Latest Breaking News & Headlines

ကိုဗစ်ကူးစက်သူ နောက်ထပ် ၈၂ ဦး ဓါတ်ခွဲအတည်ပြု…

112

မြန်မာနိုင်ငံတွင်း တိုင်းဒေသကြီး ၃ ခုနဲ့ ပြည်နယ် ၂ ခုတို့က ဓာတ်ခွဲနမူနာပေါင်း ၁,၂၂၆ ခုတို့ကို စစ်ဆေးပြီးစီးခဲ့တာမှာ COVID-19 ရောဂါကူးစက်သူ နောက်ထပ် ၈၂ ဦး တွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

ဒါကြောင့် အခုချိန်ထိဆိုရင် ကိုဗစ်ရောဂါ ကူးစက်သူပေါင်း ၁,၈၈၉ ဦး ရှိသွားပြီဖြစ်ပြီး သေဆုံးသူက ၁၂ ဦးရှိပါတယ်။

ဒီကနေ့ထုတ်ပြန်တဲ့ ၈၂ ဦးထဲမှာ ရခိုင်ပြည်နယ်က ၄၄ ဦးနဲ့ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းက အယောက် ၃၀၊ မွန်ပြည်နယ်က ၄ ဦး၊ မန္တလေးတိုင်းက ၃ ဦးနဲ့ ဧရာဝတီတိုင်းက ၁ ဦး ပါဝင်ပါတယ်။

၈၂ ဦးထဲမှာ ၅ ဦးဟာ ရခိုင်ပြည်နယ် ခရီးသွားရာဇဝင်ရှိတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးမှာ အသွားအလာ ကန့်သတ်ထားသူတွေဖြစ်ပြီး ကျန်တဲ့ အသေးစိတ်အချက်အလက်တွေကို ထပ်ပြီး ထုတ်ပြန်သွားမယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ နေပြည်တော်၊ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ ရောက်သွားကြသူတွေ သက်ဆိုင်ရာ တာဝန်ရှိတဲ့ဌာန၊ အဖွဲ့အစည်းတွေနဲ့ နီးစပ်ရာကျန်းမာရေးဌာနတွေကို ဒီလ ၁၁ ရက်၊ သောကြာနေ့ နောက်ဆုံးထားပြီး ကိုယ်တိုင် မပျက်မကွက် သတင်းပို့ကြဖို့ COVID-19 ကာကွယ်ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီက စက်တင်ဘာလ ၈ ရက်နေ့စွဲနဲ့ ပန်ကြားချက်တစောင် ထုတ်ပြန်ထားပါတယ်။

ကာယကံရှင် ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ကာယကံရှင် ဘယ်သူဆိုတာကို သိလျက်နဲ့ ဖုံးကွယ်ထားသူတွေပဲဖြစ်ဖြစ် အဲဒီသတ်မှတ်ရက် နောက်ဆုံးထားပြီး သတင်းပို့ဖို့ ပျက်ကွက်တယ်ဆိုတာ တွေ့ရှိရရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမယ်လို့ အသိပေးထားပါတယ်။

သြဂုတ်လ ၁၀ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်ကနေ ရန်ကုန်တိုင်းဒေသကြီးကို လေယာဉ်နဲ့ ရောက်လာသူ ၅,၄၀၉ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီထဲက ၂,၆၂၂ ဦးကို ကျန်းမာရေးဌာနက တယ်လီဖုန်းနဲ့ ဆက်သွယ်ရရှိခဲ့ပြီး အဲဒီလူတွေထဲက ၁,၅၇၄ ဦးပဲ သက်ဆိုင်ရာဌာနတွေကို သတင်းပေးပို့ခဲ့ပြီးတော့ ကျန်တဲ့လူတွေဟာ အဆက်အသွယ်မရတာ၊ သတင်းပေးပို့တာမျိုး မရှိခဲ့တာကို တွေ့ရတယ်လို့ ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#TH

Leave A Reply

Your email address will not be published.

error: Content is protected !!