Latest Breaking News & Headlines

မိတ္ထီလာမြို့တွင် ကိုဗစ် ၁၉ ရောဂါပို့တွေ့သူများပါရှိကြောင်း သိရှိ၍ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မဖြစ်ပေါ်စေ ရေးအတွက် မြို့ပေါ်ရှိ စျေးများတွင် စားသောက်ကုန်များနှင့် ဆေးဝါးပစ္စည်း အရောင်းဆိုင်များသာလျှင် ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည် …

248

မိတ္ထီလာမြို့တွင် ကိုဗစ် ၁၉ ရောဂါပို့တွေ့သူများ ပါရှိကြောင်း သိရှိ၍ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြီး စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့ပေါ်ရှိ စျေးများတွင် စားသောက်ကုန်များနှင့် ဆေးဝါးပစ္စည်း အရောင်းဆိုင်များကိုသာလျှင် ဖွင့်လှစ်ရောင်းချ ခွင့်ပြုသွားမည်ကြောင်း သိရသည်။

အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉သည် ကမ္ဘာ့အနှံ့ကူးစက်ပြန့်ပွားနိုင်သည့် ကမ္ဘာ လုံးဆိုင်ရာ ကပ်ရောဂါဖြစ်ကြောင်း WHO က သတ်မှတ်ကြေငြာခဲ့ပြီးဖြစ်၍ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာစာရင်းတွင် မိတ္ထီလာမြို့မှ ရောဂါပို့တွေ့ရှိသူ(၄)ဦး ပါဝင်ခဲ့သည်။

ထိုသို့ မိတ္ထီလာမြို့တွင် ရောဂါပိုးတွေ့ရှိသူများ ပါဝင်ခဲ့၍ အဆိုပါ ကိုဗစ်-၁၉ ရောဂါများ ပြန့်ပွားမှုမရှိစေရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ညွှန်ကြားချက်အရ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဖွဲ့ပိုင်စျေးများ ဖြစ်သည့် စည်ပင်သာယာစျေးကြီး၊ ဗဟိုစျေး၊ ပိတောက်မြိုင်စျေး၊ မြို့သစ်စျေး၊ ပေါက်ချောင်းစျေး၊ ရန်မျိုးအောင်စျေး၊ ပြည်သာယာစျေး၊ ပုလဲစျေး၊ ဝန်ဇင်းစျေး၊ ပုလဲကန်စျေးတို့တွင် မရှိမဖြစ်လိုအပ်သော စားသောက်ကုန်

ရောင်းချသည့်ဆိုင်များ၊ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းအရောင်းဆိုင်များ၊ ဆေးဝါးပစ္စည်းအရောင်းဆိုင်များကို သာဖွင့်လှစ် ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် ၎င်းစျေးများတွင် ရောင်းချလျက်ရှိသည့် စျေးသည်များနှင့် စျေးဝယ်များ စနစ်တကျ နှာခေါင်းစည်းများ တပ်ဆင်စေရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ယင်းစျေးများတွင် နေ့စဉ် လက်ကိုင်အသံချဲ့စက် များဖြင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စျေးအရာရှိ ဦးအောင်ကျော်ထံမှ သိရသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

သိန်းမြင့်ကျော်(မိတ္ထီလာ)

Leave A Reply

Your email address will not be published.

error: Content is protected !!