Latest Breaking News & Headlines

မြန်မာမှာ ကိုဗစ်ကြောင့် ၂ ဦးထပ်သေ၊ ကူးစက်သူ ၉၈ ဦး ထပ်တိုး…

174

မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၉ ရက်နေ့ မနက် ၈ နာရီ ထုတ်ပြန်ချက်အရ COVID-19 ဓါတ်ခွဲ အတည်ပြု လူနာ နောက်ထပ် ၁၀၀ နီးပါး ထပ်မံ တွေ့ရှိ ခဲ့ ပါတယ်။စက်တင်ဘာလ ၈ ရက်နေ့အတွက် ဓါတ်ခွဲ နမူနာ စုစုပေါင်း ၃၃၁၇ ကို စစ်ဆေးခဲ့ရာက နောက်ထပ် ရောဂါ ကူးစက်ခံရသူ အတည်ပြု လူနာ ၉၈ ဦးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ် ဓါတ်ခွဲ အတည်ပြု လူနာ ၂ ဦး သေဆုံးခဲ့တယ်လို့လည်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သေဆုံးသူတွေက အသက် ၅၁ နှစ်အရွယ် အမျိုးသား တစ်ဦးနဲ့ ၅၇ နှစ်အရွယ် အမျိုးသမီး တစ်ဦး ဖြစ်ပြီး ဝေဘာဂီ အထူးကု ဆေးရုံနဲ့ သင်္ကန်းကျွန်း ပြည်သူ့ ဆေးရုံကြီးတို့မှာ ဆေးကုသမှု ခံယူနေရင်း သေဆုံးခဲ့တာဖြစ်ပါတယ်။နောက်ထပ် တွေ့ရှိတဲ့ အတည်ပြုလူနာတွေကတော့ ရန်ကုန်တိုင်းအတွင်း သင်္ကန်းကျွန်းမြို့နယ်က ၇၃ ဦး အပါအဝင် ၉၃ ဦးနဲ့ ပဲခူးတိုင်းက ၂ ဦး၊ ရခိုင်နဲ့ ကချင်ပြည်နယ်က တစ်ဦးစီနဲ့ နေပြည်တော်က တစ်ဦး ပါဝင် ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ မတ်လ နှောင်းပိုင်းကစလို့ စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းအထိ ဓါတ်ခွဲ နမူနာ စစ်ဆေးမှု စုစုပေါင်း ၁၈၀,၀၀၀ နီးပါး ပြုလုပ်ခဲ့တဲ့အထဲ အတည်ပြု လူနာ ၁၈၀၇ ဦး တွေ့ရှိခဲ့ တာ ဖြစ်ပါတယ်။ အဲဒီအထဲ သေဆုံးသူက ၁၂ ဦး ရှိပြီလို့လည်း ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြု ကြေညာ ထားပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!