Latest Breaking News & Headlines

မိတ္ထီလာမှ ကိုဗစ်၁၉ ရောဂါပိုးတွေ့လူနာ ၄ ဦးပါရှိကြောင်း သိရှိပြီးနောက် ဒေသန္တရတားမြစ်မိန့်ထုတ်ပြန်ကြေညာထား…

395

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကစက်တင်ဘာလ ၉ ရက်နေ့အတွက်ထုတ်ပြန်ခဲ့သောကိုဗစ်၁၉ရောဂါပိုးတွေ့လူနာစာရင်း တွင် မိတ္ထီလာမြို့မှ၄ ဦးပါဝင်ကြောင်းသိရှိပြီးနောက် မြို့နယ်ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်ထုတ်ပြန်ရေးကော်မတီက ဒေသန္တရတားမြစ်မိန့်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

အဆိုပါဒေသန္တရတားမြစ်မိန့်ထုတ်ပြန်ကြေညာချက်တွင် မိတ္ထီလာမြို့နယ်အခြေပြုပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများအားလုံး စက်တင်ဘာလ ၁ဝ ရက်နေ့မှစ၍ရပ်နားထားရန်၊ မြို့နယ်အတွင်းမရှိမဖြစ်သော စားသောက် ကုန်ရောင်းချသည့်လုပ်ငန်းများ ၊ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းများ ၊ ဆေးဝါးပစ္စည်းအရောင်းဆိုင်များ ၊ပုဂ္ဂလိကဆေးရုံဆေးခန်းများ ၊ စက်သုံးဆီအရောင်းဆိုင်များ ၊ ဘဏ်များ စသည့်လုပ်ငန်းများမှအပ ကျန်လုပ်ငန်းများအားလုံး

စက်တင်ဘာလ ၁ဝ ရက်နေ့နံနက် ၄ နာရီအချိန်ကစ၍ ဖွင့်လှစ်ခြင်းမပြုရန် ၊ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ၊ လက်ဘက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့်မရောင်းချဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ၊ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ထွက်ခွာခြင်းမပြုရန် ၊ အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း Maskကို စနစ်တကျလုံခြုံစွာတပ်ဆင်ကြရန် နှင့် လူတစ်ဦးနှင့်တစ်ဦး Social Distancing အတိုင်းလိုက်နာနေထိုင်ကြရန်တို့ပါဝင်သည်။

အဆိုပါတားမြစ်ထုတ်ပြန်ကြေညာချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါကတည်ဆဲဥပဒေများနှင့်အညီထိရောက်စွာအရေးယူသွားမည်ဖြစ်ပြီး အဆိုပါတားမြစ်ထုတ်ပြန်ကြေညာချက်ကို မြို့နယ်အတွင်းကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာစေရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခြင်းရှိမရှိ စစ်ဆေးနိုင်ရန်အတွက် သက်ဆိုင်ရာ Quaratine Centre များတွင် Quaratine ဝင်ရောက်နေသူအမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၅ ဦးတို့၏ ဓါတ်ခွဲနမူနာများကိုစက်တင်ဘာလ ၈ ရက်နေ့က စစ်ဆေးနိုင်ရန်ပေးပို့ခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့တွင်မိတ္ထီလာမြို့နယ်မှ ပိုးတွေ့လူနာ ၄ ဦးတွေ့ရှိကြောင်းသိရှိပြီးနောက် ယခုကဲ့သို့ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိုဗစ်၁၉ ပိုးတွေ့လူနာ ၄ ဦးမှာအောင်ဇေယျာအထက(ခွဲ) Quaratine Centre မှ အမျိုးသားတစ်ဦး ( ၃၃ နှစ် ) ၊ အမျိုးသမီးတစ်ဦး(၃ဝ)နှစ် ၊ ကလေး(မ) (၆) နှစ် တစ်ဦး နှင့် ရေဝေ(အထက) Quaratine Centre မှ အမျိုးသားတစ်ဦး ( ၅၂နှစ် ) တစ်ဦးတို့ဖြစ်သည်။

အဆိုပါ ကိုဗစ်၁၉ ပိုးတွေ့လူနာ ၄ ဦးအား စက်တင်ဘာလ ၉ ရက်နေ့ညက သက်ဆိုင်ရာ Quaratine Centre များမှမိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံသို့ တာဝန်ရှိသူများ ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ဒေသခံပရဟိတ လူမှုရေးအသင်းအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်ပို့ဆောင်ထားရှိခဲ့ပြီး ၄င်းတို့နှင့် ဆက်စပ်ထိတွေ့သူများရှိမရှိဖြစ်စဉ်များကို တာဝန်ရှိသူများက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည် ။

ချမ်းသာ ( ပြန်/ဆက်)

Leave A Reply

Your email address will not be published.

error: Content is protected !!