Latest Breaking News & Headlines

မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဓါတ်ခွဲနမူနာစစ်ဆေးရာ၌(တစ်ကြိမ်)ကျပ်နှစ်သိန်းနှင့် Quaratine နေထိုင် စဉ် တစ်နေ့တာစားသောက်စရိတ်တစ်ဦးသုံးထောင်ကျပ်ကို ကာယကံရှင်Quaratine ဝင်ရောက်ရသူထံမှ ကောက်ခံမည်…

323

မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဓါတ်ခွဲနမူနာစစ်ဆေးရာ၌(တစ်ကြိမ်)ကုန်ကျစရိတ်ကျပ်နှစ်သိန်းနှင့် Quaratine နေထိုင်စဉ် တစ်နေ့တာစားသောက်စရိတ်တစ်ဦးသုံးထောင်ကျပ်ကိုကာယကံရှင်Quaratineဝင်ရောက်ရသူ ထံမှ ကောက်ခံမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁ဝရက်နေ့ ယနေ့တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ လိုက်နာဆောင်ရွက်ရေး အကြောင်းကြားထားကြောင်းသိရသည်။

စက်တင်ဘာလ ၇ ရက်နေ့မှ စတင်၍ မြင်းခြံမြို့နယ်မှလာရောက်သူများ၊ မြင်းခြံမြို့နယ်သို့ သွားရောက်ခဲ့ပြီး ပြန်လည်ဝင်ရောက်လာသူများ ၊ နေအိမ်နေထိုင်ရေး Stay Home အစီအစဉ်တွင် အကျုံးဝင်ကြောင်းသတ်မှတ်ထား သည့်မြို့နယ်များမှ လာရောက်သူများ ၊ အဆိုပါ နေအိမ်နေထိုင်ရေးအစီအစဉ်တွင်အကျုံးဝင်သောမြို့နယ်များသို့သွား ရောက်ပြီးပြန်လည်ဝင်ရောက်လာသူများအနေဖြင့် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ Quaratine Centre များတွင် Facility Quaratine ဝင်ရောက်ရမည်ဖြစ်သည်။

၎င်းဒေသများမှ လာရောက်သူများ ၊ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မည်သူမဆို ကိုဗစ်၁၉ရောဂါ ဓါတ်ခွဲစစ်ဆေးရာ၌ ကုန်ကျမည့်စရိတ်အားတစ်ကြိမ်လျှင် နှစ်သိန်းကျပ်ဖြင့် လည်းကောင်း ၊ Community Based Quaratine ဝင်ရောက်နေစဉ်ကာလအတွင်း စားသောက်စရိတ်တစ်ရက်လျှင် သုံးထောင်ကျပ်နှုန်းကိုကောက်ခံမည်ဖြစ်ကြောင်းကို လိုက်နာဆောင်ရွက် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများထံသို့ လိုက်နာဆောင်ရွက်ရန် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက အကြောင်းကြားခြင်းဖြစ်ဟု သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် ကိုဗစ်၁၉ ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသ ကြီးအတွင်းသို့ ကိုဗစ်၁၉ရောဂါဖြစ်ပွားရာဒေသများမှ လာရောက်သူများ၊ တိုင်းဒေသကြီးအတွင်းမှအဆိုပါဒေသများ သို့သွားရောက်ပြီး တိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျ ကျန်းမာရေးစစ်ဆေးပြီး ဆောင်ရွက်သွားရန်နှင့် ဓါတ်ခွဲစစ်ဆေးရာ၌ ကုန်ကျစရိတ်အားလည်းကောင်း ၊ Community Based Facility Quara- Tine ထားရှိစဉ်ကာလအတွင်းကုန်ကျမည့်စရိတ်အား ကာယကံရှင်ထံမှကျခံရမည်ဖြစ်ကြောင်းအား အသိပေး ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်ဟု သိရသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

ချမ်းသာ ( ပြန်/ဆက် )

Leave A Reply

Your email address will not be published.

error: Content is protected !!