် သူများနဲ့ Distancing ထားတာမျိုး Mask တပ်တာမျိုး မကြာခဏ လက်ဆေးတာမျိုးလို သေချာတဲ့အချက်တွေကို လုပ်ရမယ့်အစား မဟုတ်တာတွေ လျှောက်လုပ်နေကြရင် ကျန်တဲ့သူတွေ အလုပ်အကိုင်အခက်ခဲဖြစ်တာပဲဖြစ်လိမ့်မယ်။ အခုက ကောင်းကျိုးထက်စာရင် ဆိုးကျိုးပဲဖြစ်တယ်။ လူတွေက Panic ဖြစ်ကုန်တယ်။အခုက တိုင်းဒေသကြီးက အမိန့် တမျိုးထုတ်တယ်။ ပြီးတော့ ပြည်ထောင်စုက ကျန်းမာရေးဝန်ကြီးဌာနက တမျိုးပြောတယ်။ အဲ့တာတွေက အုပ်ချုပ်ရေး ယန္တယားမှာ Coordination မရှိဘူးဆိုတာ အရမ်းကို ထင်ဟပ်စေတယ်။ ဒီပေါ်လစီတွေက တယောက်နဲ့တယောက် သေချာညှိနှိုင်းရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်။ ကိုယ်ထင်တာတွေ လျှောက်လျှောက်လုပ်နေကြတာဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုပဲဖြစ်စေတယ်။ နောက်တခုက ဒါက ရေရှည်သွားရမယ့်အလုပ်ကြီးပါ။ ဒါက နောက်ထပ် ဘယ်နှလ ကြာမယ်ဆိုတာလည်း ဘယ်သူမှမသိဘူး။

ဒီ New Normal မှာ လူတယောက်ချင်းစီနေတတ်အောင် လုပ်ပေးရမယ့်အစား ထင်ရာလုပ်နေတာတွေက အဖြေမဟုတ်ပါဘူး။”အခုဆိုရင် မြန်မာနိုင်ငံတနိုင်ငံလုံးအတိုင်းအတာနဲ့ ကူးစက်သူပေါင်း အနည်းဆုံး ၂,၂၀၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးသူကလည်း ၁၄ ဦးအထိ ရှိလာနေတာပါ။ ဒါကြောင့် လက်ရှိ ကိုဗစ် ကူးစက်မှုနှုန်း နေ့စဉ်ရက်ဆက် ဆိုသလို အရှိန်မြင့်လာနေတဲ့ မြန်မာနိုင်ငံမှာ ပြည်ထောင်စုအဆင့်အစိုးရ ပြည်နယ်တိုင်းဒေသကြီး အဆင့်ဆင့်ကနေ မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူုးတွေအဆင့်အထိ ရပ်ကွက်လူထု အများပြည်သူ လိုက်နာရမယ့် ဒေသန္တရအမိန့်တွေ ညွှန်ကြားချက်တွေကို တပြေးညီမူဝါဒတွေနဲ့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာပေးသင့်တယ်လို့လည်း ပြည်သူတွေက အကြံပေးကြပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!