Latest Breaking News & Headlines

ရွေးကောက်ပွဲအကြို ကိုဗစ်ကာကွယ်ရေး…

70

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေစချိန်၊ ကိုဗစ်ပိုးတွေ့နှုန်း အလွန်မြင့်တက်နေတာမို့၊ မဲဆွယ်ပွဲကာလမှာ လူစုလူဝေး မဖြစ်အောင်အပြင် အခြားကာကွယ်ရေးတွေ ပိုတိုးမြှင့်လုပ်ဆောင်ဖို့ လိုနေပါတယ်။

အထူးသဖြင့် လူနေထူထပ်တဲ့ ရန်ကုန်မှာ ကူးစက်မူ ရုတ်တရက်မြင့်မားလာပြီး ပိုးတွေ့သူ အများဆုံးပြန်ဖြစ်ကာ၊ သေဆုံးမူပါ စလိုက်လာတဲ့သဘောဖြစ်ပြီး၊ ဆေးဝန်ထမ်းတချို့လည်း ပိုးကူးခံလာရတာကြောင့်၊ ကာကွယ်ရေးတွေ ပိုတိုးမြှင့်လုပ်ဆောင်ဖို့ အရေးကြီးနေပါတယ်။ ဒါ့အပြင် တနိုင်ငံလုံးမှာလည်း မဲဆွဲပွဲတွေထဲ၊ လူ (၅၀) ထက် ပိုမစုရအမိန့်နဲ့အတူ၊ Mask (ပါးစပ်နဲ့နှာခေါင်းစည်း) တပ်ကာ၊ ခပ်ခွာခွာနေဖို့ (Social Distancing) တွေကို အားလုံးလိုက်နာဖို့ အထူးလိုနေပါတယ်။ အကြောင်းက လူစုတဲ့သဘာဝအရ ထိန်းရခက်လေ့ရှိပြီး၊ သတ်မှတ်ထားတာထက် ပိုသွားတတ်လို့ပါ။ ဒါ့အပြင် ပိုးတွေ့မူမြင့်မားလာနေချိန် ရောဂါလက္ခဏာမရှိဘဲ ပိုးရှိတာတွေ့ခဲ့သူနဲ့၊ လူအုပ်ထဲက တစ်ဦးဦးနဲ့ ထိစပ်မူရှိခဲ့လျှင်၊ ဒီလူအုပ်ထဲ ထိတွေ့သူတွေဆက်ဖြစ်သွားပြီး၊ နောက် အရင်ထိတွေ့ခဲ့သူ အများအပြားကိုပါ ခြေရာခံပြန်လိုက် (Contact Tracing) ကာ၊ Quarantine (အသွားအလာကန့်သတ်တာ) လုပ်ရမယ့် လူအုပ်စုကြီးတွေ ပေါ်ထွက်လာနိုင်တာကြောင့်၊ နောက်ဆုံးရွေးကောက်ပွဲ ကျင်းပတဲ့အချိန်ရောက်လျှင်၊ မဲပေးရခက်တဲ့အထိ၊ အခြေအနေတွေ အများကြီးပိုဆိုးသွားမှာ၊ စိုးရိမ်ရလို့ပါ။ ဒါကြောင့် ဒီမဲဆွယ်ပွဲထဲ ပါဝင်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ မဲဆွယ်ပွဲဆိုင်ရာ စည်းကမ်းတွေကို အတိအကျ ပိုတိုးမြှင့်လိုက်နာဖို့ အလွန်အရေးကြီးနေပါတယ်။

အခုလိုအချိန်မှာ ကူးစက်မူမြင့်မားစေနိုင်တဲ့ စားသောက်ဆိုင်ထိုင်စားတာကိုလည်း လူနေထူထပ်တဲ့ ရန်ကုန်နဲ့ မန္တလေးမှာ ပိတ်ပင်လိုက်ပြီး၊ ပါဆယ်စနစ်နဲ့ ပြန်ကန့်သတ်လိုက်တာက၊ ကူးစက်မူကို လျော့ပါးစေနိုင်ပါတယ်။ အကြောင်းက ဆိုင်ခန်းထဲ ထိုင်စားသောက်လျှင်၊ Mask ကို ချွတ်ထားရတာမို့ ဆိုင်ဝန်ထမ်း၊ မိမိနဲ့အတူထိုင်စားသူတွေထံမှ (ပလပ်စတစ်ကာထားသော်လည်း)၊ အရင်ထက် ပိုကူးစက်မူ အားကောင်းနေတဲ့ပိုး၊ ကူးစက်ဖို့ ပိုလွယ်ကူလာနေလို့ပါ။ ဒါပေမဲ့ ဆိုင်တွေအနေနဲ့ ဒါကို လက်တွေ့လိုက်နာဖို့ အရေးကြီးတာမို့၊ နောက်ကနေ ကြပ်မတ် ကွပ်ကဲပေးဖို့ပါ လိုအပ်လာနေပါတယ်။ ဒီနေရာမှာ လူထုကိုယ်တိုင် တကယ်လိုက်နာလျှင်တော့၊ အရင်စစချင်း မတ်၊ ဧပြီလတွေမှာ ပိုးမြင့်တက်ခဲ့ပြီးတုံးကလိုပဲ၊ အခုလည်း ထိရောက်နိုင်ကာ၊ ရောဂါကူးစက်နှုန်း ပြန်ကျသွားနိုင်ပါတယ်။

လက်ရှိမှာ ကိုဗစ်ပိုးတွေ့နှုန်း အလွန်တိုးပွားလာတာကြောင့်၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဆေးရုံ၊ ဆေးခန်း ကျန်းမာရေးစောင့်ရှောက်မူ စနစ်အေပါ် ထိခိုက်မူ စရှိလာနေပါတယ်။ အထူးသဖြင့် ပိုးတွေ့လူနာများလာတာကို လက်ခံကုသပေးဖို့၊ ကျန်းမာရေးဝန်ထမ်း အင်အားတွေ ခွဲထုတ်ပေးရပါတယ်။ ဒါ့အပြင် ယခင် ပုံမှန်ကုသမူပေးနေရတာတချို.၊ ဥပမာ အရေးပေါ်မဟုတ်တဲ့ ခွဲစိတ်မူတွေ ရပ်ထားရတာ၊ ကင်ဆာလူနာကုသမူ ရပ်ထားရတာနဲ့ ပြင်ပလူနာကြည့်တာကို လျော့ချထားရတာမျိုးတွေကို၊ ကိုဗစ်အတွက် ဆေးရုံနေရာဦးစားပေးဖို့ လုပ်ထားရပါတယ်။ ဒီနေရာမှာ လက်ရှိဆေးရုံရဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မူ ပမာဏထက်၊ ကိုဗစ်ပိုးတွေ့ရှိမူ ကျော်တက်ပြီး ထိန်းသိမ်းရခက်ခဲ့တဲ့ အနေအထားမရောက်အောင်၊ ပိုးတွေ့မူဂရပ်မျဉ်း မတ်မတ်ထောင်တက်နေတာကို ပြန်လျော့ချ ဂရပ်မျဉ်းလဲသွားအောင် (Flattening the Curve) လုပ်ဖို့ လိုလာပါတယ်။ သို့မဟုတ်ပါက၊ ရတ်တရက် ပိုးတွေ့နှုန်း ထောင်တက်ခဲ့တဲ့ အီတလီနဲ့ အမေရိကန်က ဒေသတချို့မှာလို၊ ဆေးရုံတွေ မနိုင်မနင်းဖြစ်ပြီး သေဆုံးမူ များသွားနိုင်ပါတယ်။ အခုလို ပိုးတွေ့မူ ရုတ်တရက် ထောင်မတက်အောင်၊ ပြည်သူတွေရဲ့ ကာကွယ်အားနဲ့သာ လုပ်ဆောင်နိုင်မှာမို့၊ ပုံမှန်ကာကွယ်ရေးတွေဖြစ်တဲ့ အိမ်မှာပဲနေတာ (Stay Home)၊ Mask (ပါးစပ်နဲ့နှာခေါင်းစည်း) တပ်တာ၊ လက်ဆေးတာ၊ ၆ ပေ ခွာနေတာ (Social Distancing) တွေ ပိုတိုးမြှင့်ဆက်လုပ်သွားဖို့ အထူးအရေးကြီးနေပါတယ်။ အခုလို ပြည်သူက ကာကွယ်ရေး ဝိုင်းလုပ်ပေးနိုင်လျှင် လက်ရှိထောင်တက်နေတဲ့ ပိုးတွေ့လူနာအရေအတွက်က တဖြည်းဖြည်းချင်း ပြန်ကျသွားမှာပါ။

ကျန်းမာရေးဝန်ထမ်းတွေ ပိုလိုလာချိန်မှာ၊ ဒီဝန်ထမ်းတချို.လည်း ပိုးကူးစက်တာ စခံလာရတာမို့၊ နောက်ထပ် ကျန်းမာရေးဝန်ထမ်းအများအပြား ပိုးကူးစက်မခံရဖို့ အထူးအရေးကြီးလာပြန်ပါတယ်။ ဒါကြောင့် ဆေးရုံဝန်ထမ်းတွေအားလုံး၊ ဆေးရုံထဲမှာ PPE (တကိုယ်ရည်အကာအကွယ်ပစ္စည်း) အဆင့် ၂ (Level 2) ကို မြှင့်တင်ပြီး အမြဲဝတ်ဖို့ လိုလာပါပြီ။ ဒီအဆင့်မှာ N-95 နှာခေါင်းစည်း၊ ခွဲစိတ်ဝတ်စုံ (Surgical Gown)၊ လက်အိပ် (Glove) နဲ့ မျက်နှာအကာ (Face Shield) တွေပါဝင်ပါတယ်။ ဒါ့အပြင် အရေးပေါ်နဲ့ မေ့ဆေးဌာနမှာကဲ့သို့၊ လူနာမျက်နှာနဲ့ အနီးကပ်ထိတွေ့လုပ်ပေးရတဲ့ အနေအထား (ဥပမာ အသက်ရူပိုက်ထည့်ပေးခြင်း) မျိုးမှာတော့၊ နောက်တစ်ဆင့်အဖြစ် PPE အဆင့် ၃ ကို မြှင့်တင်ဝတ်ဖို့ အရေးကြီးပါတယ်။ ဒီ PPE ဝတ်တာတွေကို အသေအချာဖြစ်အောင်၊ ဘေးကနေ ကြပ်မတ်ပြင်ဆင်ပေးဖို့ လုပ်ငန်းစဉ်ကိုလည်း စလုပ်နေပါပြီ။

ဒါ့အပြင် ကိုယ်ပိုင်ဆေးခန်း (GP) တွေမှာလည်း၊ အခြားရောဂါတွေနဲ့ လာပြသူတွေ ကူးစက်မူမဖြစ်ရအောင်၊ စနစ်တကျစီမံဖို့လည်း အရေးကြီးနေပါတယ်။ လူတွေစုမိပြီး ကူးစက်တာမဖြစ်ရအောင် လူနာတွေကို တစ်ဦးချင်းသာ ဆေးခန်း အချိန်ခြားလာဖို့၊ Appointment စနစ် (ဆေးခန်းပြချိန်ကြိုယူတာ) လုပ်ဖို့ လိုလာပြီး၊ လာတဲ့လူနာ အရေအတွက်ကိုလည်း အတတ်နိုင်ဆုံး လျော့ချသင့်ပါတယ်။ လူနာကြည့်ချိန်ကိုလည်း အတိုဆုံးဖြစ်အောင် လိုအပ်တာတွေကို မြန်မြန်နဲ့မှန်မှန် အချိန်မဆွဲဘဲ လုပ်သင့်ပါတယ်။ အကြောင်းက အခြားသူနဲ့ထိတွေ့တာကြာလေလေ၊ ကူးစက်ဖို့ များလေလေမို့ပါ။ လူနာရာဇဝင် မေးတာမှာ ခပ်ခွာခွာကနေ မေးပြီး၊ လူနာစမ်းသပ်ချိန်မှာတော့ ကာကွယ်ရေးပစ္စည်းတွ အပြည့်အဝ ဝတ်သင့်ပါတယ်။ ဒီနေရာမှာ လက်အိပ်ကိုတော့ လူနာတစ်ဦးအတွက် တစ်ခုသပ်သပ်ပြောင်းသုံးသင့်ပါတယ်။ အကြောင်းက လူနာတစ်ဦးမှာ ပိုးရှိနေလျှင် နောက်တစ်ဦးကို လက်အိပ်က တစ်ဆင့်ဆက်ကူးတာ (Cross-Infection) မဖြစ်စေဖို့ပါ။ အကယ်၍ လက်အိပ်လဲသုံးဖို့ မဖြစ်နိုင်လျှင်လည်း၊ လူနာတစ်ဦးပြီးတိုင်း လက်အိပ်ကို လက်ဆေးဆေးရည် (Hand Sanitizer/ Hand Gel) နဲ့ ပြန်ဆေးပေးသင့်ပါတယ်။

နောက်ဆုံးအရေးကြီးတာကတော့ လူစုလူဝေးရှောင်ပေးဖို့ပါ။ အခုလို ပိုးကူးစက်နှုန်း ရုတ်တရက် အများကြီးများလာချိန်မှာ၊ မိမိအိမ်အပြင်ဖက်ရောက်လျှင် မိမိအနားက လူတိုင်းမှာ ပိုးရှိကောင်းရှိနေနိုင်ကာ၊ လူစုလူဝေးထဲဆို ပိုကူးစက်နိုင်ခြေ များလွန်းသွားလို့ပါ။ ပိုအရေးကြီးလာတာက လက်ရှိကူးစက်နှုန်းက ယခင်ကူးစက်မူအစပိုင်း မတ်လ၊ ဧပြီလတုံးကထက် မြန်လွန်းအားကြီးနေတာမို့၊ ပိုလူစုလူဝေးရှောင်ဖို့ လိုလာပါတယ်။ ဒါကြောင့် အရင်လုပ်ခဲ့ဖူးပြီး အထိရောက်ဆုံးဖြစ်ခဲ့တဲ့၊ အိမ်မှာပဲနေတာ (Home Stay) ကို ပိုအရှိန်မြှင့်လုပ်ဆောင်ဖို့ အထူးအရေးကြီးနေပါပြီ။ ပြီးခဲ့တဲ့ သင်္ကြန်ကာလတလျှောက် အားလပ်ရက်လည်း ဖြစ်တာမို့၊ အများစု အိမ်ထဲမှာပဲအဓိကနေ၊ လမ်းတွေမှာခြောက်ကပ်သွားခဲ့တဲ့ အရင်လိုအချိန်မျိုး ပြန်ယူပေးနိုင်လျှင်၊ အရင်လိုပဲ ပိုးတွေ့တာလည်း မကြာခင် ပြန်ကျသွားနိုင်ပါတယ်။

ဒီအကြောင်းပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်းက ရန်ကုန် ဆေးရုံကြီးအရေးပေါ်ဌာနရဲ့ ပါမောက္ခ ဌာနမှုး ဒေါက်တာမော်မော်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!