Latest Breaking News & Headlines

Covid-19 ရောဂါ ပြည်တွင်းကူးစက်မှု အဖြစ်များနေခြင်းကြောင့် အရေးပေါ်ကိစ္စမှအပ ခရီးသွားလာခြင်းမပြုရန်ညွှန်ကြားချက်ထုတ်…

150

Covid-19 ရောဂါသည် ပြည်တွင်းကူးစက်မှုအဖြစ် အဖြစ်များနေခြင်းကြောင့် အရေးပေါ်ကိစ္စမှအပ ခရီးသွားလာခြင်းမပြုကြရန်နှင့် မဖြစ်မနေခရီးသွားလာရမည်ဆိုပါကလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ဆိုင်ရာ အမိန့်ညွှန်ကြားချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ကြရန် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ပြည်သူများသို့ အသိပေးပန်ကြားချက် စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် ပြည်ပသို့ ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှုအဖြစ် သုံးသပ်ရသော COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာများအား ၁၆-၈-၂၀၂၀ ရက်နေ့၌ ထပ်မံတွေ့ရှိခဲ့ရာ ၁၀-၉-၂၀၂၀ ရက်နေ့ အထိ တစ်နိုင်ငံလုံးတွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူအရေအတွက်မှာ အဆိုပါနေ့ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးတွင် ၇၃၆ ဦး၊ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၈၉၉ ဦး၊ စုစုပေါင်း ၁၆၃၅ ဦးရှိခဲ့ပြီး ယင်းတို့အနက် ၈ ဦးမှာ သေဆုံးခဲ့သည်။

သို့ဖြစ်ပါ၍ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား အချိန်မီ တားဆီးထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အခြားအရေးပေါ်ကိစ္စရပ်များမှအပ ပြည်တွင်း ခရီးသွားလာခြင်းကို မပြုကြပါရန်နှင့် မဖြစ်မနေ ခရီးသွားရောက်ရန်ရှိပါကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက်နှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြပါရန် ပန်ကြားအပ်ပါသည်ဟု အသိပေးထုတ်ပြန်ထားသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!