Latest Breaking News & Headlines

ခြောက်ပြစ်ကင်းသဲလဲစင်ရှိသလား…

74

မိမိတို့နိုင်ငံရဲ့ အဓိကပြဿနာက

လူမှန်နေရာမှန်ရှိမနေကြခြင်းက နံပါတ် {၁} ပြဿနာပါ ။

ပြိုင်ဘက်နဲ့ရန်သူ မခွဲခြားတတ်သေးခြင်း ကတော့ နံပါတ် {၂} ပြဿနာပါ ။

အဓိကနဲ့သာမည မပိုင်းခြားနိုင်ခြင်းက နံပါတ် {၃} ပြဿနာပါ ။

၁၀နှစ်တာ ကာလအတွင်းမှာ မင်း၂ဆက်တက်လာကြတယ် ထိုမင်း၂ဆက်လုံးမှာ နိုင်ငံနဲ့ပြည်သူဆိုတာနှလုံးစိတ်ဝမ်း၌မထား မိမိ မိမိဆိုင်ရာအကြီးအကဲများကိုလေးစားသမှုမရှိပဲ ခိုးမှုကြီးတွေဖြစ်ခဲ့ကြပါတယ်ဟန်ဆောင်ကောင်းတဲ့အဖွဲ့က မပေါ်လွှင်ခဲ့ပေမဲ့ခိုးပါးမဝသေးတဲ့ အဖွဲ့ဘက်ကတော့ သိသိသာသာကြီးဖြစ်ခဲ့တာ အားလုံးမြင်မှာပါ #ဥပမာ တနင်္သာရီဝန်ကြီးတို့ပါ #ကျေနပ်ရသည်က တနင်္သာရီဝန်ကြီးကိုတော့ ဥပဒေနဲ့ဆောင်ရွက်ပေးလို့အတိုင်းမသိကျေနပ်ပါ၏ #ကျန်သူခိုးများတော့ သေသေချာချာ ဂဃနဏမသိလို့ မပြောတော့ပါ။

ထိုကဲ့သို့ စည်းဖောက်၍ သူခိုးဂျပိုးနိုင်ငံရေးသမားတွေဟိုဘက်ဒီဘက်ပါဝင်နေခြင်းကြောင့် မိမိတို့သက်ဆိုင်ရာခေါင်းဆောင်များလည်း တပည့်မလိမ်မာဆရာအာပတ်သင့်အဖြစ်မျိုးတွေနဲ့ ကြုံခဲ့ကြရပါတယ်တဖက်က သူခိုးအဖွဲ့က ဟန်ဆောင်ကောင်းတော့နိုင်ငံပိုင်သင့်ပြည်သူပိုင်သင့်တဲ့ မြေဧရိယာအကျယ်ဝန်း ရွာများပင်တည်လို့ရလောက်အောင်ခိုးထားမှုကြီးကိုတော့ အဟမ်း စိတ်ပျက်လက်ပျက်တွေ့နေရပါတယ်လို့😁 ဆက်သွားရအောင်

👍👉နိုင်ငံရေးပဲနားလည်သူသပ်သပ်ရယ်

👉ဘာသာရေးကို စိုးရိမ်နေကြသူသပ်သပ်ရယ်

👉နိုင်ငံရေးဘာသာရေး သာသနာအရေးအတွက် ရတက်မအေးဖြစ်နေသူသပ်သပ်ရယ်

👉တော်ကီနဲ့အာဝဇ္ဇန်းရွှင်မှုကြောင့်ကြီးပွားနေသူသပ်သပ်ရယ်

👉ခိုးတတ်မှုကြီးတွေကြောင့် ဟန်ပန်မပျက် မိသားစုနဲ့နှပ်နေတဲ့ သူခိုးဌေးကြီးများသပ်သပ်ရယ်

👉ဘယ်အစိုးရတက်တက် အမြဲငတ်နေရတဲ့ ပြည်သူသပ်သပ်ရယ်

👉ယနေ့အချိန်ထိ သမိုင်းမှန်တကယ်မသိသေးသူသပ်သပ်ရယ်

👉သူများပါးစပ်နဲ့လမ်းဆုံးနေသူသပ်သပ်ရယ်

👉စစ်ပွဲတွေမှာပဲ ဘဝကိုဘာမသိညာမသိကုန်ဆုံးခဲ့ရတဲ့အောက်ခြေစစ်သည်တော်သပ်သပ်ရယ်

👉ပြည်ထောင်မစုပဲ မိမိတို့လူမျိုးလူမျိုး အသီးအသီးခွဲထွက်ချင်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် သပ်သပ်ရယ်

စသည်စသည် သပ်သပ်စီခွဲခြားကြည့်ပါကရှုပ်ထွေးလွန်းတဲ့ ဟန်ဆောင်မှုတွေများလွန်းတဲ့covid19ကပ်ရောဂါစတင်ခံစားနေရတဲ့ အမိမြန်မာနိုင်ငံတော်ကြီးပြောရမလား ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးပဲခေါ်ရမလား ကိုယ်တွေနိုင်ငံကြီးရဲ့အနာဂတ်ဟာမိမိတို့ အသဲကြားက မဲတစ်ပြားစီတိုင်းမှာရှိနေတဲ့အတွက်ကြောင့် #၁၃၅အမျိုးရယ်ဘာသာရယ်သာသနာရယ်နိုင်ငံတော်ကြီးရယ်ကိုအမှန်အကန်လမ်းကြောင်းပေါ်ပြန်တင်နိုင်မည့်##ခေါင်းဆောင်နှင့်အဖွဲ့အစည်းကိုရွေးချယ်နိုင်ကြပါစေရွေးချယ်နိုင်အောင်ကြိုးစားကြပါလို့တိုက်တွန်းရင်း…

{တခုတခုစီရဲ့အကျယ်ကို မကြာမှီဆက်ပေးပါအုံးမယ်}

🙏🙏🙏ဘေးကင်းပါစေ မြန်မာပြည်🙏🙏🙏

Leave A Reply

Your email address will not be published.

error: Content is protected !!